“သဲ”
ဝါကျွတ်အမှီလေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~
ကျေးငှက်သာရကာတို့၏သာယာနာပျော်ဘွယ်အသံတို့ကိုကြားနေရသည်။တချက်ချက်စူးစူးဝါးဝါးအော်လိုက်သောမျောက်
တို့၏အော်သံ၊ခပ်ဝေးဝေးစီမှတောကောင်တို့၏ဟိန်းသံတို့ကဤနေရာသည်တောကြီးမျက်မဲဖြစ်ကြောင်းထောက်ခံနေပုံ။
နင့်နင့်နဲနဲလှမ်းရသောချေလှမ်းတို့ဖြင့်လူတယောက်ကတောကိုတိုးနေသည်။တောဟုဆိုသောလည်းတောင်တန်းငယ်တခု၏
ခပ်နိမ့်နိမ့်တောင်ကုန်းလေးဖြစ်၍အားစိုက်တက်နေရသည်လူခြေသံကြား၍လှစ်ကနဲဖြတ်ပြေးသွားသော
ယုန်တကောင်ကိုကြည့်လိုက်ရင်းကျောပေါ်မှအရာကိုနေသားကျအောင်ပြင်လိုက်သည်။
ဟုတ်သည်။ကျောပေါ်မှာအရာတခု။အနီးကပ်ကြည့်လိုက်တော့စောင်နှင့်ပါတ်ကာပိုးထားသော
လူတယောက်။သေသေခြာခြာကြည့်လိုက်တော့”အမေအို”တယောက်ပါလား။
မောပန်း၍ကျလာသောသူ့သားလူရွယ်၏ချွေးတို့ကိုအမေအိုကသူလည်ပင်းတွင်ပါတ်ထားသောတ
ဘက်ငယ်နှင့်သုပ်ပေးသည်။”သားရေ နားပါအုန်းလားကွယ်” ဟုပြောသည်။
သားက ဘာစကားမှ မတုန့်ပြန်။
အမေအို ၏အရေးအကြောင်းများလှစွာသောမျက်နှာပေါ်မှာ ချွေးစို့နေချင်းကားမရှိသော်လည်းတောက်ပမှုနည်းနေပြီဖြစ်သောမျက်ဝန်းတို့တွင်ကားမျက်
ရည်စို့လို့နေသည်။ဤတောဤတောင်ဤနေရာသို့မိမိနှင့်မိမိသားတို့ပျော်ပွဲစားခရီးလာခဲ့ခြင်းမဟုတ်။သားကလိုက်ခဲ့ပါဟုတခွန်းပြောပြီးကျောပေါ်တင်ခေါ်လာခဲ့သည်သာ။
သို့သော်မိမိဒီခရီးကိုသိသည်။မနေ့ကညကစောစောအိပ်
ပျော်သွားခဲ့သည်ကတကြောင်း၊အသက်ကြီးလာ၍အအိပ်အနေနည်းလာသည်ကတကြောင်း
စောစောနိုးနေသည်။အိမ်ပေါ်ထပ်တွင်အိပ်နေသောသားနှင့်သူ့ဇနီးတို့၏တီးတိုးပြောသံများ
ကိုမကြားတချက်ကြားတချက်ကြားရသည်။
စကားလုံးပီလိုက်မပီလိုက်နှင့်နောက်ဆုံးဘာဆိုလိုသည်ကိုသိရပြီ။
သို့ဆို လျှင် မိမိလည်းလုပ်စရာရှိတာလုပ်ရပေဦးမည်။အဝတ်နှင့်ချုပ်ထားသော်အိပ်ကလေးကို
ယူလိုက်သည်။အိမ်အောက်သို့အသံမကြားအောင်ဆင်းသည်။အိမ်အောက်တွင်တစုံတရာကို
အဝတ်အိပ်ထဲထည့်သည်။ မိုးလဲလင်းတော့မည်ဟုတွေးနေတုန်း သားကလာခေါ်သည်။
အမေလိုက်ခဲ့ပါသားနဲ့ တဲ့။
ဟုတ်ပြီ၊ပြင်ဆင်ထားသောအဝတ်အိပ်လေးကိုယူသည်။
လည်ပင်းတွင်ပါတ်နေကျတဘက်လေးကိုပါတ်သည်။
အဆင်သင့်ဖြစ်နေသောလှည်းကိုတွေ့ရသည်။လှည်းပေါ်တွင်သားကဘာစကားကိုမှမဆို။
တဖြည်းဖြည်းရွာနှင့်ဝေးခဲ့ပြီ။တောတောင်များနှင့်သာယာလှသည်ဟုတွေးနေတုန်း
လှည်းရပ်သွားသည်။သားကစောင်တထည်ကိုမိမိကျောမှာလာပါတ်ပေးပြီးသူ့ကျောပေါ်တက်ခိုင်းသည်။
ကုန်းပိုးပြီးတောထဲသို့တဖြေးဖြေးလျှောက်နေသောသား၏ကျောပေါ်တွင်လိုက်လာခဲ့ရသည်ပေါ့။
အင်း လာခဲ့ကြတာနေ့ဝက်ခန့်ရှိပြီပဲ။ တောလည်းတော်တော်နက်ခဲ့ပြီလေ။
ရုတ်တရက်သားဖြစ်သူကခြေလှမ်းများကိုရပ်လိုက်သည်။
