ဒီတစ်ခါ Tour Leaderက အသက်က ၄ဝကျော် လူပျိုကြီးတဲ့။ သူက ပထမနေ့ကတည်းက မကြာခဏဆိုသလို ကျွန်မကိုစိုက်စိုက်ကြည့်တယ်။ သူကြည့်တာကို ကျွန်မရုတ်တရတ်ပြန်ကြည့်လိုက် ်ပြန်တော့ သူခိုးလူမိသလို ရယ်ပြီး မျက်နှာလွှဲလွှဲသွားတယ်။ နောက်တော့လည်း သူမနေနိုင်ရှာတော့ပါဘူး။ ဘယ်လောက်တောင် မြိုသိပ်ထားရတယ် မသိ။ ဧည့်သည်တွေ နားနေတဲ့အချိန် သူနဲ့ ကျွန်မ နှစ်ယောက်တည်း ဟိုတယ်က ဧည့်ခန်းမကြီးထဲမှာ ထိုင်နေတုန်း ကျွန်မမျက်နှာကို စေ့စေ့ကြည့်ပြီုး ဖွင့်ဟမေးမြန်းလာပါတော့တယ်။ မွန်းပိုအမ် ..နင့်ကို ငါတွေ့ကတည်းက သတိထားမိတာ။(ဒီလိုပဲ ဖြစ်ရမယ်လေ ဟင်းဟင်း)။ မေးရမှာ အားတော့နာတယ်။ (ကိစ္စမရှိပါဘူး အသေးအမွှားလေးတွေပါ)။ မေးမယ်နော် စိတ်တော့မရှိနဲ့။ဟိုဟာလေ မွန်းပိုအမ်က မိန်းကလေးမဟုတ်လားဟင်။အဲဒါနဲ့ ဘာဖြစ်လို့ လည်ပင်းမှာ လည်စိကြီးပါတာလဲဟင်တဲ့။ ဟီးဟီး။