Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘလက်ချော ဖေါက်တဲ့ သီတင်းကျွတ် ဗျောက်အိုး

black chawOctober 12, 20111min41813

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ အပူချိန်ကလည်း စံချိန်တင်အပူချိန်လို့ ထင်ရလောက်ပါတယ်။ ကန်တော့စရာ ရှိတဲ့လူတွေကို ကန်တော့၊ ကန်တော့ ခံသင့်တာလေးတွေလည်း ခံပြီး ရတဲ့ အချိန်လေးမှာ အပူဒဏ်သက်သာတဲ့ အရိပ်အာဝါသ ကောင်းတဲ့ ရွာထဲမှာ ခဏသွားအနားယူရပါတယ်။

ဒီနေ့ သူကြီးကလည်း ရွာသူရွာသားတွေကို မုန့်ဘိုးပေးတဲ့အနေနဲ့ ကွန်းမန့် တစ်ခုကို ၁ဝ ပွိုင့်ပေးနေတာ တွေ့ရ တော့ ပီတိဖြစ်ခဲ့ရပါတယ် သူကြီးရေ။ ဖတ်စရာရှိတာဖတ် မန်းစရာရှိတာမန်းပြီးတော့ နာရီကိုကြည့်လိုက်တော့ ညနေလေး နာရီထိုးပြီးသွားပါပြီ။ ဒီနေ့ ဘလက်ချော ပျော်နေသဖြင့် မိသားစုနှင့် ထမင်းစားရင်း မန္တလေးရမ်လေး နည်းနည်း သောက်မိပါသည်။ သောက်ပြီးရီဝေဝေဖြင့် နက်ဆိုင်သို့ ချီတက်လာပြီး ဤပို့စ်ကို ရေးပါသည်။သတင်းကျွတ်တွင် ဖေါက်တတ်ကြသော ဗျောက်အိုးဖေါက်သလိုသာ သဘောထားပေးကြပါ ရွာသူရွာသားများ ခင်ဗျား။

ဒီနေ့ ဖတ်ခဲ့တဲ့ ပို့စ်တွေထဲမှာ ဆရာ akswe  ရဲ့ သူတို့ပြောတဲ့ အင်္ဂလိပ်စကား ပို့စ်လေးကို သူကြီးက ရွေးထားတာတွေ့လို့ ဆရာ့ ကို မုဒိတာပွား အားကျမိရပါတယ်။ တစ်ပုဒ်ဆို ဆိုသလောက် ခရီးရောက်တဲ့ ဆရာပါပဲ။ အင်္ဂလိပ်စာက လူတစ်ယောက်ရဲ့ အဆင့်အတန်း ကို အဆုံးအဖြတ်ပေးနေတာတွေတွေ့နေရပေမယ့် မလုပ်ဖြစ်သော ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ကွန်းမန့်ပေး ဖြစ်ပါသည်။

ပြီးတော့ ကိုငြိမ်းအေးရဲ့ ကာမေသု ပို့စ် ကို သမန်ကာရှန်ကာ ဖတ်ပါတယ်။ နားလည်းမလည်ပါသဖြင့် ဝင် မဆွေးနွေး ဖြစ်ပါ။

နောက် alinsett ရဲ့ အသိပေးကြေညာချက် ပို့စ် ကို ဖတ်ဖြစ်သည်။ ကျွန်တော်နှင့် အယူအဆတူသော alinsett ကို ထောက်ခံကြောင်း ဝင်မန်းဖြစ်ပါသည်။

Comegyi  zoe   ရာဇဝင်လူဆိုးတို့၏ ပို့စ်များကိုဆက်ဖတ်ဖြစ်သည်။ zoe ရဲ့ ပို့စ်လေးကိုတော့ ကျေးဇူးတင် ကြောင်း ပြောချင်မိသည်။ ဒီလောက်နဲ့ ဝင်မန်းရင် သူကြီးပွိုင့်တွေကို အားနာပါသဖြင့် မမန်းဖြစ်ပါ။