ပြီးတော့သူ့ကိုအောက်ကိုခဏဆင်းရန်ပြောသည်။
မိမိအောက်ဆင်းချိန်တွင်သားအတွက်မိမိထည့်ယူလာခဲ့သောစားစရာအထုပ်ကလေးနှင့်
ဝါးကျည်ထောက်ငယ်မှရေကိုတိုက်သည်။မိမိပေးသည့်အစားကိုစားပြီးရေကိုသောက်ပြီးသောသားကမိမိကိုတချက်ကြည့်သည်။
ဘာမှမပြော။နောက်တခါထပ်ကြည့်သည်။ဒီတခါတော့ မိမိ မျက်နှာကိုကျော်ပြီးနောက်သို့ကြည့်ခြင်း။
ပါးစပ်အဟောင်းသားဖြစ်သည်။ ရုတ်တရက်ထအော်သည်။
“ဟာ”
“ခင်ဗျား၊ ခင်ဗျား”
ဟုဒေါသတကြီးအော်သည်။
သူမြင်လိုက်ရသည်က သဲ တွေ။ သဲ လေးတွေက သူလျှောက်တက်လာခဲ့သောလမ်း တွင်
ခြေလှမ်း လေးငါးလှမ်းလောက် မြင်ရသည့်နေရာလောက်ထိ သဲ တွေ။ မျက်များဖုံးနေသော်
လည်းကျန်သူ လျှောက်လာရာလမ်းတလျှောက် ရှိမည့်ပုံပင်။
“ခင်ဗျား ကို ဒီတော ဒီတောင် ထဲမှာလာပြီးပစ်မယ်မှန်းသိလို့၊ ပြန်စရာ လမ်းသိအောင်
သဲ တွေနဲ့ လမ်းကိုမှတ်တာပေါ့လေ၊ဟုတ် လား” ဟု ဒေါသ တ ကြီး မေးလိုက်သော
သားအ သံကို မိခင်အိုက သည်သို့ တုန့်ပြန်သည်။
“ငါ့သား၊မင်းတို့ တိုင်ပင်နေတာအမေကြားတာမှန်ပါတယ်၊ဒါပေမဲ့ အမေလိုသက်ကြီး
ရွယ်အိုတွေကို စွန့်ပစ်လေ့ရှိတဲ ့ဓလေ့ရှိတဲ့ ဒီရွာမှာ အ မေ့ အတွက် ပြေးစရာ မြေမရှိ
ပါဘူးကွယ်၊ ငါ့သားက စွန့်ပစ်ရင် အမေခံ ရုံပဲမို့ အဲဒီအ တွက် အမေသားရှိရာ ပြန်
လာဖို့လဲစိတ်မကူးပါဘူး၊ ဒါပေမဲ့ သားရယ် မင်းနဲ့အမေ တသက်လုံးနေလာခဲ့
တာဆိုတော့ မှတ်ဉာဏ်မကောင်းတဲ့ အမေ့သား၊ဒီတောဒီတောင် ဘက်ကို တခါဘူး မှ
မရောက်ဖူးရှာတဲ့ အမေ့သား၊ အပြန်မှာ လမ်းမှား မှာပေါ့ကွယ်၊ ငါ့သား အပြန်လမ်းမမှားဖို့
အတွက် သားတို့ အမေ့ ကိုပစ်bဘို့တိုင်ပင်သံလည်း ကြားရောအမေ သဲ လေးတွေ ကို
အိမ်အောက်ဆင်းပြီး ဒီအိပ်လေးထဲကိုထည့်၊မင်းစားဖို့ အစာနဲ့ရေလေးကိုယူခဲ့တာပါ၊
ခုမင်းပြန်မယ် ဆိုရင် သား အဲဒီ သဲ လေးတွေကိုရှာကြည့် ပြီး ပြန်နော်၊ အမေ့အ တွက်မဟုတ်ပါဘူး၊
သားအ တွက် ပါကွယ်” လို့ပြော လိုက်ပါ တယ်တဲ့။
ဪ သဲ လေးတွေက အ မေ့ရဲ့ ချစ်ခြင်း မေတ္တာတွေပါလား………………………..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆရာဖေမြင့်၏”စောင်” ကိုလည်းဖတ်ဖူးကြမှာပါ။
အဖိုးကြီးကို ဘိုးဘွားရိပ်သာ သွားအပို့ သားနှင့်မြေး ကပါလာသည်။
သားက သူ့အဖေ(အဘိုးကြီး)ကို စောင်တထည်နှင့်ခြုံပေးပြီးခေါ်လာခြင်းဖြစ်သည်။
ဘိုးဘွားရိပ်သာရောက်ပြီ။အားလုံးပြီးပြီ။အဘိုးကြီးကိုထားခဲ့ပြီ။ထိုစဉ် ကလေး(မြေး)က
သူ့ အဖေကိုပြောလိုက်သည်။အဖေ အဘိုးစောင် ပြန်ယူရအုန်းမယ် ဟုဆိုသည်။
အဖေကသားရယ် ပေးလိုက်ပါ၊မင်းအဘိုး ဒီမှာသုံးပါစေ ဟုပြောသည်။
