winkyawaungAugust 27, 20101min7587
အရွယ်မရောက်သေးတဲ့ လူကုန်ကူးခံရသူလေးကို အမည် နေရပ်လိပ်စာနဲ့ ဖော်ပြထားတဲ့သတင်းတစ်ပုဒ် ကမ္ဘာကြီးတောင် ရွာဖြစ်အောင်ကျဉ်းမြောင်းပစ်လိုက်နိုင်တဲ့ သတင်းမီဒီယာခေတ်ကြီးမှာ သတင်းသမားတွေအတွက် နေရာမရှားသလို တာဝန်ပိုကြီးလာတယ်လို့ဆိုချင်ပါတယ်။ သတင်းသမားတွေဟာ အခြားစာနယ်ဇင်းသမားတွေထက် ပိုပြီးကလောင်ကိုစောင့်စည်းထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ သတင်းသမားရဲ့ အတတ်ပညာ ကျိုးကြောင်းဆင်ခြင်တိုင်ထွာမှု ဥပဒေလိုက်နာမှု စာနာထောက်ထားမှုတွေ ပေါင်းစပ်ပါမှ သတင်းကောင်းတစ်ပုဒ်ကို ဖန်တီးနိုင်မှာပါ။ သတင်းဖြစ်ရင်ပြီးရော စာမူခရရင်ပြီးရော နာမည်ရရင်ပြီးရော….လို့ သဘောထားပြီး မရေးသင့်ပါဘူး။ (၁၇-၇-၂၀၁၀) နေ့ထုတ် ဂျာနယ်တစ်စောင်ရဲ့ (Crime, Corner) အခန်းကဏ္ဍမှာ ဖော်ပြထားတဲ့ (……..) ဆိုသူရဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။သတင်းဖော်ပြဖို့ ပေးရတဲ့ နေရာက လက်တစ်ဝါးသာရှိပေမယ့် အဲဒီသတင်းအတွက် ပေးဆပ်လိုက်ရတဲ့ နစ်နာမှုက ဖော်မပြနိုင်လောက်အောင်ပဲပေါ့။ (ဓါးသွားထက် ကလောင်သွား ပိုထက်တယ်) ဆိုသမို့လား။ သတင်းရေးသူဟာ သတင်းသမားတွေ လိုက်နာစောင့်ထိမ်းအပ်တဲ့ ကျင့်ဝတ်၊ စည်းကမ်း၊ […]