နေပူကျဲတဲအောက်တွင်တချိန်လုံး လမ်းလျှောက်နေရရင်းမှ ရုတ်တရက် နေရိပ်အောက်ထဲ ဝင်လိုက်သဖြင့် မျက်စိတို့ပြာဝေသွားရသည်။ “ အောင်မလေး သေပါပြီတော့် “ သူ သည်လောက်အော်နေတာတောင် မည်သူမျှ လာရောက်ဖေးမထူခြင်းမရှိ။ ရှက်ကိုးရှက်ကန်းနှင့် လူးလဲထရင်း ခပ်လှမ်းလှမ်းကမြောင်းထဲသို့ကျသွားသော ဗန်းကို ပြေးကောက်ရသည်။ နီရဲစွာ ကျဲပြန့်နေသော ဖရဲသီးစိတ်များကတော့ ရစရာမရှိတော့။ သူ့ရင်ဘတ် အိတ်ထောင်ထဲတွင် ငွေနှစ်ရားငါးဆယ်ထဲရှိသေးသည်။ သည်နေ့အဖို့ အရင်းရဖို့မပြောနှင့် အမြတ်ပင် စုန်းစုန်းမြုပ်နေပြီဆိုသာ သူသိလိုက်ပါသည်။ ဖရဲသီးစိတ်များကို နှမြောတသစိတ်ဖြင့် ကြည့်နေရင်းက ပတ်ဝန်းကျင်ကို မျက်စိက ကစားဖြစ်သည်။ သူ့အား ရယ်ကျဲကျဲဖြစ်ကြည့်နေသော ကောင်လေးတွေ၊ ကောင်မလေးတွေကိုတွေ့ရသည်။ ရယ်ရက်လိုက်လေခြင်း။ သူ သိမ်ငယ်စွာခံစားလိုက်ရသည်။ (၁) “မနေ့က နင် ဖရဲသီးဗန်းမောက်ကျလို့ဆို“ အမေးနှင့်အတူ ဗြန်းခနဲထိုင်ချလိုက်သော ခင့်ကို သူမုန်းပါသည်။ နုတ်သွက်အာသွက်နှင့် […]