ကလေးက မဟုတ်ဘူးလေ အဖေရဲ့အဖေ့ကိုသား လာပို့ရင်အဲဒီ စောင် သုံးရအုန်းမှာမဟုတ်လား တဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရဲရင့်ငယ်မှာ ဒီသတင်းလေးတွေ့လိုက်ရတော့ တော်တော်စိတ်ကောင်းဖြစ်ရတယ်၊ဪ ရက်စက်ပါပေ့ကွယ်။
အပြည့်အစုံဖတ်ချင်ရင်အဲဒီလင့်ခ်လေးမှာပါ။
Credit to (http://www.yeyintnge.com/2011/10/blog-post_57.html)
သမီးနှင့်သားမက် မိခင်ဖြစ်အားတန်ဆောင်းတစ်ခု၌စွန့်ပစ်
သမီးအရင်းဖြစ်သူနှင့် သားမက်တို့က မိခင်ဖြစ်သူအသက် ၈ဝ ဝန်းကျင်အရွယ်ရှိ
အဘွားအိုတစ်ဦးအား ဘုရားတန်ဆောင်းအတွင်း လာရောက်စွန့်ပစ်သည့်ဖြစ်စဉ်
ကြည့်မြင်တိုင်မြို့နယ်၌ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ဝန်းကျင်
အချိန်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။အသက် ၈ဝ ကျော်အဘွားအိုကို
သားမက်နှင့်သမီးဖြစ်သူတို့က အငှားကားနှင့်ခေါ်ဆောင်လာပြီး ကြည့်မြင်တိုင်မြို့နယ်
ကျောင်းကြီးတိုက်ရှိ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတန်ဆောင်းကြီး
အတွင်း၌ ထားသွားခဲ့ကြောင်း သိရှိရသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သီတင်းကျွတ်မှာတင်မကထာဝရကန်တော့ပန်းဆင်ဦးထိပ်တင်နိုင်ကြပါစေဗျာ။
လေးစားစွာဖြင့်
မောင်သစ်မင်း
28 comments
mandalarthu
October 12, 2011 at 10:43 pm
ဟုတ်ပါတယ် ဦးသစ်ရေ ။ ဒီပို ့စ်လေးက သိပ်ကို အတွေးအခေါ်ပါပြီး သီတင်းကျွတ်
လပြည် ့နေ ့မှာဖတ်ရလို ့မိဘကျေ းဇူး ကို အထူးအမှတ်ရစေပါတယ်။
မိဘတွေကို သီတင်းကျွတ်မှာတင်မကထာဝရကန်တော့ပန်းဆင်ဦးထိပ်တင်နိုင်ဖို ့ သားသမီးတိုင်းမှာ တာဝန်ရှိတယ် ဆိုတာ အပြည် ့အဝ ထောက်ခံပါတယ်။
ယနေ ့ခေတ် မှာ မိဘများကို ကျေးဇူးသိသိနဲ ့လုပ်ကျွေးပြ ုစုနေတဲ ့သား သမီး တွေ အရှားသားပါလား။
ကျေးဇူးမဆပ်နိူင်ရင်တောင် မိဘ ကျေးဇူး သိပြီး မိဘကို မိမိကြောင် ့စိတ်မဆင်းရဲစေ ဘဲ
စိတ်ချမ်းသာအောင် ထားနိူင်ရင်ကို အဲဒီ သား သမီး တော် တော် ဟုတ်နေပြီ။
ဘာကြောင် ့လဲဆိုတော ့ပတ်ဝန်းကျင်မှာ မြင်တွေ ့နေရတာတွေက မိဘတွေ ကို
သီတင်းကျွတ်မှာသာ မြန်မာ ့ထုံးတမ်းစဉ်လာ အရ ကန်တော ့ဖို ့သတိရပြီး
ကျန်တဲ ့အချိ်န်တွေမှာ သတိတရနဲ ့”မေမေ ဒီနေ ့နေလို ့ကောင်းရဲ ့လား။ ထမင်းစားမကောင်းရင် ဘာလေးများစားချင်တာရှိလဲ။ အခု ဝယ်ပေးရမလား……”စသည်ဖြင် ့ဂရုတစိုက်နဲ ့မေးဖို ့ ့မေ့နေတတ်ကြပါတယ်။ အများစုကပါ။
မိမိအရေးကိစ္စတွေ သာ နေ ့စဉ် အရေးကြီးနေပြီး မိဘတွေကို တော ့အိပ်ယာပေါ်လဲ မှသာ မျက်ကလဲ ဆန်ပြာ ပြ ုစုရကောင်းမှန်းသိပြီး သေတော ့မှ လူတွေရှေ ့ လူး လိမ့်ငို ကြွေးကြတာကို မြင်ရတဲ ့အခါ
တွေးမိတာက အဲဒီ သားသမီးတွေ ကို သားကောင်း၊သမီးကောင်းတွေ လို ့ခေါ်နိူင်ပါ ့မလား???
