စေနJanuary 23, 20111min2020
from Nine Nine SaNay by နိုင်းနိုင်းစနေ ကိစ္စသုံးရပ် (၁) တံခါးပိတ်တတ်ရမယ် “မနေ့က”နဲ့ “မနက်ဖြန်”ရဲ့ တံခါးနှစ်ချပ်ကိုပိတ်ပြီး “ဒီကနေ့”တိုင်းကို ကောင်းကောင်းမွန်မွန် ကျော်ဖြတ်တတ်ရမယ်။ “ဒီကနေ့”တိုင်းကို ကောင်းကောင်းမွန်မွတ် ဖြတ်ကျော်တာဟာ “ဒီတစ်သက်”ကို ကောင်းကောင်းမွန်မွန် ဖြတ်ကျော်တာနဲ့ အတူတူဖြစ်တယ်။ (၂) တွက်ချက်တတ်ရမယ် ကိုယ့်ရဲ့ပျော်ရွှင်ခြင်းနဲ့ ကိုယ်လုပ်တဲ့ မှန်ကန်တဲ့အလုပ်ကို တွက်ချက်တတ်ရမယ်။ ပျော်ရွှင်ခြင်းကို တွက်ချက်လေ ကိုယ့်ကိုပျော်ရွှင်လေဖြစ်သလို မှန်ကန်တဲ့အလုပ်ကို တွက်ချက်လေ ကိုယ့်ကိုယ်ယုံကြည်မှုတွေ ရှိစေလေဖြစ်တယ်။ (၃) လက်လွတ်တတ်ရမယ် လက်လွတ်တတ်ရမယ်ဆိုတဲ့ စကားက အရင်ဆုံး “လက်လွတ်တတ်”မှ နောက်”ရမှာ”ဖြစ်တယ်။ လောကမှာရှိတဲ့အရာတချို့က လက်လွတ်တတ်မှ ပိုင်ဆိုင်ရတယ်။ ဒါမှမဟုတ် လက်လွတ်ပြီးမှ ပိုင်ဆိုင်ရတယ်။ နည်းနည်းလေးမှ လက်မလွတ်တတ်ဘဲ အရာရာကို ပိုင်ဆိုင်ချင်လို့ မရနိုင်ပါဘူး။ စကားသုံးခွန်း (၁) […]