Swal Taw YwetOctober 3, 20131min60025
မန္တလေးဂဇက် ရွာသူား အားလုံး မင်္ဂလာပါ။ ရွှင်လန်းချမ်းမြေ့ကြပါစေနော… ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ၂၉၊၉၊၂၀၁၃ မနက်ပိုင်းက ကျနော် စွယ်တော်ရွက် ဖြစ်ချင်နေခဲ့တဲ့ ရွာ့ကွပ်ပျစ်ကလေး အသက်ဝင် လှုပ်ရှားခဲ့ပါပြီ။ ရွာသူား တွေ တွေ့ဆုံမယ့် ပွဲအတွက် ၂၈ ရက်နေ့ ညနေပိုင်းကတည်းက စိတ်လှုပ်ရှားစွာဖြင့် ပြင်ဆင်ခဲ့ရတာပါ။ ကျနော့်စာသင်ခန်းက စားပွဲ ကုလားထိုင်တွေ ဖယ်ပစ်ပြီး ကြမ်းပြင်ပေါ် ပလပ်စတစ်ဖျာတွေခင်း၊ ဒူးတိုက်ဆွေးနွေးပွဲလုပ်မယ်ပေါ့။ ဝှိုက်ဘုတ်မှာ တစ်ခုခု ရေးဖို့ လိုနေတဲ့ ဟာကွက်ကြီးကိုလည်း သိနေတယ်။ အခုတစ်လော အသုံးများနေသလို “တွေ့ဆုံပွဲ” လို့ပဲ ရေးရမလား၊ “ဆွေးနွေးပွဲ” လို့ပဲ ရေးရမလားပေါ့။ ဦးကြီးမိုက် ကြိုတင်စစ်ဆေးလိုအပ်သည်များလမ်းညွှန်မှာကြားဘို့ ရောက်လာတော့ တိုင်ပင်မိရော.. တစ်ခုခု ရေးကြရအောင်လို့လေ.. စွယ်တော်ရွက်ဆီမှာ တစ်ပိုင်းတစ်စ ရှိနေတဲ့ ကဗျာ […]