ကိုယ်လဲ အဲဒီလို သားသမီးမျိုး ဘယ်တော့မှ မဖြစ်စေရဘူးလို ့ကိုယ်ကို ကို သံဓိဌာန်ချ ဆုံးဖြတ်ထားပါတယ်။ မိဘနှစ်ပါးရဲ ့ကျေးဇူးကို ပိုပြီး သိလာလေ….မိဘတွေကို ကိုယ် ့ကြောင ့် ့စိတ်မဆင်းရဲစေချင်လေပါဘဲ။ တဖြည်းဖြည်း အရွယ်ကျ ပြီးအိုမင်းလာတဲ ့မိဘတွေကိုသူတို ့ရဲ ့ ဘဝနေဝင်ချိန်မှာ ကိုယ်တတ်နိူင်တာလေးတွေ အနားမှာလုပ်ပေးပြီး
စိတ်ချမ်းသာစွာနဲ ့ တရားနဲ ့ကုန်လွန်စေချင်ပါတယ်။
တော်တဲ ့၊လိမ္မာတဲ ့၊မိဘနှစ်ပါးကို ကိုယ် ့ထက်ပိုပြီး ဂရုစိုက်ကျေးဇူးဆပ်နေကြတဲ ့
သား လိမ္မာ၊ သမီးလိမ္မာ လေးတွေ ကိုတွေ ့တိုင်းလည်း ”သူတို ့တွေ တော်လိုက်တာနော်”လို ့
အားကျ ချီးမွမ်း စိတ်နဲ ့သာဓု ခေါ်မိပါတယ်။
ကိုယ်လဲ သူတို ့လို ဖြစ်အောင ် အတုယူပြီး ကြိ ုးစားနေဆဲပါဘဲ။
youngcat
October 12, 2011 at 10:52 pm
အကိုရေ ၊ ဘလိုရေးလိုက်တာလဲ
အတွေးနဲ့ အရေးကတော့
ဂွတ်ပ။
TTNU
October 12, 2011 at 11:08 pm
မာတာမိခင်ကြီးရဲ ့ အသည်းနှလုံးကိုထုတ်ယူပြေးတဲ့ သားကို
အသည်းနှလုံး က စကားပြောလာပြီကွယ်။
သားလူလေး ဘယ်နာသွားသလဲ သားရယ် တဲ့
သားမှားပြီ မှားပြီမေမေရဲ ့ ။
KoNyeinChan
October 13, 2011 at 11:14 pm
မေးစိ တဲ့ ဆရာမ 😀 😀 😀
akswe
October 12, 2011 at 11:47 pm
ကိုသစ်မင်း ရေ အမှန်က ဇာတ်လမ်းကို ဆင်တူယိုးမှားသိပြီးသား ပါ.. ဒါပေမယ့်
အရေးအသားနဲ့ အသုံးအနှူံး ရယ် တဆစ်ချင်း ဆက်တိုက် ဖော်ပြ ပြီး စာဖတ်သူကိုဆွဲခေါ်သွားတဲ့ ကိုသစ်မင်းရဲ့
သရုပ်ဖော် ပုံက ကောင်းလွန်းလို့ အမေအိုကြီး အတွက် သနားဂရုဏာ ဖြစ်ပြီး ကြေကွဲ မိပါတယ်….
talent ကိုလေးစားပါတယ်ဗျာ
weiwei
October 12, 2011 at 11:59 pm
ကိုသစ်မင်း ကဗျာရေးထားတယ်ထင်လို့ …
ဒီလိုဇာတ်လမ်းဆင်တူရိုးမှားတွေ ဖတ်ဖူးပေမယ့် အခုအချိန်မှာဖတ်ရတာ ပိုပြီးအတွေးများစေပါတယ် …
hmee
October 13, 2011 at 1:28 am
ကိုယ်က သားတယောက် မွေးထားလို့ မိခင်တွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာတတ် လာပြီ။ ကလေးတယောက် လူလားမြောက်ဖို့ အရေး မိဘတွေမှာ အတော်ပေးဆပ်ခဲ့ရတာ ကိုယ်တွေ့လေ။ ကိုသစ်မင်းရဲ့ စာလို ဆင်တူယိုးမှားတွေ ဖတ်ဖူးပေမဲ့ အခုကိုသစ်မင်းရဲ့ အရေးနဲ့ သရုပ်ဖော်ကို ဖတ်လိုက်ရတော့ ပီပြင်လွန်းလို့ ခဏငိုင်သွားမိတယ်။
Foreign Resident
October 13, 2011 at 3:03 am
မိဘတွေလည်း မျက်နှာမငယ်ရ
သားသမီးတွေလဲ မညိုညင် / ဝန်မပိရတဲ့
Australia နိုင်ငံမှာလို နိုင်ငံတော်အစိုးရက
တိုင်းသူပြည်သားအားလုံးရဲ့ ( မွေးစကလေး မှသည် ဆေးသမားအလယ် အဖိုးအို အဆုံး )
အခြေခံ စားဝတ်နေရေး ၊ အခြေခံ ပညာရေး ၊ အခြေခံကျန်းမာရေး ၊ အခြေခံအားလုံး ၊
ကိုတာဝန်ယူပေးတဲ့ စံနစ်တစ်ခု တည်ဆောက်ကြရအောင်လားဗျာ ။
ခက်ခဲမယ်ဆိုတာ သိပါတယ် ။
ခင်ဗျားတို့ ပြောပြောနေတဲ့
သယံဇာတ တွေပေါကြွယ်ဝတယ် ဆိုတဲ့ ၊
လူတွေ အရမ်းတော်တယ် ဆိုတဲ့ ၊
ရွှေနိုင်ငံကြီးပဲလေ ။
ကျွန်တော်တို့ တစ်သက် မမှီလောက်ဘူးလဲ သိပါတယ် ။
ဒါပေမယ့် သားမြေးတွေအတွက် အစပြိုး စဉ်းစားကြရအောင်လေ ။
kai
October 14, 2011 at 3:11 am
မှန်ပါတယ်..။
တကယ်က.. လူက လူပါပဲ..။
ငတ်လာ.. မလုံလောက်လာတဲ့အခါ.. ပိုလို့.. လူ့ကျင့်ဝတ်စောင့်ထိမ်းခဲပါတယ်..။
ဆိုတော့..
