Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သီတင်းကျွတ်ပြန်ပေါ့ …… (အဝေးရောက်များအတွက်)

fattyOctober 12, 20112min67128

ဘယ်သူဖြစ်ဖြစ် တခြားတိုင်းတပါးရောက်နေရင် ကိုယ့်ပြည်ကိုယ့်ရွာကို သတိရကြတာပါဘဲ။ ကျနော့တုန်းကတော့ အလုပ်ကြမ်းလုပ်ရပါတယ်။
ပိတ်စတွေအရောင်ဆိုးတဲ့စက်ရုံမှာပါ။ မြန်မာသီချင်းလေးအားကိုးပြီးလုပ်ရပါတယ်။ အခုလဲ အဝေးရောက်များများအတွက် အလွမ်းပြေ
အထောက်အကူဖြစ်ပါစေဆိုပြီး ငယ်ငယ်ကကြုံခဲ့ရတဲ့ သီတင်းကျွတ်လမ်းဘေးပွဲတော်လေးကိုတင်ပြလိုက်ပါတယ်။


အဲဒီအပါ်ပုံထဲကလိုပါဘဲ ကြော်ကြလှော်ကြ ရောင်းကောင်းကြပါတယ် ..။ မိုးက အခုမှကင်းစင်သွားတာကိုး။ လူတွေလဲ ပွဲငတ်နေတာ
ကြာပြီလေ …။ ဟိုးဟို ….တုန်းကပေါ့ ကမာရွတ်ကနေအောက်ကြည့်မြင်တိုင်လမ်းမကြီးတလျှောက် ဘာပြောကောင်းမလဲ
ကြိတ်ကြိတ်တိုးဗျား … လူချင်းဆိုတာ ပွတ်ပြီးသွားရတယ် ..။ဒီဘက်ပွတ်လိုက်မလွတ်ရင်ဟိုဘက်လှည့်ပေးလိုက်နဲ့ …။
ကဲပါလေ …. ပုံတွေဘဲ ဆက်အားပေးကြပါအုံး …။

ဝမ်းနည်းစရာကတော့ ဗန္ဓုလဦးထုပ်လေးတွေ ဓါးလေးတွေ စက္ကူမျက်နှာဖုံးလေးတွေမတွေ့ရတော့ဘူး
မိုးကြောင့်မလာတော့တာလား သူတို့နေရာမှာ နိုင်ငံခြားကလာတဲ့ ပူဖောင်းတွေဝင်လာလို့ဘဲလား။

ပြီးတော့ …. သီတင်းကျွတ်ပြီမောင်ရယ် .. လို့ပြောမှာလား …
…………သီတင်းကျွတ်ပြီ မ ရယ် …. လို့ပြောမှာလား ….
နှစ်ယောက်လုံးက မသိချင်ယောင်ဆောင်နေကြမှာလား ……..။

………………. ရွှင်လန်းချန်းမြေ့ကြပါစေ …………

28 comments

  • ပေါက်ဖော်

    October 12, 2011 at 9:48 pm

    တစ်ခါမှ မလည်ဖူးလို ့လားမပြောတတ်..
    စည်တာမှ တော်တော်စည်တယ်ဗျာ…
    ဒီမှာ..သတင်းကျွတ် ဘယ်လောက်စည်သလဲဆိုတာ..ဦးဖတ် ပုံတွေနဲ ့တင်..သိသာပါပြီနော့်
    ကျနော်တော့ ဂဏန်းကြော်နဲ ့ .ဆလက် ရွက်ကို သရေကျနေဘီ..
    ရှလွှတ်..

    • ဆူး

      October 13, 2011 at 2:27 pm

      ဂဏန်းကြော် ရဲ့ ဗိုက်ထဲက အနီတွေက ဂျုံကို ဆေးနီလုပ်ပြီး ကပ်ထားတာ.. ဂျုံ မဟုတ်ရင် ဆန် ဖြစ်လိမ့်မယ်။ အတုတွေ.. တခါ ထိပြီးပြီ.. လူတွေ အကျင့်ပျက်နေကြတာတော့ ပြောမယုံ ကြုံဖူးမှ သိလိမ့်မယ်။

  • koyinmaung

    October 12, 2011 at 10:19 pm

    သီတင်းကျွတ်သွားပြန်ဘီပေါလား…
    ဓါတ်ပုံလေးတွေတင်ပေးတာကျေးဇူးတင်ပါတယ်
    အလွမ်းပြေတာပေါ့…….

