ဘိုလကြီး အပွင့်အများကြီး
“သိပ်ကြောက်သွားသလားမမြဝင်း… မကြောက်ပါနဲ့ကွယ်.. ကိုရင်စိုင်း ရွာထဲက ပျောက်နေတယ်ဆိုတာ ပြန်ပေးဆွဲခံသွားရလို့ပါ”
“ဟင်”
တစ်ညှိုးကြီးပဲ.. ကိုရင်စိုင်းနှုတ်မှ ထွက်သွားသည်ကိုလဲ သိသည်။ ကြားလဲ ကြားနေရသည်။ ငါကိုယ်တိုင်လဲ မပြောမိပါလားဟု စိတ်ထဲမှ ထင်နေတုန်း ဖုန်းမှ ကလင်ကလင်ဟူသောမြည်သံကြောင့် ကိုရင်စိုင်းတစ်ယောက် အိမ်မက်မှ နိုးထလာရလေသည်။ ဘာလိုလိုနှင့် အိမ်မက်ထဲတွင်မတော့ ဗိုလ်ဒေါင်ဒင် ဖြစ်ခွင့်ရသေးသည်။ မနေ့က ဦး မကြီးမငယ်မိုက်ကြီး ရေးထားတာကို ဖတ်မိသဖြင့်ထင်။ စွဲမိစွဲရာ စွဲမိလေခြင်းဖြစ်သည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဆိုတော့ကာ…
ဗိုလ်ဒေါင်ဒင်ဆိုတော့ မမြဝင်းကို သတိမရပဲ ကိုရင်စိုင်းငယ်ဘဝကို ပြေးသတိရမိပြန်လေတော့သည်။ ထိုစဉ်က ကိုရင်စိုင်းတစ်ယောက် သူငယ်တန်းဘဝက ဖြစ်မည်ထင်ပါ၏။ မြန်မာစာနှင့် မြန်မာစကားကို စသင်ကာစ၊ တွေ့သမျှ မြန်မာစာများ လိုက်ဖတ်ပြီး ဘာသာပြန်နေလေ့လဲရှိ၏။ စာပေကို ထိုစဉ်ကပင် စိတ်ဝင်စားသည်ဟု ဆိုရမည်ပင်။ ထိုခေတ်အခါများက သစ်ပင်ဖြတ်ပိုင်းဆိုရမည်လား၊ ဘာလားမသိသော၊ မည်သို့သော သစ်သားမှန်းမသိသော သစ်ပင် ပင်စည်ဖြတ်ပိုင်းများကို ဘုတ်ပြားများအနေနှင့်သုံးပြီး ပေါလစ်တင်ကာ ထိုအပေါ်တွင်မှ ရာထူး၊ အမည်၊ လုပ်ဖော်ကိုင်ဖက်အမည် (ဇနီး) အား ရေးထိုးကာ အိမ်ခန်းဝတွင် ခန့်ခန့်ညားညားကြီး ချိတ်ဆွဲသော အလေ့အထလဲ အတော်လေး ခေတ်စားခဲ့လေ၏။ ကိုရင်စိုင်း ခမည်းတော်လည်း အများနည်းတူ ထိုသို့ရေးထိုး မှတ်တမ်းတင်ထားလေ၏။ စိတ်နာစရာကောင်းသည်မှာတော့ သားသမီးများ နာမည်တော့ ရေးမထိုးထားပေ။ ယခုမှ တွေးပြီး စိတ်နာခြင်းလဲ ဖြစ်ပါ၏။ လိုရင်းကို ဆက်ရမည်ဆိုလျင် ကိုရင်စိုင်း ခမည်းတော်လဲ နာမည်မော်ကွန်းတင် ရေးသားပြီး အိမ်ပေါက်ဝတွင် ခန့်ခန့်ညားညားကြီး ထားလေသတည်းပေါ့။
စိတ်မကောင်းစရာတစ်ခုမှာ ထိုအချိန်တွင်မှ ကိုရင်စိုင်းတစ်ယောက် မြန်မာစာ စတင်လေ့လာသင်ယူနေချိန်ဖြစ်ရာ ထိုဆိုင်းဘုတ်ကြီးကို အခေါက်ခေါက်အခါခါ အလွတ်ရအောင် ပြန်ဖတ်မိနေလေ၏။
“ဗိုလ်ကြီးမျိုးမြင့်+ဒေါ်တင်တင်နွယ်”
ကိုရင်စိုင်းလဲ သေချာစာလုံးပေါင်းဖတ်၏။
ဗို… ဗို
လ်… လ
ကြီး…. ကြီး
စုစုပေါင်းတော့ ဗိုလကြီး
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကိုရင်စိုင်း အသံပြဲကြီးနှင့် အထပ်ထပ်အခါခါ ထိုနေရာမှ မတတ်နိုင်ပဲ အပြန်ပြန်အလှန်လှန် အော်ဆိုနေသည်ကို မာတာမိခင်မှ ကြားသွားပီး ခေါင်းကို ဒေါင်ကနဲ လာခေါက်၏။
“ဟဲ့… ပြန်ဆိုလိုက်စမ်း” ဟုဆိုလာသဖြင့် ကိုရင်စိုင်းလဲ သေချာ ပီသ ကြည်မြသောအသံပြဲကြီးဖြင့်
“ဗို
လ
ကြီး..”
