ကထူးဆန္းMarch 21, 20121min28825
ဦးဇော်မောင်၏ ဝဝ ပြည့်ပြည့် ဖိုးဝရုပ် မျက်နှာကြီး ဖြီးနေသည်မှာ မြင်သူများ သတိထားမိစရာဖြစ်နေသည်။ သူ့တပည့်မ လေး ပွင့်ဖြူ ပင်လျှင် သူ့ဆရာဘာကြောင့် ဒိလောက် ပြုံးဖြီး ဖြီး ဖြစ်နေပါလိမ့်ဟု စဉ်းစားမရဖြစ်နေသည်။ မဆူမဟောက် သဘောကောင်းသော ဆရာဖြစ်သော်လည်း ခါတိုင်းဆို ဒီလောက်တော့ မဖြီး။ တည်တည် တန့်တန့် နေတတ်သော ဆရာပြုံးဖြီးဖြီး ဖြစ်နေ၍ သိချင်နေသည်။ ချဲထီများပေါက်နေလို့လား။ သို့သော် သူ့ဆရာ လောင်းကစား အသေမုန်းသူမို့ ဒါလည်း မဖြစ်နိုင်။ သူဌေး ဦးအောင်မင်း ကများ ရာထူးတိုးပေးလိုက်လို့လား။ ဒါလည်းမဖြစ်နိုင်။ ဒီရုံးမှာ ဆရာက အကြီးဆုံး။ အထွေထွေမန်နေဂျာ ရာထူးယူထားသူမို့ ထပ်တိုးစရာ အကြောင်းမရှိ။ လခများတိုးပေးလိုက်လို့လား ။ ဒါလည်း ကပ်စေးနဲ သူဌေးမို့ ဖြစ်နိုင်ခြေ […]