စဆရ ႀကီးSeptember 26, 20131min42014
“သိပ်ကြောက်သွားသလားမမြဝင်း… မကြောက်ပါနဲ့ကွယ်.. ကိုရင်စိုင်း ရွာထဲက ပျောက်နေတယ်ဆိုတာ ပြန်ပေးဆွဲခံသွားရလို့ပါ” “ဟင်” တစ်ညှိုးကြီးပဲ.. ကိုရင်စိုင်းနှုတ်မှ ထွက်သွားသည်ကိုလဲ သိသည်။ ကြားလဲ ကြားနေရသည်။ ငါကိုယ်တိုင်လဲ မပြောမိပါလားဟု စိတ်ထဲမှ ထင်နေတုန်း ဖုန်းမှ ကလင်ကလင်ဟူသောမြည်သံကြောင့် ကိုရင်စိုင်းတစ်ယောက် အိမ်မက်မှ နိုးထလာရလေသည်။ ဘာလိုလိုနှင့် အိမ်မက်ထဲတွင်မတော့ ဗိုလ်ဒေါင်ဒင် ဖြစ်ခွင့်ရသေးသည်။ မနေ့က ဦး မကြီးမငယ်မိုက်ကြီး ရေးထားတာကို ဖတ်မိသဖြင့်ထင်။ စွဲမိစွဲရာ စွဲမိလေခြင်းဖြစ်သည်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ဆိုတော့ကာ… ဗိုလ်ဒေါင်ဒင်ဆိုတော့ မမြဝင်းကို သတိမရပဲ ကိုရင်စိုင်းငယ်ဘဝကို ပြေးသတိရမိပြန်လေတော့သည်။ ထိုစဉ်က ကိုရင်စိုင်းတစ်ယောက် သူငယ်တန်းဘဝက ဖြစ်မည်ထင်ပါ၏။ မြန်မာစာနှင့် မြန်မာစကားကို စသင်ကာစ၊ တွေ့သမျှ မြန်မာစာများ လိုက်ဖတ်ပြီး ဘာသာပြန်နေလေ့လဲရှိ၏။ စာပေကို ထိုစဉ်ကပင် စိတ်ဝင်စားသည်ဟု ဆိုရမည်ပင်။ […]