လင်းဝေNovember 17, 20111min18113
မနေ့က star movies မှာ လာတဲ့ Trade ဆိုတဲ့ ရုပ်ရှင်ကို ကြည့်မိရင်း ရင်နာနာနဲ့ တွေးမိပါတယ်။ ဇာတ်လမ်းကတော့ မက္ကဆီကို စီးတီးက ကောင်မလေး တစ်ယောက် လူကုန်အကူးခံရတာကို သူ့အကို က ပြန်လိုက်ကယ်တဲ့ အကြောင်းကို ဇာတ်လမ်းလုပ်ပြီး ရိုက်ထားတာပါပဲ။ မက္ကဆီကိုကနေ ဖမ်းလာပြီး အမေရိကန်ပြည်ထောင်စု နယူးဂျာဆီအထိသယ်လာပြီး အင်တာနက်ကနေ တစ်ဆင့် လေလံတင် ရောင်းချတာပါ။ လူကို ကုန်ပစ္စည်းလို ပဲ အရောင်းအဝယ်လုပ်နေကြတာ။ ရုပ်ရှင်ဆိုတဲ့ အတိုင်း လောဂျစ်မျက်စိနဲ့ ကြည့်ရင် မဖြစ်နိုင်တာတွေများပေမယ့် ဒီရုပ်ရှင်ကတော့ ဇာတ်လမ်း ထက် ဖြစ်ပျက်နေတဲ့ အကြောင်းအရာကို မြင်ရစေတယ်။ အဲဒီမတိုင်ခင် လီးယမ်းနယ်လ်ဆင် ပါတဲ့ကားတကားလည်းရှိသေးတယ်။ သူ့သမီးက ပြင်သစ်ကို အလည်သွားတာ လေဆိပ်မှာ လူကုန်ကူးတဲ့သူနဲ့ တွေ့ပြီး […]