thit minOctober 12, 20111min59428
ဝါကျွတ်အမှီလေးပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~ ကျေးငှက်သာရကာတို့၏သာယာနာပျော်ဘွယ်အသံတို့ကိုကြားနေရသည်။တချက်ချက်စူးစူးဝါးဝါးအော်လိုက်သောမျောက် တို့၏အော်သံ၊ခပ်ဝေးဝေးစီမှတောကောင်တို့၏ဟိန်းသံတို့ကဤနေရာသည်တောကြီးမျက်မဲဖြစ်ကြောင်းထောက်ခံနေပုံ။ နင့်နင့်နဲနဲလှမ်းရသောချေလှမ်းတို့ဖြင့်လူတယောက်ကတောကိုတိုးနေသည်။တောဟုဆိုသောလည်းတောင်တန်းငယ်တခု၏ ခပ်နိမ့်နိမ့်တောင်ကုန်းလေးဖြစ်၍အားစိုက်တက်နေရသည်လူခြေသံကြား၍လှစ်ကနဲဖြတ်ပြေးသွားသော ယုန်တကောင်ကိုကြည့်လိုက်ရင်းကျောပေါ်မှအရာကိုနေသားကျအောင်ပြင်လိုက်သည်။ ဟုတ်သည်။ကျောပေါ်မှာအရာတခု။အနီးကပ်ကြည့်လိုက်တော့စောင်နှင့်ပါတ်ကာပိုးထားသော လူတယောက်။သေသေခြာခြာကြည့်လိုက်တော့”အမေအို”တယောက်ပါလား။ မောပန်း၍ကျလာသောသူ့သားလူရွယ်၏ချွေးတို့ကိုအမေအိုကသူလည်ပင်းတွင်ပါတ်ထားသောတ ဘက်ငယ်နှင့်သုပ်ပေးသည်။”သားရေ နားပါအုန်းလားကွယ်” ဟုပြောသည်။ သားက ဘာစကားမှ မတုန့်ပြန်။ အမေအို ၏အရေးအကြောင်းများလှစွာသောမျက်နှာပေါ်မှာ ချွေးစို့နေချင်းကားမရှိသော်လည်းတောက်ပမှုနည်းနေပြီဖြစ်သောမျက်ဝန်းတို့တွင်ကားမျက် ရည်စို့လို့နေသည်။ဤတောဤတောင်ဤနေရာသို့မိမိနှင့်မိမိသားတို့ပျော်ပွဲစားခရီးလာခဲ့ခြင်းမဟုတ်။သားကလိုက်ခဲ့ပါဟုတခွန်းပြောပြီးကျောပေါ်တင်ခေါ်လာခဲ့သည်သာ။ သို့သော်မိမိဒီခရီးကိုသိသည်။မနေ့ကညကစောစောအိပ် ပျော်သွားခဲ့သည်ကတကြောင်း၊အသက်ကြီးလာ၍အအိပ်အနေနည်းလာသည်ကတကြောင်း စောစောနိုးနေသည်။အိမ်ပေါ်ထပ်တွင်အိပ်နေသောသားနှင့်သူ့ဇနီးတို့၏တီးတိုးပြောသံများ ကိုမကြားတချက်ကြားတချက်ကြားရသည်။ စကားလုံးပီလိုက်မပီလိုက်နှင့်နောက်ဆုံးဘာဆိုလိုသည်ကိုသိရပြီ။ သို့ဆို လျှင် မိမိလည်းလုပ်စရာရှိတာလုပ်ရပေဦးမည်။အဝတ်နှင့်ချုပ်ထားသော်အိပ်ကလေးကို ယူလိုက်သည်။အိမ်အောက်သို့အသံမကြားအောင်ဆင်းသည်။အိမ်အောက်တွင်တစုံတရာကို အဝတ်အိပ်ထဲထည့်သည်။ မိုးလဲလင်းတော့မည်ဟုတွေးနေတုန်း သားကလာခေါ်သည်။ အမေလိုက်ခဲ့ပါသားနဲ့ တဲ့။ ဟုတ်ပြီ၊ပြင်ဆင်ထားသောအဝတ်အိပ်လေးကိုယူသည်။ လည်ပင်းတွင်ပါတ်နေကျတဘက်လေးကိုပါတ်သည်။ အဆင်သင့်ဖြစ်နေသောလှည်းကိုတွေ့ရသည်။လှည်းပေါ်တွင်သားကဘာစကားကိုမှမဆို။ တဖြည်းဖြည်းရွာနှင့်ဝေးခဲ့ပြီ။တောတောင်များနှင့်သာယာလှသည်ဟုတွေးနေတုန်း လှည်းရပ်သွားသည်။သားကစောင်တထည်ကိုမိမိကျောမှာလာပါတ်ပေးပြီးသူ့ကျောပေါ်တက်ခိုင်းသည်။ ကုန်းပိုးပြီးတောထဲသို့တဖြေးဖြေးလျှောက်နေသောသား၏ကျောပေါ်တွင်လိုက်လာခဲ့ရသည်ပေါ့။ အင်း လာခဲ့ကြတာနေ့ဝက်ခန့်ရှိပြီပဲ။ တောလည်းတော်တော်နက်ခဲ့ပြီလေ။ ရုတ်တရက်သားဖြစ်သူကခြေလှမ်းများကိုရပ်လိုက်သည်။ ပြီးတော့သူ့ကိုအောက်ကိုခဏဆင်းရန်ပြောသည်။ မိမိအောက်ဆင်းချိန်တွင်သားအတွက်မိမိထည့်ယူလာခဲ့သောစားစရာအထုပ်ကလေးနှင့် ဝါးကျည်ထောက်ငယ်မှရေကိုတိုက်သည်။မိမိပေးသည့်အစားကိုစားပြီးရေကိုသောက်ပြီးသောသားကမိမိကိုတချက်ကြည့်သည်။ ဘာမှမပြော။နောက်တခါထပ်ကြည့်သည်။ဒီတခါတော့ မိမိ မျက်နှာကိုကျော်ပြီးနောက်သို့ကြည့်ခြင်း။ ပါးစပ်အဟောင်းသားဖြစ်သည်။ ရုတ်တရက်ထအော်သည်။ “ဟာ” “ခင်ဗျား၊ ခင်ဗျား” […]