  • mandalarthu

    October 12, 2011 at 11:02 pm

    ဦး fatty ေ၇
    လက်ဦး သွားပြီနော်။
    ကျွန်တော် က မန်းတလေးကျောက်တော်ကြီး ဘုရားကြီးရဲ ့ပွဲဈေးတန်းပုံလေးတွေ တင်မလို ့စုနေတာဗျ။
    အဝေးရောက် မြန်မာများ အတွက် အလွမ်းပြေပေါ ့ဗျာ ။
    အခု ဦးဖက်တီးတင်လိုက်တော ့လဲ
    အလွန်ကောင်း ပြီး သရုပ်ပေါ်တဲ ့
    သီတင်းကျွတ်လမ်းဘေးပွဲတော်လေး ပါဘဲ။
    ဂဏန်းကြော်တော ့ စားချင်လာပြီ။

  • htoosan

    October 12, 2011 at 11:19 pm

    ဦး fatty ..ဇာဇာ ရတနာ တို့ ပွဲကော သတိမရဘူးလား … ဟဲဟဲ ..

  • akswe

    October 12, 2011 at 11:58 pm

    ဦးဖက်ရယ် ဥပုသ် ယူထားပါတယ်ဆိုမှ ဒါတွေလာပြရသလား……ပုတီးကို ဂဏန်းကြော် ဂဏန်းကြော် လို့ စိပ် နေရ အောင်လုပ်တာ…
    အရင် အင်းစိန်မှ ရှိတဲ့ လွပ်လပ်ရေး ကွင်းက ပွဲတွေ ကို လွမ်းမိတယ် ခုမရှိတော့ဘူး ဖျက်လိုက်ကြပီ….

  • hmee

    October 13, 2011 at 1:02 am

    လွမ်းလိုက်တာဗျာ။ ဂဏန်းကျော်လေးကို အချဉ်ရည်လေးတို့ပြီး လွေးချင်လိုက်တာ။ အမဲအူပြုတ်ဆိုင်လေးကော မတွေ့ဘူးလား လေးဖက်ရဲ့။

  • Foreign Resident

    October 13, 2011 at 1:58 am

    မြန်မာပြည်မှာ Jumping Castle တွေတောင်ခေတ်စားနေပြီနော် ။
    တစ်ခါစီး ဘယ်လောက်လဲ ။
    Aussie မှာ ၁၅ မိနစ်ကို ဒေါ်လာ ၂ဝ လောက်ပေးရတယ် ။

  • သီတင်းကျွတ်ပြီဆိုတော့လည်း ဘာအစီအစဉ်မှ မရှိသေးတော့
    နောင်နှစ်ဆိုရင်တော့… ဆိုရင်တော့လို့ပဲဆိုပြီးတော့…

    တစ်မြေစီ ခွဲနေရတုန်းပဲပေါ့။

  • kai

    October 13, 2011 at 5:15 am

    လူချင်းဆိုတာ ပွတ်ပြီးသွားရတယ် ..။ဒီဘက်ပွတ်လိုက်မလွတ်ရင်ဟိုဘက်လှည့်ပေးလိုက်နဲ့ …။

    ဆိုတော့…
    အဲဒီတုံးက. ပွတ်သဘင်ပေါ့..။
    စကားမစပ်..အခုဓါတ်ပုံထဲပါတာတွေက.. ဘယ်နေရာတွေလည်းဗျ…။

    စကားအတင်းစပ်..
    ဒီလကုန်ဆို.. တစ္ဆေကြီးပွဲပဲ.. ခေါ်မလား..။ Halloween ယူအက်စ်မှာ လာတော့မယ်..။
    ဦးနေဝင်းရှိစဉ်က… အင်မတန်ကြိုက်တယ်ဆိုတဲ့.. ဟောလိဝုဒ်က Halloween ပွဲသွားကြည့်ပြီး..
    ဒီမှာ သတင်းပုံ ပြန်လာတင်ပေးမယ်နော…။ 😆

    • etone

      October 13, 2011 at 12:21 pm

      အဲ့ဒီနေရာကတော့ … အောက်ကြည့်မြင်တိုင်လမ်း (ယခင် အာစီသရီး) ကျောင်းဝင်း အရှေ့ဘက်ခြမ်းပါပဲ … ။ သံဃာ့ဒါန ဆွမ်းလောင်း အသင်းရဲ့ (၂၃)ကြိမ်မြောက် .. ဆွမ်းဒါန အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှုပွဲရဲ့ ပွဲဈေးလေးပါပဲ … ။

      etone တောင် သူငယ်ချင်းတွေခေါ် လို့ ပါသွားသေးတယ် .. ဓါတ်ပုံလေးတွေလည်း ရိုက်လာပါရဲ့ .. ဒါပေမယ့် ..လေးဖက်ကြီး လက်ဦးသွားပြီ ဟီး ဟီး 😀

      • ဆူး

        October 13, 2011 at 2:29 pm

        ညက ဥပုသ်စောင့်ထားလို့ ဘယ်မှ မသွားတော့တာ.. ဒီညတော့ လျှောက်ပတ်ကြည့်လိုက်အုန်းမယ် ရှိသေးလားတော့မသိဘူး။