မှာတင် ရပ်သွားပီး ခေါင်းကိုဒေါင်ကနဲ ခေါက်ခံရသဖြင့် ငိုသံပြဲကြီးဖြင့် သားဘာမှားလဲမေးရာ ဗိုလကြီးမဟုတ်ပဲ ဗိုကြီးဟု အသံထွက်ကြောင်းပြောသဖြင့် ကိုရင်စိုင်းတစ်ယောက်လဲ ဘာကြောင့် အဲ့ဒီ ဗိုလကြီးဆိုတာ ရေးထားရတာလဲ အထွန့်တက်သဖြင့် ဗိုက်ကျောပါ လိမ်ဆွဲခြင်းခံလိုက်ရသဖြင့် ဗိုကြီးဟုသာ ပြန်အော်ဆိုရတော့သည်။
ထိုကိစ္စ ထိုမျှနှင့်ပင် ပြီးသွားပါ၏။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကိုရင်စိုင်းတို့ ဘေးအိမ်တွင် ဘိုလကြီး ဘိုဝင်းဆိုသူမိသားစု နေထိုင်လေ၏။ သူတို့ထံတွင် ရတနာဆိုသော ကိုရင်စိုင်းတို့ထက် ၃ တန်းမျှကြီးသော သမီးလဲရှိ၏။ ကိုရင်စိုင်းတို့ ကလေးများကြားတွင်မတော့ သူကြီးဖြစ်လေ၏။ အတော်လေးလဲ ပျော်စရာကောင်းပါ၏။ ကလေးတို့ ဘာသာ ဘာဝပေမလား။ အတော်လေးလဲ ဗြောင်းဆန်အောင် ဆော့ခဲ့ပါ၏။
တစ်နေ့တွင်မတော့ ဘာအကြောင်းကြောင့်ရယ်မသိ၊ ကလေးများသူကြီးနှင့် ကိုရင်စိုင်းတို့ အခြေအတင်များကြပါ၏။ ထိုကလေးအများစုသည်ကား တိုက်ကြက်ကြီးသားသမီးများနှင့် ပဲလှော်သားသမီးများသာဖြစ်၏။ ဘိုလကြီးသားသမီးဆိုမှ ထိုသူကြီးနှင့် ကိုရင်စိုင်းတို့ မောင်နှမသာရှိ၏။
“ဟဲ့.. ငါ့အဖေက သုံးပွင့်ဟဲ့.. နင့်အဖေတွေက ဘာမို့တုန်း” အစချီသည့် ခုနှစ်သံချီသည့် အသံဖြင့် ကလေးများ၏သူကြီးမှ ကလေးများအား အနိုင်ယူလေ၏။
ကိုရင်စိုင်းလဲ မခံနိုင်တော့သဖြင့်ထင်… မကျေမချမ်းနိုင် ယခုလို ထအော်လိုက်တော့သည်..