ယဉ်ကျေးမှု မျက်နှာဖုံးအတင်းတတ်.. သားသမီးတွေက.. မိဘတွေပြန်ကြည့်ဖို့.. တိုက်တွန်းနေမဲ့အစား.. နောင်တချိန်.. ကိုယ်ရောက်လာမဲ့နေရာ (အိုမင်းမစွမ်းအချိန်) အတွက်.. “ကိုယ်တိုင်” ပြင်ထားသင့်တာပါ..။
မြန်မာပြည်မှာ.. လူမှုဖူလုံရေးရံပုံငွေ(Social Security Trust Fund) မဖြစ်မနေထည့်ကြရမဲ့.. စုဆောင်းရမဲ့. .ဥပဒေပြဌာန်းအောင် လုပ်သင့်တယ်..။
ကိုယ့်ဘဝ (အိုမင်းမစွမ်းအချိန်)အတွက်.. ကိုယ်တိုင်စုဆောင်းထားသင့်တာပဲ..။
=
ဘယ်သူမှမလုပ်.. ကျုပ်စလုပ်ပေးမယ်..။
ဒီရွာသားတွေကို.. ပင်စင်ယူချိန်(၆ရနှစ်)ကနေ.. သေတဲ့အထိ.. တလ.. ဒေါ်လာ၁၀ဝ ပြန်ပေးတဲ့စံနစ်လုပ်ပေးမယ်..။
သဘောတူကြသလား..။ 😀
Foreign Resident
October 14, 2011 at 8:16 am
” ပင်စင်ယူချိန်(၆ရနှစ်)ကနေ.. သေတဲ့အထိ..
တလ.. ဒေါ်လာ၁၀ဝ ပြန်ပေးတဲ့စံနစ်လုပ်ပေးမယ် ” 😀
တကယ်လား သူကြီး မနောက်နှင့်နော်… 😛
kai
October 14, 2011 at 2:35 pm
ပြီးခဲ့တဲ့..နှစ်က..ကျုပ်ကို အသက်အာမခံထားဖို့လာပြောတာရှိတယ်..။
တိုတိုပြောရရင်.. တလ ၁၀ဝသွင်း.. ပင်စင်ယူရင်.. သွင်းထားသမျှအကုန်ပြန်ပေးမယ် ဆိုတာပဲ..။
ပင်စင်မယူခင်သေရင်.. ၁သိန်းလျှော်မယ်ပေါ့..။
အဲဒါမျိုး သဘောအခြေခံယူ… လုပ်လို့ရပါတယ်.။
မြန်မာတွေအသက်တိုတော့..
ဥပမာ.. တလ ၁ဝဒေါ်လာသွင်း.. ၆ရနှစ်ကျော်ရင်.. တလ..၁၀ဝ သေတဲ့အထိပြန်ပေးမယ်..။
ကြားထဲသေရင်.. အသုဘစရိတ်အကုန်တာဝန်ယူ… အဲဒါမျိုး..။
ကျန်တာ.. ဘဏ်သမားတယောက်ရှိရင်.. ညှိပြီးလုပ်လို့ရနိုင်ပါတယ်..။ 🙂
ကြောင်ကြီး
October 14, 2011 at 10:04 am
အသက်၆ရနှစ် ပြည့်ခါနီး ရွာသားတွေကို ရှင်းပေးဖို့ စနှိုက်ပါကြောင်ကြီးကို ခိုင်းလို့ရတယ်။ $50 per head. 5 for $200. 😛
MaMa
October 14, 2011 at 2:01 pm
သဂျီးက မန်းတာကို ၁ဝ ပေးတယ်ဆိုလို့ မန်းမလို့ လုပ်တယ် ရွာထဲ ဝင်မရဘူး။ အခုအဆိုကိုလည်း အပြည့်အဝ (စိတ်ပါလက်ပါ) ထောက်ခံဖို့လုပ်တယ် ကွန်မကောင်း။
ကြည့်ရတာ…….
သဂျီးက ပြောမယ့်ပါးစပ်ကို တိပ်နဲ့ကပ်ထားပြီး ကန့်ကွက်မယ့်လူများ ရှိပါသလားခင်ဗျာလို့ မေးနေတာဖြစ်မယ်။ 😉
Foreign Resident
October 13, 2011 at 3:09 am
By the way, Australia နိုင်ငံမှာတော့
ဆေးသမား တွေကို ဖူးဖူးမှုတ်ထား တာတွေ့ရတယ်
သူတို့ Logic က
ဆေးသမား တွေ အဆင်မပြေရင် ရာဇဝတ်မှုပေါမှာဆိုးလို့တဲ့ဗျ ။
ရာဇဝင်လူဆိုး
October 13, 2011 at 11:07 am
အရေးအသားက ရသ တစ်ခုခုရစေတယ် ကိုသစ်မင်းရေ..။
thit min
October 13, 2011 at 12:04 pm
မmandalarthuရေ
တော်ပါပေတယ်ဗျာ၊မိဘကိုမငြင်ညိုတတ်သူတွေကိုသူတပါးကလဲကြည်ဖြူတာလက်တွေ့ပါ။
ကိုyoungcat ရေ
စိတ်ကလေးကို ထဲ့ရေးပါတယ်။ပြောသာပြောနေရတာ။သူ့အလိုလိုရေးမိသွားတတ်တဲ့အကျင့်တခုလိုဖြစ်နေပြီ။
TTNU ဆရာမကြီးခင်ဗျား
ဘယ်တော့မှ မရိုးနိုင်တဲ့ အဲဒီသီချင်းရယ်၊ပြီးတော့ မြခြူသံ၊သီတာရေစင် မိသားစုကန်တော့ပွဲ သီချင်းရယ်ကြားရရင် မိဘတွေကို
ပိုလို့ တွယ်တာမိတဲ့စိတ်ဖြစ်ပါတယ်။ (ပြောရင်းဆိုရင်း ရန်ကုန်ကိုဖုန်းဆက်ကန်တော့အုန်းမှပါပဲ)
