lu ta loneMay 21, 20101min1020
ဘင်္ဂလား ပင်လယ်အော်၌ ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း လိုင်လာ၏ အရှိန်ကြောင့် မေ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် နိုင်ငံတစ်ဝန်း မိုးများ ပျံ့ပျံ့နှံ့နှံ့ ထစ်ချုန်းရွာသွန်းခဲ့ကြောင်း သတင်းများ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ မေ ၁၉ ရက်တွင် အခြားပြည်နယ်နှင့် တိုင်းများနည်းတူ နေပြည်တော်၌လည်း ပျံ့ပျံ့နှံ့နှံ့ မိုးထစ်ချုန်း ရွာသွန်းခဲ့ပြီး မိုးရွာသွန်းမှုအနေဖြင့် နေပြည်တော်တွင် ၁ ဒသမ ၇၁ လက်မ၊ နေပြည်တော် ပျဉ်းမနားတွင် ၂ ဒသမ ၂၄ လက်မ၊ နေပြည်တော် လယ်ဝေးတွင် ၁ ဒသမ၁၆ လက်မ၊ နေပြည်တော် တပ်ကုန်းတွင် ၁ ဒသမ ၄၃ လက်မ ရှိခဲ့ကြောင်း ၂၀၁ဝ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် […]