AKKOJuly 5, 20111min35316
မိုးသည်းသည်းထန်စွာရွာလွန်းတဲ့ည ကိုးနာရီမထိုးခင် လူနာရှင်းသွားတာကြောင့် ကျွန်တော်ဆေးခန်းစောစာပိတ်ကာ အိမ်ပြန်ရန် ပြင်ဆင်ပါတယ် … လာနေကြလူနာဟောင်းအဘွားအိုတဦး တစ်ဦးနှင့်အတူ အမျိုးသမီးငယ်တစ်ဦး ဆေးခန်းလာပြပါတယ် ..မိုးထဲ၊လေထဲက တကိုယ်လုံးအစိုခံကာလာခဲ့သဖြင့် ကျွန်တော်လည်း သော့ပြန်ဖွင့်ကာ လူနာပြန်ကြည့်ပေးရတော့တာပေါ့… ။ အဘွားအိုနဲ့ ခင်နေတာကြောင့် အဘွားအိုက မြေးဖြစ်သူကို ခေါ်လာဖြစ်ကြောင်း ရှင်းပြပါတယ်..။ ဘာရောဂါဖြစ်သလဲမေးတဲ့အခါ အမျိုးသမီးရောဂါ ဓမ္မတာထိန်ခြင်းပါ ။ ကလေးမကိုမေးတော့ အိမ်ထောင်မရှိပါဘူး၊ အပျိုဟုပြောပါတယ် ။ အဖွားဖြစ်သူကလည်း ဟုတ်ကြောင်းထောက်ခံတယ် ။ ရည်စားထားဖူးလား လက်ရှိတွဲနေတာရှိလားမေးတော့ မရှိပါဘူးတဲ့လေ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းနဲ့  ဆီးစစ်ကြည့်ရမှာပါလို့ပြောတဲ့အခါ အဘွားအိုက  ခင်မင်နေတဲ့ မျက်နှာထောက်ပြီး မစစ်ပါနဲ့ မိုးကလည်းရွာလွန်းလို့ ရေတွေ စိုနေတာကြောင့် အိမ်ပဲမြန်မြန်ပြန်ချင်ကြောင်း ဆေးကုသမှူသာ မြန်မြန်ခံယူလိုတဲ့လို့ ပြောပါတယ်… ။ […]