black chawJanuary 22, 20124min45247
ရွာထဲမရောက်ဖြစ်တာနှစ်ရက်လောက်ရှိသွားခဲ့ပါတယ်။ မိတ်ဆွေတွေရဲ့ ပို့စ်တွေမှာလည်း ကွန်းမန့်တွေ ပျက်ကွက်နေရတဲ့ အတွက် တောင်းပန်ပါတယ်ဗျာ။ ရန်ကုန်သူရန်ကုန်သား မန်းဂဇက်ရဲ့ အင်အားစုများထဲမှ ထင်ရှားတဲ့ MaMa ရဲ့ ပို့စ်လေးများကို ပြန်ရှာဖွေဖေါ်ထုတ်ပေးထားတာပါ။ စာရေးသူတစ်ယောက်နဲ့ ရွာသူရွာသားတွေနဲ့ ချစ်ကြည်ရင်းနှီးမှု အတွက် ဒီလို တူးဆွ တင်ဆက်ပေးနေခြင်းဖြစ်ပါတယ်။ လိုရင်းမရောက်ခဲ့ရင် ကျွန်ုပ် ဘလက်ချော ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်တဲ့ အကြောင်း ကြိုတင် တောင်းပန်ပါတယ်ဗျာ။ မခမမ (သို့) Differently Able https://myanmargazette.net/60347/arts-humanities ဆိုတဲ့ ကောင်းမှုလုပ်တဲ့ ပို့စ်လေးနဲ့ စလိုက်ရအောင်ပါ။ မခမမ ဆိုတာကတော့ မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်မိတ်သဟာယ အသင်း ကို အတိုကောက်ခေါ်ထားတာပါ။ မျက်မမြင်တွေအကြောင်း တော်တော် အသေးစိတ်ရေးပြထားပါတယ်။ မျက်မမြင်တွေကို ဂုဏ်ပြုချင်လို့ ရေးတဲ့ ပို့စ်လေးပါ။ အသင်းရဲ့ပန်းတိုင်ဖြစ်တဲ့ “မျက်စိကန်းသောသူတို့အား […]