ချစ်သူ… မင်းရဲ့မျက်ဝန်းက ရွှေသမင်လိုလှတယ် လမ်းလျှောက်သွားပုံက ကြောင်ကတောင်အရှုံးပေးရမယ် မင်းရဲ့တွန့်လိမ်တဲ့အလှက မြွှေတွေကတောင်မှီမယ်မထင်ဘူး စူးရှတဲ့မင်းအကြည့်တွေကို သိမ်းငှက်က ဆရာတင်ရမယ် မင်းရဲ့ကိုယ်သင်းရနံ့ကို အနံ့ခံကောင်းတဲ့ခွေးတွေက ဆလံသရတယ် မင်းစကားပြောရင်လဲ မိုးဆွေငှက်လိုအသံသာတယ် လျှင်မြန်တဲ့ရှောင်တိမ်းတတ်မှုမှာ တောယုန်တွေက အမေခေါ်ရမယ် မင်းရဲ့အပြုံးကို `လင်းတတွေက မနာလိုတော့ဘူး တိုးညည်းတဲ့စကားသံမိန့်ဆိုရင် ပုရစ်အော်သံလို တဆစ်ဆစ် မင်းကိုချစ်မိသွားရင် ခါချဉ်ကိုက်ခံရသလို ဆန့်ငင် ဆန့်ငင် မင်းရဲ့ပါးဖောင်းဖောင်းလေးတွေကို ဝက်မကြီးက ကထိကတင်ရတယ် မင်းနှာတံလေးတွေက ဆင်ကလေးမိုမို လိုက်မမှီဘူး နှင်းဆီရောင် နှတ်ခမ်းလေးတွေကိုမြင်ရင် ကြက်တူရွေးငိုရလိမ့်မယ် ရှေးကဗျာဆရာကြီးများမင်းကိုတွေ့သွားရင် စပါးကြီးလောက်ကလောင်တံကိုင်ဆွဲပြီး မင်းကိုဒီလို ဧရာမ တင်စားခြင်းတွေနဲ့ အိပ်ရေးပျက်ကြလိမ့်မယ် မင်းဟာမိုးပေါ်က လမင်းကြီးထက် အဆ ၄၆-ဆလောက်ကျက်သရေရှိတယ် ၁၄-ရက်လဝန်းကဲ့သို့ အံ့ဘွယ်ရှိတယ် မင်းရဲ့မည်းနက်တဲ့ဆံနွယ်တွေက မြွှေဟောက်မများနဲ့တူတယ် နုတ်ခမ်းများက သွေးရဲရဲထွက်နေတဲ့ ဓားရှရာနဲ့တူတယ် အသားအရေက […]