မန်းဂဇက်ဆိုတဲ့ရွာကြီး က ဒီရက်ပိုင်းအတွင်းထူးထူးခြားခြား လှုပ်လှုပ်ရွရွ နဲ့ တစ်ရွာလုံး ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြလေရဲ့…ဘယ်သူမှငြိမ်နေတာမတွေ့ရပဲ တောင်ကလူမြောက်သွား..မြောက်ကလူတောင်ကူးနဲ့..တကဲ့ကို တစ်ခုခုအတွက် အားကြိုးမန်တက်လှုပ်ရှားနေကြတာကလား…အကြောင်းကလည်းရှိပေတာကိုး….ဒါနဲ့ မန်းဂဇက်ရွာ ဆိုလို့ လူတော်တော်များများက သိပ်တိတိပပသိသေးကြပုံမရဘူး… ဒီတော့ ရွာအကြောင်းမြင်သာအောင်သရုပ်ဖေါ်ရရင်..အင်း..အဲ..အဲ..ကျုပ်လည်း သိပ်သရုပ်ပေါ်အောင်မပြောတတ်ဘူးဗျ…နေအုံး..နေအုံး..ရွာထဲ အပ်ကျတာတောင်သိတဲ့ ကာလသားဂေါင်း..ကျုပ်က အမြဲ `နီပေပါ´လို့ ချစ်စနိုး ခေါ်လေ့ရှိတဲ့. .`မောင်ရဲစည်´ကိုခေါ်ပီးပြောခိုင်းမယ်..ဟဲဟဲဟဲ…သူပြောတဲ့..မန်းဂဇက်ဆိုတဲ့ရွာကြီးဆိုတာ…. ဒီလိုပါတဲ့ဗျာ…သူ့လေသံမူရင်းအတိုင်းသာ နားထောင်ကြည့်ကြပါကုန်…….  ကျွှန်တော်တို့ ရွာကြီးတွင် ……. စနစ်ဆိုး အုပ်ချုပ်သူဆိုး မရှိပါ။ တောတောင်ရေမြေ သဘာဝ သယံဇာတများကို နည်းမလည်ပါးမလည်ဖြင့် လက်ညှိုးထိုး ရောင်းစားသူမရှိပါ။ လယ်ယာမြေတွေ အသိမ်းမခံရပါ။ စစ်ပွဲများ ကလေးစစ်သားများ မြေမြုပ်မိုင်းများ မရှိပါ။ ဘူဇွာ၊ အရင်းရှင်၊ ခရိုနီ များမရှိပါ ဈေးမီးရှို့သူများမရှိပါ။ ကလေးလုပ်သားများ ပြောင်းရွှေ့အလုပ်သမားများ ဆင်းရဲမွဲတေသူများမရှိပါ။ လူမျိုးရေး၊ ဘာသာရေး၊ ခွဲခြားဆက်ဆံမှုများမရှိပါ။ နိူင်ငံရေးအကျဉ်းသားများ ဖိနှိပ်ခံအကျဉ်းသားများ ယုံကြည်ချက် အကျဉ်းသားများမရှိပါ။ ဒုစရိုက်မှု၊ မူးယစ်ဆေးဝါး၊ ကပ်ဘေးဒုက္ခများ မရှိပါ။ စသဖြင့် […]