Snow lay ရဲ့ နိုင်ငံရေးသမားလွတ်မြောက်မှု စာရင်း ကိုဝင်ဖတ်မိသည်။ ကိုမင်းကိုနိုင်ကို အထပ်ထပ်အခါခါ ရှာ သော်လည်းမတွေ့သဖြင့် မေးဖြစ်သည်။

သူကြီးရဲ့ ရန်ကုန်/မန္တလေး ကို ဖတ်ပါသည်။

ဆရာ ကြောင်ကြီးရဲ့ဒေါ်အောင်ဆန်းစုကြည် သို့ CLD အိတ်ဖွင့်ပေးစာ ကိုဖတ်ဖြစ်သည်။ ကြောင်ကြီးဆိုသော ပုဂ္ဂိုလ်သည် ခေသူမဟုတ်ဟု ထင်ပါသည်။ လေးလေးနက်နက် အကြောင်းအရာများကို ဟာသဖေါက်ဖေါက်ပြစ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ရေးနေသည်ကို တွေ့နေရသည်။ ရဲရဲတောက်ထောက်ခံဖြစ်ပါသည် ကိုကြောင်ကြီး ခင်ဗျား။

ဆရာ Burma ရဲ့ ကိုးတန်းကျောင်းသား ကျွန်တော့်ရဲ့ရှင်းတမ်း ဆိုသော ပို့စ်ကိုဖတ်ဖြစ်သည်။ ဆရာ Burma ရဲ့ ပို့စ် တွေကို ရသလောက် ပြန်ဖတ်ဖြစ်ပါသည်။ အရင်ကတော့ ဆရာ Burma က မြန်မာဘောလုံးအကြောင်းဆွေးနွေးတာ များပါသည်။ နောက်ပိုင်း ဆရာ Burma ရဲ့ အတွေးအမြင်တွေက တဖြေးဖြေး မြင့်တက်လာခဲ့သည်ဟု မြင်ပါသည်။ ဆရာ Burma ရဲ့ ပို့စ်တွေကို သူကြီး တလေးတစားဖတ်ဖြစ်နေတာ သိသာပါသည်။ ပို့စ် တိုင်းနီးပါး (အကုန်ဟု မဆိုလိုပါ) ဝင်ဆွေးနွေးနေတာကိုတွေ့ရသည်။ကိုးတန်းကျောင်းသားတွေးတဲ့အတွေးတွေကလည်းအရွယ်နဲ့မလိုက်တော့သံသယဝင်မိကြတာမဆန်းပါဘူး။ဒီလို အတွေးတွေ တွေးနိုင်အောင် ဘယ်လိုမိဘမျိုးက ကွန်ထရိုး ပေးနေတာလဲ။ စိတ်ဝင်စားဘို့ ကောင်းပါတယ်သူကြီးရေ။ ကိုယ်တိုင်တွေးတဲ့ အတွေးတွေပဲလား၊ မိဘတွေပေးတဲ့ အတွေးတွေပဲလား ဆိုတာတော့ ဆရာ Burma ပဲ သိနိုင်ပါလိမ့်မည်။ ဆရာkai ၏ ပွင့်လင်းသော အမြင်ကို  သိချင်မိသည်။ အတွေးဆိုတာကတော့ ဘယ်သူတွေးတွေးရတတ်တာမျိုး မဟုတ်လား။ ကျွန်တော်လည်း ဆရာကြီးရွှေဥဒေါင်းရဲ့ အမြင်ကို ပို့စ်တစ်ပုဒ်ရေးဘူးတာ ပါပဲ။ သို့ပေမယ့် ကျွန်တော့် အတွေး မဟုတ်ခဲ့ပါ။ ဆရာ Burma လေးရေ၊ ဦးဘလက်ကို ခွင့်လွှတ်ကွာ။ သားရဲ့ ပို့စ်တစ်ခုထဲမှာလည်း

“ခုနက post တင်နေရင်း ဆရာမရောက်လာလို့ ဆက်မရေးဖြစ်လိုက်ပါဘူး။ ခုဆက်ရေးမလို့ပါ”

