ကျွန်ုပ်သည်… စုံထောက်ကျော်ဘဝမှ ဝတ္တုရေးသားသူ၏ အလုပ်ဖြုတ်ခံရမှုဖြင့် အလုပ်မရှိအကိုင်မရှိ ဖြစ်ကာ ရွာပြန်လာခဲ့လေတော့သည်။ ရွာအဝင် လမ်းကလေး အား ငေးမောကာ လမ်းလျှောက်လာစဉ် ခေါင်းငိုက်စိုက်ငိုက်စိုက်ဖြင့်လမ်းလျှောက်လာသော ရွာသားရွှေတိုက်စိုးအား တွေ.ရသောအခါ ကျွန်ုပ်မှာ အားရဝမ်းသာ လှမ်းအော်နှုတ်ဆက်လိုက်သည်……ဟေ့ ရွှေတိုက်စိုးကြီးးးးးးးးး နေကောင်းလားဗျ….. ရွှေတိုက်စိုး။ ။အင်းနေကောင်းပါတယ်ဗျာ…………… ဟင်းးးးးးးးးးး ကျွန်ုပ်။ ။ ဟ ကောင်းပါတယ်ဆိုပြီး ဘာလို.သက်ပြင်းရှည်ကြီးက ချရတာတုံးဗျ… ရွှေတိုက်စိုး။ ။မပြောချင်ပါဘူးဗျာ… ကျွန်ုပ်။ ။ ဟာဗျာ ခင်ဗျားကလဲ လုပ်တော့မယ်…ပြောပြစမ်းပါဗျ ကျုပ်ကလဲ စုံထောက်ဆိုတော့ စပ်စုတာကို အထုံပါတယ်ထင်ပဗျာ.. လုပ်ပါဗျ.. ရွှေတိုက်စိုး။ ။ဒီလိုဗျ..ရွာထဲ အရင်လိုမဟုတ်တော့ဘူး… ကျွန်ုပ်။ ။ ဟေ ဘာတွေဖြစ်လို.လဲ… ရွှေတိုက်စိုး။ ။ အင်းပြောရမှာလဲ မကောင်းဘူးဗျ..ခင်ဗျားလဲ ဒီရွာသားပဲလေ..သိသင်တယ်ထင်လို.ပြောရတော့မှာပဲ.. ဒီလိုဗျ အခုရွာထဲမှာ […]