(၁) သည်ရွာကလေးအေးဆေးလွန်းသည်။ စိမ်းလန်းသော တောင်တန်းများနှင့် ရွာပတ်လည် ယာခင်းများက သည်ရွာ၏ အလှကိုပံ့ပိုးပေးထားသည်။ မြေနီနီလမ်းလေးတစ်လျှောက် ဖုန်မည်မျှထူပါစေ ရွာထဲရောက်လျှင်တော့ စိတ်အမောတွေ တစ်ဟုန်ထိုးလျှောကျသွားရစမြဲ။ ရွာသူ ရွာသားများ၏ နူးညံ့ဖော်ရွေမှု၊ ဧည့်ဝတ်ကျေပွန်မှုတွေနှင့်တင် မောသမျှ ပမ်းသမျှပြေပျောက်သွားရသည်။ ဒါက ပြီးခဲ့သော တစ်နှစ်နှစ်ခန့်က။ ခုတော့ ရွာထဲဝင်လိုက်သည်နှင့် မာထန်နေသော မျက်နာများက အိမ်တိုင်း အိမ်တိုင်းဆီမှာ။ မလိုလားသည့်အရိပ်အရောင်တွေကိုယ်စီကိုယ်ငှနှင့်အရင်လို အရယ်အပြုံး မျက်လုံးတွေနှင့် မကြိုတော့။ ရွာကိုမည်သည့်အရာတွေက ပြောင်းလဲပစ်လိုက်သလဲ မပြောတတ်။ အထူးခြားဆုံးက စိတ်သဘောထား နူးညံ့လှသော ရွာလူကြီး ဦးမော်ရယ် ပင်ဖြစ်သည်။ ဦးမော်ရယ် မည်သည့်အကြောင်းကြောင့် သူတို့အဖွဲ့ကို ရွာထဲမလာစေချင်ရတော့သည်လဲ။ မလိုလားသည့် စကားများပြောလာရသည်လဲ။ သူ သိချင်နေသည်။ သူတို့အဖွဲ့သားတွေလည်း သိချင်နေသည်။ သို့သော် မည်သူမျှ ထုတ်ဖော်မမေးကြ။ လူဖြောင့်စိတ်တိုဖြစ်သူ […]