လို့ ဆိုထားတော့ သားက ဂဇက်ပို့စ်တင်တာ အိမ်မှာပဲတင်တယ်ဆိုတာသိရပါတယ်။ မိဘတွေရဲ့ အတွေးတွေ များ လွှမ်းမိုးလေသလားလို့ ဦးဘလက်ချောက ထင်မိတာပါ။ အမှန်တကယ်မှားနေရင် ခွင့်လွှတ်ပါကွာ။

ပြီးတော့ ကိုပေရဲ့ သာသာယာယာငါတို့ရွာဆိုတဲ့ပို့စ်မှာကိုအောင်ပုရဲ့မန်းချက်တွေ(နည်းတာမဟုတ်ဘူး)ကို ဖတ်ဖြစ်ပါတယ်။ သူကြီးရဲ့ ကိုဖြိုးပဲ ပြန်ခေါ်လိုက်ပါတော့ ဆိုတဲ့မန်းချက်ကို ဖတ်ပြီး အသံထွက်အောင်ရယ်မိသွားပါ တယ်။ ကျွန်တော် ဂဇက်ထဲကိုရောက်ပြီး ဖတ်မိတဲ့အထဲမှာ ကိုအောင်ပု က နည်းနည်း ထူးခြားပါတယ်။ သူ့မှာ ပြောချင်တာတွေ တော်တော်များနေတဲ့ ပုံပါ။

ဒီလူကတစ်မျိုး၊ ပွင့်လင်းလွန်းတဲ့လူလို့ ပြောရမလား? အပြင်မှာတော့ လူဖြောင့်စိတ်တို တစ်ယောက်လို့ထင်မိပါတယ်။

ဒီရက်ပိုင်းမှာ ပို့စ်နည်းနည်းနဲ့ အရည်အချင်းပေါ်လာတဲ့ ဆရာတွေကိုတွေ့မိနေတယ်။ ဆရာ Diamond Key ရဲ့ ပို့စ်တိုင်းကို ကျွန်တော် မျက်စိကျနေမိတယ်။ မင်းကွန်း ပို့စ်ကို သူကြီးက ရွေးလိုက်တော့ တကယ်ကို မုဒိတာ ပွားမိပါတယ်။ မုဒိတာ ပွားတယ် ဆိုတာ တကယ်တော့ လွယ်လှတာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဆရာ့ရိုက်ချက်တွေနဲ့ အတွေးလေးတွေကို သဘောကျမိနေတဲ့အချိန် သူကြီးကရွေးလိုက်တော့ ကျေနပ်သွားတာမျိုးပါ။ ကိုစိန်သော့ရေ ကျွန်တော် တစ်ဆက်တည်း ပရိသတ်တစ်ယောက်အနေနဲ့ အကြံပေးချင်တာက တစ်ရက်ကို ပို့စ်တစ်ခု တင်ဘို့ မကြိုးစားပဲ ပို့စ်လေးတွေကို တတ်နိုင်သလောက် ရက်ခြားခြားပြီး တင်စေချင်တာပါ။ အေးဗျာ ကျွန်တော်က အရည်အသွေးကို လိုချင်လို့ ပြောတာပါ။ ကျွန်တော်တို့ တွေက စာရေးဆရာတွေမှ မဟုတ်တာ၊ တစ်နေ့ကို ပို့စ်တစ်ခုနှုန်းနဲ့ အရည်အသွေးရှိတဲ့ ပို့စ် ဘယ်နှစ်ခု ဖန်တည်းနိုင်မှာတဲ့လဲ။ ကြာတော့ အကြောင်းအရာတွေ ကုန်သွားမှာမဟုတ်လား။ ထူးအိမ်သင် စကားနဲ့ ပြောရရင် ပါရမီသက်ကုန်သွားရင် ပညာနဲ့ အသက်ဆက်ရတယ်တဲ့။ ကျွန်တော်တို့ ရွာသူရွာသား တွေ ပါရမီရှင် ဘယ်နှစ်ယောက်ပါမလဲ။ ပါခဲ့ရင်ကောတစ်နေ့ ပို့စ်တစ်ခုနှုန်းနဲ့ ဘယ်နှစ်ရက်ရေးနိုင်မှာတဲ့လဲ။ ပါရမီပို့စ်တွေကို နှမြောနေမိတဲ့ ရွာသားတစ်ယောက်ရဲ့ ခတ်ညံ့ညံ့ အတွေးတစ်ခုလို့ ယူဆပေးပါဗျာ။