ဘရားသား akswe(အဘ=ဗိုလ်ချုပ် လားမသိဘူးနော်) ရေ
အများသိပြီးဇာတ်လမ်းတွေ ပေမဲ့ highlight လုပ်ပေးလိုက်တာပါခင်ဗျာ။
မweiwei ရေ
သစ်မင်းက ကဗျာဆို သိပ်ချစ်တာ၊ အဲဒီလိုလဲ မဝေဝေက စ လိုက်တော့၊ လူ မြစ် သစ်ပင် ကို ချရေးမိသွားတယ်ဗျာ။
မhmee ရေ
သား သမီး ငယ်က မဆုံးမ မိဘ တလည် ရန်သူမည်၏ ဆိုတာ အရင်က စကားသာ ကြား ဘူးခဲ့တာ။ ခု မျက်မြင်ကိုယ်တွေ့တွေ
တွေ့နေရတော့ တာပါပဲ။
ဘရားသား F.R ရေ
အစိုးရရယ် အရပ်ဘက်အဖွဲ့အစည်းတွေရယ် စီးပွါးရေးသမားတွေရယ် ပေါင်းလုပ်တဲ့ ပုံစံလေးတခု အိုဗာစီးဖီးလ်ဝါ့ဒ်မှာ
တွေ့ဘူးတယ်။အပြန်အလှန်ထိမ်းညှိနိုင်တဲ့ သဘောပေါ့ဗျာ။ ကျနော်တို့လို နိုင်ငံမျိုးနဲ့သင့်တော်တယ်ဗျ။
သယံဇာတပေါတာထက် ခွဲဝေသုံးစွဲမှု(Allocation of natural resources) က ပိုအရေးပါတယ် ဆိုတော့ အဲဒီ ဒါရိုက်ရှင် ကိုချိန်းရမှာပေါ့ဗျာ။
အင်း ..လေ နောက် ဆုံးတော့လဲ ကျော်ဟိန်းကကျော်ဟိန်း ပါပဲ။ဒီဘူတာဘဲ ဆိုက်တယ်နော်။
ကိုရာဇဝင်လူဆိုး ရေ
ဆရာ မောင်စိန်ဝင်းကတော့ ရသစာပေဆိုတာနှလုံးသားကနေ ဦးနှောက်ကိုသွားတယ်တဲ့။
ကြိုးစားရေး ချင်ပါတယ်၊ ထိအောင်လို့။
windtalker
October 13, 2011 at 12:10 pm
ကိုသစ်မင်း စာထဲပါ မိုက်ကန်းတဲ့သားဆိုးမျိုးတွေ ပပျောက်ဖို ့
နိုင်ငံ ရဲ ့စီးပွား၊လူမှု၊ကျန်းမာ ၊ပညာရေး အားလုံး အဘက်ဘက်က တိုးတက်ဖို ့အတွက်
ကျွန်တော် တို ့နိုင်ငံသားတိုင်းမှာ တာဝန်သိသိနဲ ့ဝိုင်းဝန်းကြိုးစားကြပါစို ့ဗျာ
MaMa
October 13, 2011 at 2:56 pm
သစ်မင်းကတော့ တမျိုးပြီး တမျိုး မရိုးရအောင် မှတ်ခိုင်းနေတော့တာပဲ။ ကိုယ်ကိုယ်တိုင်လည်း မိဘကျေးဇူးကို တတ်နိုင်သလောက် ဆပ်ပေမယ့် အလိမ္မာကြီးထဲကတော့ မဟုတ်ဘူး။ ဒါပေမယ့် အဲလို ဆိုးဝါးလွန်းတဲ့ သားသမီးမျိုးကိုတော့လည်း ……….
ဒါပေမယ့် လိမ္မာယဉ်ကျေးတဲ့ မိဘက မွေးတဲ့ သားသမီးဟာ အဲလောက်ကြီး မဆိုးနိုင်ဘူး။ ဒါဟာ ပုံပြင်ပဲလို့ ကိုယ့်ဖာသာကိုယ် ဖြည့်တွေးလိုက်တယ်။ (စိတ်ချမ်းသာအောင်လို့)
thit min
October 13, 2011 at 3:21 pm
သဲလေးတွေ ချပြီး လမ်းပြပေးခဲ့တာ ပုံပြင်ဆန်ပေမဲ့ တကယ်ဖြစ်ခဲ့တာ တခုနဲ့ နီးစပ်ခဲ့တာပါ။
ပြောရ ရင် ဂျပန်ပြည်မှာ နဂါနိုစီရင်စုနယ် မှာ ဟိုးရှေးရှေးတချိန်က တကယ်ကြီးကို အဖိုးအို
အဖွားအို တွေကို ပစ်လေ့ရှိတဲ့ဓလေ့နဲ့ ပစ်လေ့ရှိတဲ့ တောင် {姨捨山(おばすてやま・うばすてやま)} တကယ်ရှိခဲ့တာပါ။
(http://ja.wikipedia.org/wiki/%E5%A7%A8%E6%8D%A8%E5%B1%B1 ဒီမှာဓာတ်ပုံရှိပါတယ်။)
မြန်မာမှာလဲရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး တောင် သူ့အမေကို တော
ထဲသွားပစ်ခဲ့တဲ့ ဝဋ်ကြွေးကြောင့်နောက်ဆုံးဘဝမှာ ခိုးသား ၅၀ဝ ရဲ့ ရိုက်နှက်မှုကို တန်ခိုးအရာဧတဒက်ရတဲ့ ကိုယ်တောကြီး မရှောင်နိုင်ရှာဘူးဆိုတာကြားဘူးမှာပါ။
အဲဒီလိုသဘောအရ အာရှနိုင်ငံတွေမှာ တကယ်ရှိခဲ့တယ်လို့ ယူဆလို့ရပါတယ်။
ပေါက်ဖော်
October 13, 2011 at 3:58 pm
အဲလိုမျိုး..ကျေးဇူးကန်းတတ်တဲ့လူတွေ..တစ်ဂယ်ရှိတာပဲနော့်..
