Ma MaJuly 21, 20132min58872
ဒုတိယအကြိမ်တွေ့ဆုံပွဲလုပ်ဖို့ ရက်ရွေးတော့ ပိတ်ရက်တွေ ဒီလောက်ဆက်နေမှန်း သတိမထားမိဘူး။   ပိတ်ရက်များရင် ကိစ္စများတတ်တာမို့ စကတည်းက ပွဲကိုလာခဲ့မယ်လို့ မပြောရဲခဲ့ဘူး။   ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာမှ ဇာတိကိုပြန်ဖို့ ဖြစ်လာတယ်။   မိသားစုနဲ့အတူ မိတ်ဆွေတွေပါ စုပြီးသွားကြမှာမို့ မဖြစ်မနေ လိုက်သွားခဲ့ရတယ်။ လွဲသွားပြီပေ့ါ ပွဲကြီးပွဲကောင်း။ 🙁   ပွဲနဲ့လွဲခဲ့တဲ့အတူတူ သွားခဲ့တဲ့လမ်းတစ်လျှောက် ဓာတ်ပုံတွေ ရိုက်ပြီး ရွာထဲပြန်တင်မယ်လို့ မောင်းတင်သွားခဲ့တယ်။ 😀   ဖြစ်ချင်တော့ သယ်စရာတွေများလို့ ကင်မရာကို ထည့်ပြီးမှ ပြန်ထုတ်ခဲ့ရတယ်။ ထုံးစံအတိုင်း Sony Ericsson ဖုံးကင်မရာလေးနဲ့ပဲ နှစ်ပါးသွားခဲ့တာလေးတွေကို မချစ်သော်လည်း အောင့်ခါနမ်းရတော့တာပဲပေ့ါ။   အခုသွားခဲ့တဲ့ ရွာကလေးက ဟိုအရင် ရွာသူားတွေ စုပေါင်းပြီး သွားခဲ့တဲ့ အစုကြီးရွာထက်ကို […]