Etone ရဲ့ မှတ်တိုင် ပို့စ်ကို ဖတ်တယ်။ download ဆွဲပြီးနားထောင်တယ်။ ဘာမှမကြားရဘူး etone ရေ။

Whowho ရဲ့ ခေါင်းဆောင်ချုပ်ကြီး ပို့စ်ကို လေးလေးစားစား ဖတ်ဖြစ်တယ်။ မန်းတော့ မမန်းဖြစ်။ ဉာဏ်ရည်မမီတာလည်းပါသည်။

ကိုပေရဲ့ ဂျာနယ်ဖတ်ခြင်းကို ဖတ်ဖြစ်ပါတယ်။ ဘာမန်းရမှန်း မသိတဲ့အတွက် မမန်းဖြစ်ပါ။

ပြီးခါနီးမှ fatty ရဲ့ သတင်းကျွတ်ပြန်ပေါ့ နဲ့  ပေါက်ဖေါ်ကြီးရဲ့ ရွှတ်ဖတ် နှပ်ချေးထွက် ပို့စ်နှစ်ခုတက်လာလို့ ဖတ်ဖြစ်ပါသည်။ ပေါက်ဖေါ်ကြီးကို မူးနေသူချင်း ဝင်နောက်မိပါသည်။ အဲမေ့တော့မလို့ ပေါက်ဖေါ်ကြီးရေ။ ဂဇက်မှာ ဂယာ သွားတုန်းက ဓါတ်ပုံတွေတင်တာ ပေါက်ဖေါ်ကြီးရဲ့လမ်းညွှန်ကိုဖတ်ပြီးတင်တဲ့အတွက် ပေါက်ဖေါ်ကြီးက ဘလက်ချောရဲ့ ဆရာပါ။ ဆရာက ဆရာပါ ဆရာရယ် ဆရာစိတ်မဆိုးပါနဲ့လို့ သတင်းကျွတ်မှာ မူးမူးနဲ့ တောင် ပန်း ပါတယ်။ ဟားဟား။

ပြီးတော့ မြန်မာ့မီးရထားနာမည်နဲ့ MaMa ။ သူ ဘုရားဖူးထွက်မယ်ဆိုတာလေးကိုဖတ်မိလို့ ဘလက်ချော ရေးစရာ အတွေးရပြီး ရေးရကောင်းမှန်းသိခဲ့တဲ့ ဂယာပို့စ်တွေအားလုံးအတွက် MaMa လည်းကျေးဇူးရှိပါတယ်။ ရှဲရှဲ့။

Foreign Resident ဆိုတဲ့ ပုဂ္ဂိုလ်ကြီးနဲ့ TTNU ဆိုတဲ့ ဆရာမကြီးကိုလည်း ကျေးဇူးတင်ကြောင်း၊ ဘာကြောင့်လဲဆို တာ ထည့်မပြောတော့ဘူး။ သိနေပြီးသားတွေကို ထပ်ပြောရင် ပေါ့သွားမှာစိုးလို့ပါ။

နောက် “ကျမ ရင်ထဲက ရာဇဝင်မြို့တော်” ဆိုတဲ့ ပို့စ် နဲ့ သူကြီးရဲ့ရွေးခြယ်ခြင်းကို လက်ခံရရှိခဲ့သော pooch ကိုလည်း မုဒိတာပွားမိပါကြောင်း။ အားကျမိပါကြောင်း pooch ရေ။

ဓါတ်ပုံတွေနဲ့ ရွာသူရွာသားတွေကို ဖမ်းစားနေနိုင်တဲ့ ကိုပေါက် (မန္တလေး)၊ ကိုစိန်သော့ကြီး နဲ့ ကိုချိုတို့ကိုလည်း သတင်းကျွတ် ကျေးဇူးတင်စကားလေးပြောချင်ပါတယ်။ ခင်ဗျားတို့ ဓါတ်ပုံရိုက်ထွက်ရင် ကျွန်တော့်ကိုခေါ်လိုက်ပါ။ လှည်းပဲမောင်းရမောင်းရ၊ ကျွဲဘဲကျောင်းရကျောင်းရ၊ မော်ဒယ်ဘွိုင်းလုပ်ပေးပါ့မယ်ဗျာ။