ဘာကြောင့်အဲလို..ကန်းဖို ့..ကြံစည်ရဲကြသလဲ မစဉ်းစားတတ်အောင်ပါပဲ..
အံဖွယ်လူသားပါပဲ…
thit min
October 13, 2011 at 4:01 pm
မိန်းမက မလိုလားတာက စတဲ့ဇာတ်လမ်းတွေက များတယ် ညီပေါက်ဖော် ရဲ့။
မင်း မိန်းမ မယူနဲ့ပေါ့ကွာ။
အကို ကတော့နောက်နှစ်ယူမယ် ဟဲဟဲ။
koyinmaung
October 14, 2011 at 2:34 am
ကိုသစ်မင်းရေ
အမိအဖဆရာသမားတွေကို ကန်တော့ကြတဲ့ သသီတင်းကျွတ် အမှီရေးတင်လိုက်တဲ့ ပိုစ်ကတော့
အရမ်းကောင်းလိုက်တာ နောက်လူငယ်တွေသတိထားစရာ သင်ခန်းစာယူစရာပါဘဲ….
အဖိုးအဖွားမိဘတွေကိုစောင့်ရှောက်တဲ့နေရာမှာတခြားနိုင်ငံတွေနဲ့စာယင်တော့ကျနော်တို့နိုင်ငံကတော်အုံးမယ်ထင်တယ် ဒါကလဲဗုဒ္ဓဘာသာတရားရဲ့သွန်သင်ဆုံးမမှုရဲ့အကျိုးကျေးဇူးတွေကြောင့်ပါ..အနောက်နိုင်ငံတွေ
မှာတော့စာသင်တဲ့အရွယ်ထဲကကျောင်းအိပ်ကျောင်းစားပို့ပြီးမိဘတွေကလုပ်ငန်းထဲမှာဘဲနေကြရတယ်
မိဘတွေရဲ့အိမ်ထောင်ရေးကလဲအပြောင်းအလဲများကြတော့မိဘနဲ့သားသမီးသယောစဉ်နည်းမယ်လို့
ထင်ပါတယ်…
နောက်နှစ်အိမ်ထောင်ပြုတော့မယ်ဆိုတော့ရွာထဲလည်းဖိတ်စာပို့လိုက်ပါအုံး….
ကိုပေါက်(မန္တလေး)
October 14, 2011 at 8:49 am
အားလုံးဝိုင်းပြောတာပြည့်စုံနေတော့ ဖတ်ဘဲသွားလိုက်ပါတယ်၊
ဘာမှ သိပ်မပြောတော့ပါဘူး။
ဒါပေမယ် ပိုစ်နဲမဆိုင်တဲ့အမြင်တစ်ခုရှိပါတယ်။
မိဘနဲ့သားသမီးတွေကြားမှာရှိတတ်ကြတဲ့မေတ္တာတရားမှာ အရှေ့အနောက်ကွာခြားမူ့မတူတဲ့အတွက်
အမြင်ခြင်းလဲမတူပါဘူး။
အဲတော့ ကိုယ့်အရပ်ကိုယ့်ဒေသက အမြင်နဲ့ဘဲမြင်ကြည့်ရင်တော့ ကြည်နူးစရာအကောင်းဆုံးပါဘဲ။
blackchaw
October 14, 2011 at 8:50 am
ကိုသစ်မင်းရေ။
တန်ဘိုးရှိတဲ့ စာစုတစ်ခုကို ခင်ဗျားရေးခဲ့တာပါပဲ။
လေးလေးစားစားနဲ့ ဖတ်သွားခဲ့ပြီးသားပါဗျာ။
အခုတစ်ခါ အေးအေးဆေးဆေး ထပ်ဖတ်ပြီးမှ
မန်းလိုက်တာပါ။
AKKO
October 14, 2011 at 1:12 pm
စာကောင်းလေးတစ်ပုဒ်ပါပဲ ။ မိဘကို စွန့်ပစ်ရက်တဲ့ သားသမီးတွေရဲ့စိတ်ဓါတ် ကောင်းမှ ကောင်းသေးရဲ့လား သံသယဖြစ်မိတယ် ။
လူတွေ ကြပ်တည်းလာတဲ့အခါ မွေးခဲ့တာလည်းမထောက် ၊ကျွေးခဲ့တာလည်းမထောက် လုပ်မိလုပ်ရာ လုပ်တော့တာပါပဲ ။ အဲ့ဒီလို သားဆိုး သမီးဆိုးတွေဖြစ်မှာကြောက်သလို ၊ ကိုယ့်ကလေးတွေရလာလျှင် ဒီလိုလုပ်ခံရမှာလည်း ကြောက်တယ် 🙁
etone
October 14, 2011 at 2:01 pm
သဂျီးနဲ့ ကိုနိုင်ငံခြားသားကြီးရေ … ဟိုအဖွဲ့စည်း ဒီအဖွဲ ့စည်းအများကြီး သိပ်မမျှော်လင့်နဲ့ဦး .. အိမ်မှာရှိတဲ့ ကိုယ့်မိဘနဲ့ သက်ကြီးရွယ်အိုကိုပဲ နိုင်နိုင်နင်းနင်း တာဝန်ယူနိုင်လျှင် ဘယ်သူ့ဆီမှာမှ ဝန်ထုတ်ဝန်ပိုး မဖြစ်ပါဘူး … ။
