thit minAugust 25, 20111min1779
တစ်ခါတစ်လေ ဘာအကြောင်းပြချက်မှမရှိပဲနဲ့ အသားလွတ်စိတ်ဓါတ်ကျနေတာ မျိုးလည်း ရှိတတ်တယ် တစ်ယောက်တည်း အထီးကျန်ပြီး ငေါင်နေချိန်တွေပေါ့ …အဲလိုအခါမျိုးတွေမှာ စိတ်ကို Relax လုပ်ပေးရတယ် … အားငယ်စရာတွေပဲ တွေးမနေပဲ … ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်မှ …   နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းဟာလည်း … စိတ်ကိုပေါ့ပါးလန်းဆန်းစေတယ် …ဘယ်လိုပုံစံပဲဖြစ်ဖြစ်ပေါ့ … နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဖို့ပဲ လိုတယ် …   နောက်ပြီး တော့ ဘဝမှာ မရှိမဖြစ်လိုအပ်တာ မေတ္တာတရားပဲ … ၅၂၈ မေတ္တာရော …၁၅၀ဝ ဆိုတဲ့ ချစ်ခြင်းမေတ္တာရောပေါ့ …   ဒါမှလည်း နေပျော်စရာ ကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ရမှာလေ …   ရင်ဖွင့်တိုင်ပင်ဖော် သူငယ်ချင်းကောင်းဆိုတာ ကတော့ […]


thit minAugust 25, 20115min1829
((((သူငယ်ချင်းများဆီကရရှိထားသည်များ ကို မကြည့်ရသေးသူများ အားရည်ရွယ်ပြီး ရိုးရိုးသားသားမျှဝေပေးခြင်းသာဖြစ်ကြောင်း  ရိုးသားစွာဝန်ခံ ပါရစေ……))) ချစ်သောသူငယ်ချင်းများ……. လူဘဝဟာသိပ်တိုတောင်းလွန်းပါတယ်…. အသက်ရှင်စဉ်ခနလေးမှာ လောဘ..ဒေါသ…မောဟ…မနာလိုစိတ်များ ကိုဖယ်ရှားသင့်ပြီလေ.. လောကမှာရှိတဲ့ ထိတွေ့ကို်င်တွယ်လို့ရတဲ့အရာတွေဟာ  ဘယ်တော့မှတည်မြဲနေတဲ့အရာတွေမဟုတ်ဘူး လေ….မျက်စိတမှိတ်အတွင်းမှာဘဲ လောကကြီးက လူတွေကအမျိုးမျိုးပြောင်းလဲနေကြတယ်… ဒါကြောင့် ဒါလေးကိုဖတ်ဖို့ ပေးလိုက်တယ်နော် …… ကြောင်ကလေး ရဲ့ စိတ်ကူး ဘဝဆိုဟာတိုတိုလေးလို့ ထင်တာပဲနော် …မျက်စိတ်တမှိတ်စာအတွင်းမှာပဲအရမ်းကို တိုတောင်းလွန်းပါတယ် …   အဲဒီထဲမှာမှဖြူဖြူစင်စင်လေးနဲ့စိတ်ချမ်းချမ်းသာသာရှင်သန်နေထိုင်သွားရရင်ပိုကောင်းတာပေါ့.မဟုတ်ဘူးလား   တစ်ခါတစ်လေပျော်ရွှင်ကြည်နူးမှုတွေ ခံစားရသလို …   နာကျင်ဝမ်းနည်းမှုတွေလည်းကြုံတွေ့ရတဲ့ အချိန်တွေလည်း မရေတွက်နိုင်အောင်ပဲ ရှိတတ်ကြပါတယ်…   တစ်ခါတစ်လေမှာ ကြုံလာရမယ့် စိတ်ပျက်စရာတွေကိုလည်း ကြံ့ကြံ့ခံရင်းပေါ့ …   အနိုင်ကျင့်ခံရတာတွေလဲရှိလာမှာပါပဲ …ဘယ်လိုမှမတတ်နိုင်ပေမယ့် … အဲလို အချိန်တိုင်း … အားတင်းနေနိုင်ဖို့ […]