ငြင်းစရာရှိရင် ဖင်ပိတ်ငြင်းတယ်ဆိုတဲ့ ကိုရင်စည်သူ ရေ။ ခင်ဗျားရေးတဲ့စာထက် ခင်ဗျား လိုဂိုမှာတင်ထားတဲ့စာ ကို ပိုကြိုက်နေမိကြောင်းလေး ဟားဟားဟား။

မှတ် ဆိုတဲ့ ပို့စ် ပိုင်ရှင် ကိုသစ်မင်းလေး ဟော အခုပဲ “ သဲ “ ဆိုတဲ့ ပို့စ်လေးတက်လာတယ်။ နောက်နေ့မှ ဖတ်တော့မယ်ဗျာ နော။

ဟော ကိုသစ်မင်းလေးရေ။ ရန်ပွဲနောက်တစ်ခုရဲ့ အစကို မမကြီးရဲ့ စနေလမ်းခွဲ မှာ တွေ့ရပြန်ပြီဗျာ။

သတင်းကျွတ်လပြည့်ညကြီးမှာ မမကြီးရေ။ ကျွန်တော်လေးလေးစားစားတောင်းဆိုပါရစေ။ အီးမေးလ်လိပ်စာလေးတွေ ကိုယ်စီပေးပြီး အပြန်အလှန် ပို့ကြရင်ပိုကောင်းမယ်လို့ အကြံပေးပါရစေဗျာ။ ဂဇက်ရဲ့ အလှကို ထိခိုက်မှာ စိုးလို့ပါ။ ဝင်လည်း မမန်းရဲဘူးဗျာ။ ဟိုနေ့က သူကြီးက သောက်ကျိုးနဲ ပွိုင့် နှစ်ဆယ်တောင် နှုတ်လိုက်တယ်ဗျာ။ နှဖူးကချွေး ခြေမ ထိအောင်ရှာထားရတဲ့ ပွိုင့်လေးတွေကို နှမြောလို့ ကိုယ့်ပို့စ်ထဲက ပဲရေးလိုက်တော့တယ်။ မနက်ဖြန်တော့ ရွာမှာ ဘာတွေ ဖြစ်အုန်းမယ်မသိဘူးဗျာ။ ဟားဟား မနက်စောစောထ ရွာထဲကိုဝင်မှ တော်ကာကျမယ်ထင်တယ်ဗျို့။

စိတ်ဓါတ်တွေ အရမ်းကျနေသည်ဆိုသော weiwei တစ်ယောက် စိတ်ဓါတ်တွေ ပုံမှန်ပြန်ဖြစ်ပါပြီလား။ နောက်တစ်အုပ် ညွှန်းဘို့လိုရင်ပြောပါနော။

စာအုပ်တွေဈေးကြီးလို့ ဝယ်မဖတ်နိုင်ပါဆိုသော Manawphyulay ရော ကျွန်တော်ညွှန်းတဲ့ စာအုပ်လေးဖတ်ပြီးပါပြီလား သိချင်မိပါသည်။

အဆုံးသတ်ရလျှင် zawmaung ဆိုသော ပုဂ္ဂိုလ်လေးရဲ့မန်းချက်တွေ မဖတ်ရတာ ကြာပါပြီ။ zawmaung တစ်ယောက် ဘယ်ရောက်နေသနည်း။ zawmaung ရဲ့ ကွန်းမန့်လေးတွေက နည်းနည်း ထူးခြားတယ်လို့ ထင်မိတယ်ဗျာ။

ရွာတော်ရှင်ဆူး ဒီရက်ပိုင်းမှာ ပျောက်နေပါသည်။ သတင်းကျွတ် လူကြီးသူမများကို ကန်တော့ကြသော ရွှေအိမ်စည်၊ lone တို့ရဲ့စာများ က ရွာအလှကို ပေါ်လွင်စေပါသည်။

