manawphyulayDecember 22, 20111min3946
ကလေးများအတွက် Psycho-social support Program များကို ဦးစားပေး ကူညီပေးနေတဲ့ Helping Hands (မြန်မာ့ကမ်းလက် လူငယ်များ) အဖွဲ့မှ သန်လျင်မြို့နယ်ရှိ ဗလအားမာန်ငါးတန် လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းတွင် စာကြည့်တိုက် အသေးစားတစ်ခုအား ထူထောင်ပေးနေပါသည်။ လက်ရှိ အဆောင်အား စာကြည့်တိုက်အတွက် အခန်းကန့်၍ အသေးစား စာကြည့်တိုက်ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။ ကုန်ကျစရိတ်မှာ (၈)သိန်းခန့် ခန့်မှန်းထားပြီး လှူဒါန်းငွေကျပ် (၃) သိန်းခန့်လိုအပ်နေသေးကြောင်း သိရှိရပါသည်။ ဗလအားမာန်ငါးတန်ကျောင်းတွင် ကျောင်းသားအရေအတွက် ၁၂ဝ ယောက် ရှိပြီး သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသားများ နေထိုင်ကြပါသည်။ ကျောင်းတွင် နေထိုင်သူ ကျောင်းသားအရေအတွက်မှာ (၁၀၅) ယောက်ဖြစ်ပါသည်။ ဤကျောင်းအား နာဂစ်မတိုင်မီကတည်းက ဖွင့်လှစ်ထားသည်ဟု ကျောင်းထိုင် ဘုန်းဘုန်းမှ ပြောကြားခဲ့ပါသည်။ စာကြည့်တိုက်လုပ်မည့်နေရာလေးအား အလှူရှင်များ […]