နွေဦးFebruary 27, 20121min24513
မနေ့ကတော့မင်္ဂလာဆောင် သွားတဲ့နေ့ပေါ့။ရန်ကုန်ထုံးစံ တနင်္ဂနွေနေ့ ဆို မင်္ဂလာဆောင်,အလှူ တခုမဟုတ်တခု သွားရတာပါဘဲ။ ပြည့်စုံတဲ့ လူရည်တတ်တွေမို့ ပွဲက စည်ပါတယ်။ခေတ်မှီတဲ့ မိန်းမပျို ငယ်ရွယ်သူတွေ အပေါင်းအသင်းများတဲ့ပွဲပါ။ ဆိုတော့ကာ ကိုတွတ်ပီရဲ့ မဟေသီ ဒေါ်သေးမျှင်ရဲ့ ရင်ရှား ဖက်ရှင် အထူးခေတ်စားတဲ့ပွဲလို့ပြောလို့ရပါတယ်။လင်းလင်းလက်လက် ပြူးပြူးပျက်ပျက် ..အဲ ပြိုးပြိုးပျက်ပျက် နဲ့ တော်တော်စည်တဲ့ပွဲပေါ့။ ဒီမနက်အထိတော့ ဒီအကြောင်းက ပြောစရာ မရှိသေးပါဘူး။သူ့ခေတ်သူ့အခါ ဝတ်ကြ စားကြ တာ (ကြည့်လို့ကောင်းပါတယ်)။ကိုယ်ကလူကြီးဆိုတော့လူကြီးအမြင်က တမျိုးပေါ့။ ဒီင်္မနက် အော်စကာ ဆုပေးပွဲ ကြည့်မိတော့မှ ပြောစရာစကားတွေ ထွက်လာတော့တယ်။ သူတို့ဆီမှာလဲ ထိုက်သင့်သလောက်တော့ ရင်ရှား ဝတ်ကြတာပါဘဲ။လွန်လွန် ကျွံကျွံ ဖေါ်ဖေါ်ကြူးကြူး တွေလဲ အခါအားလျှော်စွာ ဝတ်တာစားတာ တွေ့ကြမှာပါ။ ဒါပေမဲ့ မြန်မာ မိန်းခလေးတွေနဲ့ ဘာကွာနေလို့ […]