manawphyulayMarch 24, 20111min721
ကျွန်မနေတဲ့ လမ်းထဲတွင် မနက် – ည လူသူရှင်းလင်းလျက် အစဉ်အမြဲရှိနေတတ်ပါတယ်။ နေ့ခင်း နေ့လည် လူရှိ မရှိတော့ ကျွန်မလည်း သေချာမသိပါ။ မိုးလင်းမိုးချုပ်သွားနေသဖြင့် လမ်းထဲဘယ်နေရာတွင် ဘာရှိသည်ဆိုတာကိုလည်း ကောင်းကောင်း သတိမထားမိတတ်ပါဘူး။ တစ်နေ့ မနက်စောစောတွင် ကျွန်မ သင်တန်းရှိသဖြင့် စောစော တစ်ယောက်ထဲ လျှောက်လာရင်း တစ်ယောက်ထဲ လျှောက်ရတဲ့ အရသာဟာ အလွန်အေးချမ်းတယ်လို့ စဉ်းစားမိတော့ လမ်းအလယ်ရောက်တော့ ရေချမ်းစင်လေးတစ်လုံးကို ကျွန်မ သတိပြုမိပါတော့တယ်။ ရေချမ်းစင်ဆောက်လုပ်ထားပုံလေးကလည်း သပ်ရပ်ပြီး အချိုးကျလှတာကို တွေ့ရှိရပါတယ်။ ရေချမ်းစင်လေးရဲ့ ကိုယ်ထည်ကို အညိုရောင်ဆေးသုတ်ထားပြီး ရေချမ်းစင်ဘေးပေါင်တွေကို အစိမ်းရောင် သုတ်ထားပါတယ်။ ရေအိုးလေးရဲ့ ဘေးပတ်လည်ကို ကြည့်မိတော့ စပါးပင်လို မြက်ရိုင်းရှည်လေးတွေ စိုက်ထားတာကို တွေ့ရခြင်းအားဖြင့် နေပူကျဲကျဲတွင် ရေငတ်လာသူများကို အလွန်တရာအေးချမ်းမှုပေးပြီး စိတ်ကို […]