စဆရ ႀကီးSeptember 28, 20131min42117
“တောက်” အသံတော်တော်ကျယ်သွားသည်ထင့်။ အရှေ့ခုံမှ စာရေးမမှ ကိုရင်စိုင်းကို နားမလည်သည့် အမူအရာဖြင့် လှည့်ကြည့်သည်။ ခုလေးတင် စက်ရုံမှူးရုံးခန်းမသွားခင်ကမှ ပြုံးပြုံးရွှင်ရွှင် အားတက်သရောဖြင့် ထွက်သွားပြီး ပြန်လာသောအခါ ဖိုင်ကိုလဲ အသံကျယ်ကျယ်ပစ်ချလိုက်ပြီး တောက်ခေါက်သံလဲကြားသဖြင့် အထူးအဆန်းအနေနှင့် လှည့်ကြည့်ခြင်းဖြစ်သည်။ ကိုရင်စိုင်းမျက်နှာမှ မကျေနပ်ခြင်းများကို မြင်သွားသဖြင့်လော၊ ဒေါသများကို သိသွားသဖြင့်လောမသိ ဇက်လေးပုပြီး ပြန်လှည့်သွားလေ၏။ ရုံးခန်းတစ်ခုလုံးကား တိတ်ဆိတ်ငြိမ်သက်ခြင်းများဖြင့် အေးစက်သွားတော့သည်။ ခုံလေးတစ်ချက်ရွှေ့လိုက်သည်သော်မျှ မိုးခြိမ်းသံအလားထင်ရအောင်ပင်။ ကိုရင်စိုင်းတစ်ယောက်လဲ အံဆွဲထဲမှ Vegas ဗူးကိုထုတ်လိုက်ပြီး ဒေါသကြောင့် တုန်ရင်နေသည့် လက်ဖြင့် နှုတ်ခမ်းဖျားတွင် တပ်လိုက်ပြီး မီးခြစ်ကို ထောက်ကနဲမြည်အောင်ခြစ်လိုက်ပြီး ခပ်ပြင်းပြင်းတစ်ရှိုက်ရှိုက်လိုက်သည့်တစ်ခဏ နှုတ်ခမ်းမှ မီးခိုးလုံးတစ်ဆုပ်ကို အားပါးတရမှုတ်ထုတ်လိုက်ပြီးနောက် မီးခိုးငွေ့များ လွင့်ပါးသွားရာသို့ အတွေးများကို ရွက်လွှင့်မိပြန်သည်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ မတရားဘူး။ အတော်လေးကို မတရားဘူးဟုထင်မိသည်။ ကိုရင်စိုင်းအပေါ်တွင်တော့မဟုတ်၊ […]