လူ… ခြောက်သန်း… သူတို့ဝယ်ဘို့ (က) (ခ) (ဂ) အဆင့်ဈေးက ၁၆၈ ဈေး တဈေးကို ပျှမ်းမျှ လူသုံသောင်းခွဲ ဝယ်ရမယ် ဆိုရင် …. (ဒီတော့ တချို့ဈေးကြီးတွေမှာ လူတသိန်းကျော် ဝယ်ရမယ်ဆိုရင်) ဈေးတခုဆီဦးတည်ပြီး ဆိုက်ကားပေါင်းဘယ်လောက် ပြေးဆွဲရမလဲ ? အဲသလောက်ဆိုက်ကားတွေ တနေရာထဲဗဟိုပြု သွား လာရင် အဲဒီနား လမ်းပေါ်ကားမောင်းလို့ကော ရပါတော့မလား .. အဲ .. တော်ပြီ .. အမြည်း ဆိုတာ တတို့လောက်ပဲကောင်းတယ် ..။ ဒီတချက်ထဲနဲ့တင် ခေါင်း ဆင်နင်းသွားဘို့ များတယ် ။ ဒါကြောင့် နေရာအနှံ့ မှာ ဖြန့်ကျက်ပြီးရှိနေတဲ့ လမ်းဘေးဈေးသည်တွေ ပျံကျဈေးတန်းတွေဟာ သင့်တော်တဲ့ အချိန် သင့်တော်တဲ့နေရာ တွေမှာ […]