ကိုသစ်မင်းရေ အရေးသားကလည်း ညက်လိုက်တာ … ပို့စ်လေးဖတ်ပြီး စိတ်မကောင်းဘူး ။ ဘဝနေဝင်ချိန်ရောက်လို့ ဆန်ရေဆိုတာ ဖြစ်မလာလျှင် ရင်ကျိုးရချည်ရဲ့ … ။ ဒီတော့ အခုလို အားအင်ရှိတုန်း ပိုက်ဆံများများရှာစုထားမှ .. သားတွေ သမီးတွေ တရုန်းရုန်းနဲ့ ပျော်စရာကောင်းမှာ … ။
ကျွန်မတစ်ခါက ကြားဖူးတဲ့ပုံပြင်လေးရှိတယ် .. အဖွားကြီးတစ်ယောက်က ခဲလုံးတွေကို တယုတယသိမ်းတော့ သားနဲ့ ချွေးမက ရွှေထုပ်အထင်နဲ့ မသေမချင်း လိုလေသေးမရှိပြုစုပါတယ်… သေသွားတော့မှ ခဲလုံးတွေမှန်းသိသွားတဲ့ … ဉာဏ်ပြေးတဲ့ အဖွားအိုအကြောင်းပါပဲ … ။ သူတို့တွေ အင်အားချိနဲ ့ချိန်မှာ သားသမီးတွေ တဖက်တလမ်းက ကူညီစောင့်ရှောက်သင့်တယ် … ။
ဘိုးဘွားရိပ်သာရောက်လို့ ပိုက်ဆံတွေဘာတွေ သွားလှူဖြစ်လျှင် တုန်တုန်ချိချိ အိုကြီး အိုမ အဖိုး အဖွားတွေ တွေ့ရတာ စိတ်ကောင်းဘူး ။
nozomi
October 14, 2011 at 2:35 pm
မနက်ကတဲက မန်းနေတာ လိုင်းပြုတ်ကျသွားတယ် မနေ့ကလဲ တစ်နေ့လုံးသုံးလို့မရဘူး ကျွန်တော့်စက် တစ်ခုပဲလား အကုန်လုံးလားတော့ မသိဘူး
ကိုသစ်မင်းကို ကျေးဇူးတင်ပါတယ် ၊ ပို့စ်ကနေ အကျိုးကျေးဇူး နှစ်ခု ရလိုက်တယ်
သီတင်းကျွတ်မှာ မိဘတွေကိုတော့ ကန်တော့ပြီးသွားပြီး အချိန်မရတာနဲ့ ပြီးပြီးရော သဘောဖြစ်သွားလို့ စိတ်ထဲ မကောင်းဘူးဖြစ်နေတာ ဒီပို့လေး ဖတ်ပြီး စိတ်ထဲကနေ သေသေချာချာ နောက်တကြိမ် ထပ်ကန်တော့လိုက်မိပါတယ်
နောက် ကလေးတွေကို အပျင်းလဲပြေ၊ ဗဟုသုတလဲရ၊ ကိုယ်ဆုံးမချင်တာကို ပုံပြင်လေးထဲမှာ ထည့်ဆုံးမလို့ရတာနဲ့ ကလေးတွေကို ပုံပြင်ပြောဖြစ်တယ် ကြာလာတော့ ပုံပြင်တွေက ရှားလာတယ် ပြောပြီးသားကိုပဲ ဗားရှင်းပြောင်းနေရတာ၊ သဲ ပုံပြင်လေးကို နဲနဲထပ်ဖြည့်လိုက်ရင် မိဘရဲ့ ချစ်ခြင်းမေတ္တာကို နားလည်ခံစားနိုင်မဲ့ ပုံပြင်ကောင်းလေး တစ်ခုရသွားပြီ
စုံ စုံ
October 14, 2011 at 3:16 pm
မိဘ၂ပါးလုံးသက်ရှိထင်ရှားရှိနေချိန်မှာ မိဘကိုစိတ်ချမ်းသာအောင်ထားနိုင်တာဟာကျေးဇူးဆပ်နည်း
တမျိုးဘဲလို့ကြားဖူးခဲ့တယ် လက်ရှိအချိန်မှာလဲကျမမှာမိဘ၂ပါးသက်ရှိထင်ထင်ရှားရှားရှိသေးတဲ့
အတွက် အတတ်နိုင်ဆုံး မိမိကြောင့်စိတ်မဆင်းရဲရအောင်ထားပေးတယ် စားချင်တာရှိရင်လဲ ဝယ်ကျွေးလို့
ရသေးတာ ကံအကောင်းဆုံးလူသားတစ်ယောက်အဖြစ်လဲမှတ်ယူမိပါရဲ့
ဘာ့ကြောင့်လဲဆိုတော့ ကျမအမျိုးသားမှာ မိဘ၂ပါးလုံးမရှိတော့တဲ့အခါကျတော့ သူကိုကြည့်ပြီး
တော်တော်သနားမိတယ် အခုအချိန်မှာသူ့အမေအရမ်းကြိုက်တဲ့မုန့်ဟင်းခါးကိုကျွေးချင်ရင်တောင်
ကျွေးခွင့်မရှိတော့တဲ့ဘဝလို့ကျမကိုပြောဖူးတာလေးကို သတိရတိုင်း ကိုယ့်မိဘကိုပိုသိတတ်မိတယ်
မိဘဆိုတာမသေခင်ကဘဲပြုစုလို့ရတာပါလား