မှုန်ဝါးဝါး လရောင်အောက် တိုးမပေါက်တဲ့ စိတ်တောနက်ထဲ ဆင်းရဲမှုများကို လွယ်ပိုးရင်း သည်းခံခြင်းကို လက်ကိုင်ထွန်းညှိ မျှော်လင့်ချက်ရှိရာ ဦးတည် ရောင်နီမလာခင်တော့ မှောင်နေဦးမှာပဲ….. ဘဝဆိုတာ ပြောတော့သာ လွယ်တာ ရုန်းကန်ရတာ ပင်ပန်းသား အတွေးက လက်တွေ့ကို ရင်ဆိုင်စေတယ် သိက္ခာနဲ့ ချည်တုပ်ထားတဲ့ အတ္တ စိတ်သွားတိုင်း ကိုယ်မပါချင်တော့ဘူး မပြောချင်လို့ မပြောပဲနေတာ မှန်နေတယ်လို့တော့ မထင်နဲ့ ကိုယ့်တစ်ယောက်ထဲ ဘဝဆိုတာ ရှိတာမဟုတ် လူတိုင်းမှာ ဘဝရှိတယ် ဟင်းရွက်ကန်စွန်းရွက် ဝယ်သလို တတ်တဲ့ပညာ ခေါင်းပုံဖြတ်ခံရတဲ့အခါ မာနကို ရိုက်ချိုး စိတ်ဓာတ်ကို ယိုယွင်းစေခဲ့ ခေါင်းပုံဖြတ်တဲ့ ဒီလောကမှာ ပညာကို အလှူအတန်းပေးရင်တောင် နောင်ဘဝအတွက် ကုသိုလ်တရားတွေ ပါသွားနိုင်ပါရဲ့…… ၂၁.၁၁.၂၀၁၁ ခံစားရေးဖွဲ့သည်။