ကထူးဆန္းSeptember 29, 20131min39628
ရှလွတ် ရှလွတ် ရှလောက်ရှလောက် ရှလွတ် ရှလွတ် ရှလောက်ရှလောက် နားထဲတွင် ဖိနပ်ပွတ်သတ်လမ်းလျှောက်သံများက သောသောညံနေသည် ။ အမိုးနိမ့်သော အသံလုံသော နေရာမို့ လမ်းလျှောက်သံများက ပဲ့တင်သံဖြင့် ညံနေသည် ။ လမ်းလျှောက်ဘဲ လျှောက်နိုင်လွန်းလိုက်ကြတာ ဟု ပစ်တင်ငြူစူမိသည်။ အဲ့ဒီ့ အသံတွေ ပျောက်အောင် ငါ ဘာကို အာရုံပြုထားရင်ကောင်းမလဲ တွေးလိုက်မိသည် ။ ဘုရားဂုဏ်တော်ဘဲ အာရုံပြုရမလား ၊ အန္တရာယ်ရှင်းဂါထာဘဲ ရွတ်ရင်ကောင်းမလား တွေးမိပြီးတစ်ဦးထဲ ပြုံးလိုက်မိသည်။ အာရုံပြုရအောင် ရွတ်ရအောင် မိမိဘာမှ မရ ။ ကိုယ်ကောင်းရင်ပြီးတာဘဲ ဘုရားစကားနားထောင်ရင်ပြီးတာဘဲ ။ ဘာ ဂါထာမှ ရွတ်စရာ မလိုပါဘူးဟု တစ်သက်လုံး နေလာပြီး အခု အရေးပေါ်တော့မှ ကြည့်စမ်း ၊ ဘုရားအားကိုးပြီး […]