ပုံပြင်မဟုတ်တဲ့ တကယ့်ဘဝတွေ ပိုစ့်ရဲ့ အဆက်ပါ။ ဒီလို မိုးသံလေသံတဝေါဝေါ ဆူညံနေတဲ့ ရွာအခြေအနေအချိန်အခါထဲမှာ ဒီလိုစာလေးတွေ ရေးတင်ဖို့ ဆိုတာက. . . နည်းနည်းတော့ စွန့်စားရပါတယ်။ ဒါပေမယ့် ပထမတစ်ပိုင်းနဲ့ သိပ်မကြာစေလိုတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး တင်လိုက်ရပါတော့တယ် ။ ————————————— မောင်သူရတို့က သနားလို့ အိမ်ပေါ်ခေါ်တင်ထားတဲ့ မိသားစု . . . အချိန်တန်လို့ ဆင်းပါတော့ဆိုတော့ ” ဆင်းမပေးနိုင်ဘူး ”တဲ့။ —————– အိမ်လခလည်း မရတဲ့အပြင်. . . ပေးကမ်းကြည့်ရှုခဲ့သေးတဲ့ မျက်နှာကိုမှမထောက်ထားပဲ. . . အဲဒီ မိန်းမက ”ဆင်းမပေးနိုင်ဘူး” လို့ ပြောပါလေရော ။ […]