စဉ်းစားထားခဲ့တာက .. ဒီခေါင်းစဉ်ကလေးနဲ့ အပိုင်းဆယ်ပိုင်း ဆယ့်နှစ်ပိုင်းလောက် ခွဲပြီးရေးမယ်ပေါ့။ ဒါပေမယ့် ရေးရင်းနဲ့ပဲ စာရေးသူရော စာဖတ်သူပါ စိတ်ဝင်စားမှု့လဲနည်းလာ… အခုတလော တရက်ကို ပိုစ့်တင်နှုံးတွေလဲ များလာ… ဒီရက်ပိုင်းမှာ စည်ပင်က ခပ်ကြမ်းကြမ်းဝင်ရှင်းလို့ လမ်းဘေးဈေးရောင်းသူတွေ ဒုက္ခရောက်ကုန်တာကြောင့် သူတို့နဲ့တကွ သူတို့ကိုကိုယ်ချင်းစာသူတွေရဲ့ ဒေါသကို ဆွပေးရာလဲမရောက်ချင်လို့… ပြီးတော့ဗျာ – တခြားဟာတွေထက် MG ရဲ့စာဖတ်သူအများစုဟာ ပညာတတ်တွေ၊ အတွေးအခေါ်ရင့်သန်သူတွေ၊ အမျှော်အမြင်နဲ့ပြည့်စုံသူတွေ၊ စိတ်စေတနာမှန်သူတွေ များတယ်ဆိုတာ ဘယ်သူမှငြင်းနိုင်စရာ မရှိပါဘူး။ ဒီတော့ မိချောင်းမင်း ရေခင်းပြတဲ့နည်းနဲ့ ဆက်ပြီးနှိပ်စက်မနေတော့ပဲ ပြောချင်တာလေးတွေ အတိုဆုံးတက်သုတ်ရိုက် ရရင်………. …………… လမ်းဘေးဆိုင်တွေရှိလို့ လူများစုဝယ်ခြမ်းဘို့ အဆင်ပြေကြတယ်။ လမ်းဘေးဆိုင်တွေ စည်းကမ်းမဲ့တာကြောင့်ပဲ လူတွေ သွားလာဘို့ […]