ရွှေ မင်း သားSeptember 28, 20101min1181
ကျနော်တို့ပါတ်ဝန်းကျင်တွင် စီးပွားရေးတွင် ကျွမ်းကျင်သူများသည် လူမှုရေးတွင်လဲ ထူးချွမ်သူများလဲ တွေ့ရသည်။ တချို့လဲ စီးပွားရေးမှ စီးပွားရေးဘဲ အာရုံစိုက်ကြပြီး လူမှုရေးကို အရေးမထားသူများလဲ တွေ့ဖူးသည်။ ကျနော် ခေါင်းထဲတွင် အတွေးတစ်ခုရောက်လာသည်။ လူမှုရေးနှင့် စီးပွားရေး ဆက်စပ်မှုရှိသလားဟု အတွေးဝင်လာသည်။ သေသေချာချာစဉ်းစားသော်လဲ အဖြေထုတ်မရပါ။ စီးပွားရေးတွင် တော်သူများသည် ဆက်ဆံရေးလဲ  ကောင်းကြသည်။ သို့သော် ဆက်ဆံရေးကောင်းရုံဖြင့် လူမှုရေး ကောင်းမည်မဟုတ်ပါ။ စီးပွားရေးသမားများသည် ဆက်ဆံရေးကိုတော့ အာရုံစိုက်ကြသည်။ အလေးထားကြသည်။ သို့သော် လူမှုရေးကိုတော့ အလေးထားသူရှိသလို၊ အလေးမထားသူလဲ ရှိပါသည်။ ဥပမာဆိုလျှင် စီးပွားရေးကောင်းသူတစ်ဦးသည် ထိုသူ၏ဆွေမျိုး သားချင်း ဒုက္ခ ရောက်နေသည်ကိုကြုံတွေ့လျှင် အားပေးစကားကို ရွှမ်းရွှမ်းဝေနေအောင် ပြောနိုင်ကြသည်။ သို့သော် ကူညီ မည် မကူညီ ဆိုသည်မှာတော့ မသေချာပါ။ တချို့ […]