“ဟိတ်.. ငါ့အဖေက လေးပွင့်ကွ၊ လေးပွင့်၊
တစ်ဖက်ကို နှစ်ပွင့်စီတင်ထားတာကွ.. ဗူးထဲက ကျန်တာတောင် ထုတ်မတပ်ရသေးဘူး”
ဟုပြောလိုက်တော့မှ မရတနာလဲ ဟုတ်နိုးနိုးနှင့် အသံတစ်ခါထဲ ပိတ်သွားတော့၏။
“အေး.. ဒါဆိုလဲ အိမ်ပြန်ရောက်မှ ငါ့အဖေ ဘယ်နှစ်ပွင့်ကျန်သေးလဲ မေးကြည့်မယ်” ဟု မကျေမချမ်းပြောကာ ထွက်သွားလေ၏။
ကိုရင်စိုင်းတစ်ယောက်မှာတော့ ကလေးများအကြား အပွင့်အများကြီးပိုင်သည့် ဖခမည်းတော် တစ်ယောက် ရထားသူအနေနှင့် အထင်တစ်ကြီး ကြည့်ရှုခြင်းကို ခံရပြီးသကာလ…
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ထိုစဉ်က ကလေးဘဝဖြစ်ပါ၏။
စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)
14 comments
KZ
September 26, 2013 at 10:41 am
အွန်။
ဟီးဟီးးးးး
ဘယ် ၂ ပွင့်ကျန်တုန်းးးး
စကားမစပ် နာ့ အဖေလည်း လူဂျီးနော်။
နာလည်း လူဂျီး တမီးပဲ။
😀
အလင်းဆက်
September 26, 2013 at 8:20 pm
ကျွန်တော်လည်း.. လူကြီးသားပဲ.ဗျ ။
ကျွန်တော့်အဖေက.. အသက် 60
:kwi:
kyeemite
September 26, 2013 at 11:30 am
ဗိုလကြီး သား ကိုရှုံးရေ..ဂုဏ်ယူလိုက်စမ်းဘာ
ကျုပ်ဆိုတဲ့ “ဦး မကြီးမငယ်မိုက်ကြီး”က တိုက်ကြက်ကြီးသားဗျ
ကျုပ်တို့တုန်းကတော့ ဗိုလကြီး သား သမီးဒွေနဲ့ ဆော့ဗူး…
တူဒို့က …င် ခေါင်းကျယ်လို့.. 😀
ဘာဖြစ်ဖြစ် စာရေးလာတာပဲ ဝမ်းသာပါ၏
တစ်ယောက်ထဲ ထိုင်လွမ်းနေမဲ့အစား
စာရေးပါလေ ချစ်မိတ်ဆွေ…
kai
September 26, 2013 at 1:05 pm
၈၈ စစ်အစိုးရတက်တော့.. ကျုပ်က စာပေတိုက်တခုမှာအလုပ်လုပ်နေသဗျ…
အဲဒါ.. မဂ္ဂဇင်း၊ ဝတ္ထု မှန်သဗျ.. ဗိုလ်ဆိုတာပါရင် အကုန်ဖြုတ်ခိုင်းတဲ့.. ၊စာပေကင်ပေတိုင်ရုံးရဲ့လက်စွမ်းအာဏာစွမ်းပြမှု သတိရမိတယ်..
ဘာမဆိုင်ညာမဆိုင်.. မှုး ဆိုတဲ့နာမယ်လည်း ခွင့်မပြုဖူးဗျ..။
လူတွေနာမယ်ငယ်ကထဲက.. “ဗိုလ်”နဲ့ပေးလာသူတွေလည်း.. အကုန်”ဘို”ပြင်ရသဗျ…။
မှတ်မိသလောက်.. အဲဒီတုံးက မီကိုဇူးဇင်ဆိုတဲ့စာရေးဆရာမများ.. မင်းသမီးနာမယ် မှုးထည့်လိုက်တာ.. ဟိုကဖျက်ခိုင်းလို့.. ခဲစာလုံးစီတဲ့သူတွေသေမတတ်အလုပ်တွေများကုန်တာ လည်းသတိရမိတယ်..
ရှေးခရီးက စစ်အစိုးရ ဆိုးခဲ့တာတွေကို အမှတ်တရပြန်ရေးပြတာပါ..။
အခုခေတ်လူငယ်တွေများ သိပ်သိတော့မယ်… မထင်..။
အခုတော့.. ဗိုလကြီးလို့ ပြောနိုင်ကြပြီပေါ့လေ..။
မဟာရာဇာ အံစာတုံး
September 26, 2013 at 1:33 pm
ခွိခွိ ..
ဗိုလကြီး ဆိုဘဲ ….
ကျုပ်လည်း ဖစ်ဖူးဒယ် …
ဗိုလတတ်ကြီး ဆိုပီး ဖတ်ဖူးဒါ ….
Ma Ei
September 26, 2013 at 4:47 pm
တူတစ်ယောက်
ဗိုလကြီး ရှိတယ်…
🙂
blue lady
September 26, 2013 at 5:32 pm
အရေးအသားကောင်းတဲ့ ကိုရင်စိုင်းရဲ့ ငယ်ဘဝ အတွေ့အကြုံတွေ၊ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ အတွေ့အကြုံတွေတောင် မဖတ်ရတာ တော်တော်ကြာပြီနော်…။ ပြန်ပေးဆွဲခံရလို့ ရွာထဲမှာ မတွေ့တော့တဲ့ ကိုရင်စိုင်းကို မေးချင်တာကတော့ ဘယ်သူက ပြန်ပေးဆွဲသွားတာလဲ ဆိုတာပါပဲ…။ ပြန်ပေးဆွဲခံရပြီးနောက်ပိုင်း ဇာတ်လမ်းလေးတွေလဲ ရေးပါဦးလို့…။
ဖြူစိုင်း လူ
September 27, 2013 at 9:01 am
ကွန်မန့်က စုစုပေါင်းရှစ်ခုပဲရှိသေးတယ်ဆိုတော့
ကျွန်တော်ရေးထားတာတွေ ဝင်မမန့်ပဲ ဖတ်နေတာလား သံသယဝင်မိသဗျား..