ရွာသူရွာသား လူပျိုကြီး အပျိုကြီးတွေ မိန်းမမြန်မြန်ရပါစေ၊ ယောင်္ကျားမြန်မြန် ရပါစေ။

သီတင်းကျွတ်လပြည့်ညကြီးမှာ ပျော်စရာရှိလို့ ပျော်ပြီး အရက်သောက်ကာ ဒီပို့စ်ကို ရေးမိပါသည်။ မူးမူးနှင့် သွေးကြွနေသဖြင့် အမှားအယွင်းများပါနိုင်ပါသည်။ ခွင့်လွှတ်ကြပါ အရပ်ကတို့…။

13 comments

  • weiwei

    October 12, 2011 at 11:40 pm

    သတိတရမေးထားလို့ ကျေးဇူးတင်ပါတယ်လို့ အရင်ပြောပါရစေ …
    စိတ်ဓါတ်ကျလွန်းလို့ ဝါကျွတ်မှာ သီလရှင်အပြီးဝတ်လိုက်ရင် ကောင်းမလားလို့တောင် စဉ်းစားနေမိတယ် … 😛
    စာအုပ်ဆိုင်ကို မရောက်ဖြစ်လို့ ကိုဘလက်ချောညွှန်းတဲ့ စာအုပ်ကို ဝယ်မဖတ်ဖြစ်သေးဘူး …
    ပို့စ်မတင်ဖြစ်တာကြာလို့ ဒီည တစ်ခုရေးပြီး တင်လိုက်ပါတယ် …

  • ပေါက်ဖော်

    October 12, 2011 at 11:41 pm

    ၄ စားပါတယ်..ဦးချောကြီး……
    ဦးချောကြီး ပို ့စ်က ဒီတစ်ပတ် ဂေဇတ် ရီဗျူးဆိုလဲ မှန်ပါတယ်..
    တက်သမျှပို ့စ်တော်တော်များများ..လဲ လေ့လာထားတာဆိုတော့..
    တော်ယုံ မဖတ်မိသူတွေအတွက်..လမ်းညွှန်လဲ ရတာပေါ့..ဗျာ..
    ဒီပို ့စ်နဲ ့.ရွာအဖြစ်အပျက်တွေ..ကွက်ကွက်ကွင်း..ကွင်းပါပဲ..
    ကွန်းမန် ့တစ်ဆယ် ပေးထားတာလဲ ဦးချောသတိပေးမှ သိတယ်ဗျာ..ဟဟဟ
    မန်းတဲ့လူက တစ်ဆယ်..အမန်းခံရတဲ့လူက ၅ ပွိုင့်..ပါ..ရွာသားတို ့ရေ……
    ဒါကတော့ သဂျီးရဲ့ သတင်းကျွတ်မုန် ့ဖိုးလေလား မပြောတတ်..
    ဂွတ်ည..
    ကျုပ်လဲ နဲနဲမူးနေဘီ..
    အေ့..

  • akswe

    October 13, 2011 at 2:33 am

    အော် …ဒီလိုလားကိုနက်ချောရေ… ကောင်းနေတာတောင် ဒါမျိုးလေးတွေ ကို ရေးပြီး စာတစ်ပုဒ်ဖန်တီး နိုင်သေးတယ်..ဉာဏ်တွေ အတွေးတွေ ဘယ်ကများ ထွက်ကျ လာပါသလဲ မေးချင်စမ်းတယ်..တော်ပါ့…