ကျနော်တို့ မြန်မာလူမျိုးဗုဓ္ဒဘာသာဝင် တိုင်းလက်ခံယုံကြည်ထားကြတာက သံသရာဆိုတာရှိတယ်။အတိတ်ဘဝဆိုတာတွေကိုလည်းလက်ခံထားကြတယ်။ဒီနေရာမှာ အငြင်းပွါးဖို့အတွက်မယူဆစေလိုပါ၊ကျနော်ရဲ့ ယူဆချက်ထင်မြင်ချက်များသာဖြစ်ပါတယ်။စာဖတ်သူတို့အနေနဲ့ လွတ်လတ်စွာတွေးခေါ်ယူဆနိုင်ကြပါတယ်။ အထုံဆိုတာဘာလဲ….အတိတ်ကမိမိပြုခဲ့သော စေတနာကုသိုလ်တွေကြောင့် ယခုဘဝမှာကောင်းသောအထုံပါခဲ့တယ်။ထို့ကြောင့် နောင်ဘဝထိ ကုသိုလ်ကံများကောင်းအောင်ယခုဘဝ၌ကုသိုလ်ကောင်းမူများ ပြုလုပ်ကြမယ်။အဲဒီမှာ ဥပုတ်သီလများဆောက်တည်တယ်၊ဒုလ္လဘရဟန်း သာမဏေတွေဝတ်ကြတယ် ဒါဆိုရင်နောင်ဘဝအတွက် အထုံပါပီလား၊ဘယ်လောက်ထိပါနိုင်သလဲ… အထုံဆိုတဲ့သဘောက ပွါးများတာ၊ကျင့်ကြံအားထုတ်ခဲ့သည်များကို ထပ်ခါတလဲလဲ ပွါးများအားထုတ်သည်ဟုဆိုလိုတာပါ။မိမိပြုခဲ့သော ကုသိုလ်တွေကို ထပ်ခါထပ်ခါ ကြံသိ၊ပါွားများမှသာကောင်းသော အထုံဖြစ်နိုင်ပါတော့မည်။ မိမိတို့တစ်ကြိမ်တစ်ခါပြုခဲ့ဘူးသော ကောင်းမူကုလိုလ်ကို အကြိမ်ကြိမ်အဖန်ဖန်ပွါးများနေလျှင်လဲ ကောင်းသောအထုံပါမည်ဖြစ်ပါတယ်။ ဒါန၊သီလ၊ဘာဝနာ စတဲ့ကောင်းမူကုလိုလ်တွေကို တစ်ခါပင်ဖြစ်စေ။စိတ်စင်ကြယ်စွာ၊သီလစင်ကြယ်စွာ၊ဘာဝနာတရားများအားထုတ်ခဲ့ပီး၊ထိုပြုခဲ့သော ကောင်းမူအား အကြိမ်ကြိမ်သတိရအောင့်မေ့ ပွါးများနေမယ်ဆိုရင် အကြိမ်ကြိမ်ကုသိုလ်တရားများရရှိနေမှာပါပဲ။ကျနော်တို့သည်များသောအားဖြင့် ကောင်းမူကုသိုလ်များကိုအကြိမ်ကြိမ်ပြောဆိုသတိရနေခြင်းထက် မကောင်းမူတွေကိုသာ အကြိမ်ကြိမ်ပြောဆိုဂုဏ်ယူတတ်ကြပေသည်။ အသက်(၂၀)ဝင်းကျင်ရှိလူငယ်လေးတစ်ဦးသည် သူများတွေထက်အရက်ပိုသောက်နိုင်ကြောင်း၊ထစ်ခနဲဆိုရင် ရိုက်ပီးသားပဲ၊ဘယ်လိုမိုက်ခဲ့တာကွ။သူဘယ်လောက်မိုက်ကြောင်းကိုသာ အကြိမ်ကြိမ်ပြောဆို အောင့်မေ့သိရစွာနေမယ်ဆိုရင် မကောင်းသောအထုံတွေပဲသူ့ဆီမှာကိန်းကောင်းနေမှာပါ၊မကောင်းသောအထုံတွေပဲ ပွါးများနေသလိုပါပဲ။ကျနော်လည်းတစ်ချိန်က ယစ်မူးအပျော်ကြူးသူတစ်ပါပဲ၊အမှားနဲ့အမှန်ကိုခွဲခြားသိလာတဲ့ အချိန်ကစပြီး မိမိပြုခဲ့ဘူးသောအမှားတွေနောင်တတွေကို ညီငယ်ညီမငယ်များအားပြန်လည်၍မျှဝေ အသိပေးခြင်းသာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ သမ္မပ္ပဓာန် တရား (၄)ပါးမှာ.. […]


nigimi77February 7, 20111min1003
မေး။   ကံဆိုတာ ဘာလဲ ။ ဖြေ။   ကံဆိုတာ အလုပ်ပါ။ ထမင်းစားရင် ချီးပါမယ်။ ရေသောက်ရင် သေးပေါက်မယ်။ ချွင်းချက်တော့ ရှိတယ်။ စားတာများပေမဲ့  ပါရင် နဲမယ်။  သောက်တာများပေမဲ့ ပေါက်ရင် နဲမယ်။               မင်းအတွက်လက်ရှိ အသက်ရှင်ဖို ့ ဖယ်ရဦးမယ်လေ။ ထို ့အတူပဲ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတာ သဘောတရားအရတော့ မှန်ကန်တယ်။ အထက်က ဥပမာလိုပဲ မင်းက ကောင်းတာ လုပ်ပေမဲ့လည်း မင်းအတွက် မင်းရပ်တည်ဖို ့အတွက် ဖယ်ရဦးမယ်။ ဒါကြောင့် မင်းက ကောင်းတာတွေ လုပ်လဲပဲ ဘာကြောင့် တန်ပြန် အကျိုးမခံစားရသလဲလို ့မမေးနဲ ့။ ထမင်းတောင် မင်းစားပြီးရင် အကုန်ပြန်ပါတာမှ မဟုတ်ပဲ။ […]