နွယ်ပင်November 27, 20101min1561
လူထုနဲ ့ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကို အာအက်ဖ်အေက အပတ်စဉ် သောကြာနေ့ ညတိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေ အနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီ ရုံးချုပ်ကို တိုက်ရိုက် ပေးပို့နိုင်သလို၊ အာအက်ဖ်အေကိုလည်း အင်တာနက်ကနေ ပေးပို့ နိုင်ပါတယ်။ အာအက်ဖ်အေ အီးမေးလ် လိပ်စာကတော့ burmese@rfa.org ဖြစ်ပါတယ်။ မးခွန်းတွေကို တိုတိုနဲ့ လိုရင်းသာ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက် ပေးပို့သည်ဖြစ်စေ၊ အာအက်ဖ်အေကို ပေးပို့သည်ဖြစ်စေ၊ အမည် လိပ်စာ နဲ့ ဆက်သွယ်နိုင်မယ့် တယ်လီဖုန်း နံပါတ်တွေကို ဖော်ပြဖို့ လိုပါတယ်။ အဲဒီ တယ်လီဖုန်းနံပါတ်ကို […]