  • thit min

    October 13, 2011 at 9:17 am

    ဘရာသာဘလက်ရေ
    ဟုတ်တယ်ဗျ၊ ဘယ်ဟာကတကယ်နိုင်တာလဲဆိုတာမသိသေးရင်တော့ဘယ်ပြီးတော့မှာလဲဗျာ။
    ဒီမှာလာပြောကြရင်း လူချင်းတွေလဲ သိနေပုံတွေဆိုတော့ကာ အပြင်မှာကိုယ်ထိလက်ရောက်တွေဖြစ်မှာ
    ကို စိုးရိမ်တာပါပဲဗျာ။ ရန်ဆိုတာ မီးခဲကိုကိုင်ပီး ပစ်ရသလိုပါပဲဗျာ။ သူ့ကို ပူစေချင်လို့ ကိုယ်က မီးခဲ ကို
    အရင်ကိုင် ပီးမှ ပစ်ရတာဆိုတော့၊ မပစ်ခင်ကောပူ၊ ပစ်ပြီး တော့လဲအရှိန်မသေဘဲ ပူ၊ အပစ် ခံရသူက
    နောက်မှ ခံရတာက ကိုယ်ကအရင်။

  • Diamond Key

    October 13, 2011 at 11:01 am

    blackchaw ရေ၊
    အကြံပေးတာကို လေးလေးစားစား လိုက်နာပါ့မယ်။

  • windtalker

    October 13, 2011 at 12:39 pm

    ကိုဘလက် ရဲ ့ပို ့စ်ကို ဖတ်အပြီးမှာ
    ကိုဘလက်ကို ကပ်တိုးလေး သတင်းပေးရဦးမယ်
    ဒီရွာထဲမှာ
    လူပျိုကြီး ၊ အပျိုကြီး တွေ
    မနည်းဘူးရယ်ဗျ
    ဟီဟိ
    ကျုပ်တောင် စဉ်းစားနေတာ
    သူတို ့အတွက် အကျိုးဆောင် ကုမ္ပဏီ ဖွင့်စားရင်
    တော်တော် အာကေ ကျန်မှာပဲ ရယ်လို ့ …
    ဒါပေမယ့် မောင်ပေ့မှာ လက်ရှိအလုပ်တွေ နဲ ့
    လုံးချာလည် ရိုက်နေလို ့
    ကိုဘလက် ပဲ
    လှုပ်ရှားချင် လှုပ်ရှားလို ့ရအောင်
    အိုင်ဒီယာ အစပျိုးပေးခဲ့ပါတယ် ဗျို ့
    “ မောင်ပေ့ ရဲ ့သီတင်းကျွတ် လက်ဆောင် ” ပေါ့

    • inz@ghi

      October 13, 2011 at 12:46 pm

      ကောင်းတယ် ကိုပေ ….ခင်ဗျားတို့က အကျိုးဆောင် ..သူတို့ တကယ်ဆောင်ရင် …လက်ဆော့တဲ့ ကိုပေါက်ကို လက်တို့ပြီး ကျနော်တို့ ဒါ့ပုံလိုက်ရိုက်ကြမယ် ….ဝါကျွတ်ကာလ ပရိုမိုးရှင်းဆိုပြီး …မင်္ဂလာဒါ့ပုံရိုက်တဲ့ မင်္ဂလာစုံတွဲတွေကို
      ကလေးကင်ပွန်းတပ်ကျရင် ဖရီး၁ပုံ လာရိုက်ပေးမယ် ဆိုပြီး ကြော်ငြာရမယ် … 😀

  • MaMa

    October 13, 2011 at 1:41 pm

    ဘလက်ချော ရေးခဲ့တဲ့ ဂယာပို့စ်တွေကနေ အချက်အလက်တွေရပြီး ပြန်ရေးနိုင်ခဲ့တဲ့ ပိုစ်တွေအားလုံးအတွက် blackchaw ကိုလည်း ပြန်လည်ကျေးဇူးတင်ရှိပါတယ်လို့ ပြောချင်ပါတယ်။

  • etone

    October 13, 2011 at 2:05 pm

    ကိုချောကလက်ရေ … ကျွန်မရီကောရင်းလုပ်ထားတဲ့ ဖိုင်ကို မူရင်းအတို်င်း တင်ပေးထားတာ .. မကြားရဘူးဆိုလို့.. သရဂျီးကိုပဲ အပူကပ်ရတော့မယ် … ။ ရေးပြထာထက် သူပြောနေတာလေးတွေ ကြားစေချင်လွန်းလို့ပါ .. ဘာသာရေး အဆွယ်တရားဟောတာပါ … etone နဲ့တွေ့လို့ .. အရစ်ခံလိုက်ရတဲ့ အဖြစ်ပါ … ။ 🙂