Mr. MarGa
September 26, 2013 at 7:47 pm
ဗိုလ်
ဘို
ဗိုလ်ဘို
ဘိုဗိုလ်
အဲဒီစာတွေ ဖတ်တိုင်း တစ်သံထဲ ထွက်တာများတယ်ဗျ
တကယ်ဆိုရင် နည်းနည်းတော့ ကွာသင့်တယ်ထင်တယ်
(တွေးမိတာလေး ပြောပြတာ)
kolumbus
September 26, 2013 at 9:34 pm
ုလုပ်ဖော်ကိုင်ဖက် ရှိသေးဘူး
😀
ဖြူစိုင်း လူ
September 27, 2013 at 8:59 am
တွေ့မိအောင် တွေ့မိပြန်သေးသတော့ကိုး
padonmar
September 26, 2013 at 9:37 pm
ကျမ အမတစ်ယောက် မင်္ဂလာဆောင်ချိန်မှာ အကိုကြီးကမွေးတဲ့ တူမလေး တုန်တုန်က ၁တန်းကျောင်းသူဖြစ်နေပြီ၊လက်ဖွဲ့တွေကို စာရင်းမှတ်တော့ သူဖတ်ပေးချင်လှချည်ရဲ့ဆိုပြီး မဝတဥက္ကဋ္ဌရဲ့ လက်ဖွဲ့ထုပ်ကိုယူ ခပ်တည်တည်နဲ့ ဖတ်လိုက်တာ
ဗျိုင်းမူးအောင်ခင်-ခေါ်ခင်ပုတဲ့၊
Ma Ma
September 27, 2013 at 7:07 am
ဗိုလကြီးကိုဖတ်ပြီး တွတ်ပီထဲက လဗျိုကြီး စောတင်မောင်ဆိုတာကို သတိရသွားတယ်။
တခါက ဘာသာပြန်စုံထောက်ဝတ္ထုခေါင်းစဉ်က ပယ်ရီမေဆင်နှင့် ကချေသည် အမှုဆိုတာကို
က ချေသည် လို့ က ကြီးကို အသံလေးနဲ့ ဖတ်ရမှာကို အသံဖော့ပြီးနောက်စာလုံးနဲ့တွဲဖတ်လိုက်တော့….
ကယ်ချေသည် ဖြစ်သွားတယ်။
ဧရာဝတီသင်္ဘောစီးတော့ ဘေးမှာကပ်ထားတဲ့ “တပြည်သူ” ဆိုတာကို ကလေးတစ်ယောက်က
“တ ပြည်သူ” ဆိုပြီးဖတ်တော့ ကကြီးခခွေး ပြည်သူတွေရော ရှိသေးလားလို့ တွေးမိသွားတယ်။ :loll:
ဦးကြောင်ကြီး
September 27, 2013 at 9:14 am
စစ်တပ်ခေတ်ကောင်းစဉ် တခေတ်က အိမ်အချို့မှာ ခပ်တည်တည်နဲ့ ဗိုလ်ဘယ်သူဆိုပီး ဆိုင်းဘုတ် ချိတ်ထားတယ်၊ အချို့လည်း အယင်နေသွားသူက၊ အိမ်ငှားက စစ်ဗိုလ်ဆိုရင် သူ့နာမည် ပလိပ်ပြားကို ခပ်တည်တည်နဲ့ မေ့ချင်ယောင်ဆောင် ဆက်ဆွဲထားတယ်၊ ကားထဲမှာလည်း ကြယ်ပွင့်တံဆိပ်၊ စစ်ဗိုလ်ဦးထုတ် အဲဒါတွေ မြင်သာအောင် ကားဒက်ရှ်ဘတ်မှာ တင်ထားပြတယ်.. တော်ရုံ ပုလိပ်လောက်ကတော့ အေးဆေးဗဲ…။ သိပ် ကတ်တီးကတ်ဖဲ့ ကြတဲ့ကောင်နဲ့တွေ့တော့လည်း ဆရာခေါ်ပီး လဖက်ရည်ဖိုး ပေးလိုက်တာပေါ့..။