  • ဆူး

    October 13, 2011 at 2:49 pm

    ဆူး လည်း သံယောဇဉ် သိပ်များပြီး နေ့နေ့ ညည အလွတ်မပေးပဲ အကုန်ဖတ်ချင်တဲ့ စိတ်ကို ဆုံးမ တဲ့ အနေနဲ့ မဝင်ပဲ နေနိုင်အောင် ကြိုးစားနေတာပါ။ လပြည့်နေ့ကတော့ ဥပုသ်စောင့်နေလို့ မဝင်တော့ဘူးလို့ တွေးပြီး မဝင်ဖြစ်တာပါ။ စာရေး စာဖတ်တဲ့ အလုပ်ကို ဝါသနာ ပါလို့ မဟုတ်ပေမဲ့ ဘယ်လိုဖြစ်ပြီး ပိုစ်တွေ ဒီလောက် တင်ဖြစ်သလဲ ကိုယ့်ဟာကိုတောင် တခါတခါ တွေးတွေးမိတယ်။
    နောက်များ ရံဖန် ရံခါ ပျောက်လိုက် ပေါ်လိုက် လုပ်အုန်းမည်။

  • ကျနော်ကတော့ သီတင်းကျွတ်လက်ဆောင်အထူးမပေးတော့ဘူးနော်၊
    ပေါက်ကရတွေးမိတာတွေကိုလဲအတွေးပါးပါးလေးဆိုပြီးလက်ဆောင်တွေပေး၊
    မြင်သမျှကို မနေနိုင်မထိုင်နိုင်ဓါတ်ပုံရိုက်ပြီးလက်ဆော့လို့ဆော့ နဲ့
    ဘလက်ချောပြောသလို ကိုယ့်ဦးနှောက်ရေတွင်းလေးရေခန်းသွားမှာစိုးလာတော့ ချွေတာပြီး
    ခတ်နေရတယ်ဗျို့။
    အလုပ်တစ်ဖက်ကြားက မအားဘဲဝါသနအရလုပ်ရတာဆိုတော့ ဝမ်းစာထပ်ဖြည့်ဘို့ ဆိုတာလဲ
    အခက်သားဘဲနော.်။
    သတိတရ ကိုပေါက်ကို ပြောလို့ကျေးဇူးပါနော်
    မော်ဒယ်ဘွိုင်းလုပ်ချင်တယ်ဆိုရင်တော့ သဘာဝလောကကြီးထဲ့မှာ သဘာဝအတိုင်း
    မှတ်တမ်းတင်ဘို့ စိတ်ကူးတော့ ရှိတယ် ရိုက်ဖြစ်ရင်ခေါ်လိုက်မယ်နော်………………

    • windtalker

      October 13, 2011 at 7:35 pm

      အဲဒါ ဘာလဲ သိနေသလိုလိုပဲနော်
      ရာရာပေါက်

  • blackchaw

    October 13, 2011 at 8:18 pm

    ကိုပေါက်ရေ။ ကျွန်တော်လည်း နေ့တိုင်း ပို့စ်တစ်ခုခုကိုတင်ချင်နေမိတယ်။
    တစ်နေ့ကို ပို့စ်တစ်ခုနဲ့ ဘယ်နှစ်ရက်များ ကျွန်တော် လိုလူတွေက ခံမှာတဲ့လဲ။
    ကျွန်တော်တို့ ရွာသူရွာသားတွေ ဆင်ခြင်သင့်တဲ့ ကိစ္စလို့ ထင်မိပါတယ်။
    နည်းနည်းရေးပြီး ရေးသမျှလေးတွေက quality ဖြစ်နေရင် မကောင်းဘူးလားဗျာ။
    တစ်ကယ်ကို စေတနာနဲ့ ပြောတဲ့ စကားလေးပါ။
    ကိုပေါက်တို့လို စီနီယာတွေက ဆွေးနွေးသင့်တဲ့ အကြောင်းအရာ တစ်ခုလို့မြင်မိပါတယ်။

Leave a Reply