        • etone

          October 13, 2011 at 2:39 pm

          အစ်မရေ … လူအုပ်ထဲသွားလျှင် သတိထား … လူတွေက ရောသော ပေါသောနဲ့ … အရမ်းစိတ်ညစ်ဖို့ကောင်းတယ် … ဒီကြားထဲ လက်သရမ်းတဲ့လူကလည်း ပါသေးတယ် … ကားပိုက်နှိုက်ထက် လက်မြန်တယ် … သံချပ်ကာဝတ်လျှင်ဝတ် .. မဝတ်လျှင် တကိုယ်လုံး ပန်ကာဒလက်တက်ပြီး သွားမှ လုံခြုံမယ် … ။ 😛

        • ဆူး

          October 13, 2011 at 2:53 pm

          ဘရိတ်ဓါး တချောင်းဆောင်သွားလိုက်မယ်.. အနားကပ်တာနဲ့ ဓါးနဲ့ လှီးပလိုက်မယ်.. ဘာနဲ့ လာကပ်ကပ် အပြတ်ပဲ ဟိဟိ.. ဒါဆို အဆင်ပြေနိုင်မယ် ထင်တယ်။

  • thit min

    October 13, 2011 at 9:09 am

    မီးပုံးလေးတွေ မတွေ့ရတော့ဘူးနော်
    Joseph Schumpeter ပြောခဲ့တဲ့ Creative destruction
    ဆိုတာ ယဉ်ကျေးမှုအမွေတွေပါ၊ပါကုန်ပါရောလား၊မင်းကြီးများ။

  • ကြောင်ကြီး

    October 13, 2011 at 9:23 am

    အဘိဓမ္မာအခါတော်နေ့ကြီးမှာ ရုပ်နာမ်သဘာဝအကြောင်း မဆင်ခြင်ဘဲ သူများအသက် ဂဏန်းကျော် စားဖို့စဉ်းစားနေကြသလား…ေဩာ်.. ဘုရားတောင် လက်မြောက်ထားရတဲ့ လူဒွေ.. 🙄
    ဦးဖက် တယ်ပျောက်နေပါလား။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ထွက်လာတာတော့ ဟုတ်ပါဘူးနော်.. 🙂

  • ရွှေဘိုသား

    October 13, 2011 at 9:38 am

    ကျနော်ကတော့ သီတင်းကျွတ်ပြီ အမေဆိုပြီး မုန့်ဖိုးပဲတောင်းချင်တယ်

  • chityimhtoo

    October 13, 2011 at 9:43 am

    ဒီနှစ်သတင်းကျွတ်ကတော့ကန်ဘောင်မှာအတော်စည်သဟ။လပြည့်နေ့မှာကန်ဘောင်မှာခြေချစရာတောင်မရှိဘူး။
    မီးရှူးမီးပန်းဖေါက်တာလည်းလင်းထိန်နေတာဘဲ။မြန်မာပြည်မှာမွေးတဲ့ မြန်မာနိုင်ငံသား မြန်မာပြည်ကပွဲတော်
    သီးတင်းကျွတ်ကိုတော့အတော်လေးပျော်သဟ။

  • fatty

    October 13, 2011 at 10:54 am

    နေရာက ကြည့်မြင်တိုင် RC 3 နားမှာပါ …။
    မန္တလာသူခင်ဗျား .. ကျောက်တော်ကြီးဘုရားပွဲတော်လဲတင်ပေးစေလိုပါတယ်။
    အခုကျနော်တင်တဲ့သီတင်းကျွတ်ပွဲကသိတ်မစီပါ။ အမှတ်တရဖြစ်အောင်သာတင်ရတာပါ။
    အင်းစိန်လွတ်လပ်ရေးကွင်းမှာလှေစီးရတာလေးကို ပျော်မိပါရဲ့ခင်ဗျာ ….။
    ကိုကြောင်ရေ …
    အချောင်ရစရာရှိလို့ …
    ခဏရှောင်နေတာပါ ….။
    ကိုခိုင်ရေ ကျေးဇူးဗျို့ အဲဒီပွဲမျိုးမနွှဲဘူးပေမဲ့ ဓာတ်ပုံကြည့်ရရင်ကောင်းတာပေါ့ဗျာ ..။

    • kai

      October 13, 2011 at 11:39 am

      အချောင်က..ကားပဲဖြစ်ရမယ်..။
      ကားဆိုလို့.. မြန်မာတွေပဲအစွဲကြီးသလားတော့မသိ..။
      ဂျပန်ကမိတ်ဆွေခမြာ.. ရွှေငါးတွေချည်းရောင်းနေရလို့.. တခြားကားတွေဘာလို့မဝယ်သလည်း.. ဦးနှောက်ခြောက်ပြီး လာမေးနေလေရဲ့..

      • MaMa

        October 13, 2011 at 1:48 pm

        ကန့်သတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ ကားကောင်းမို့ ရွှေငါးချည်းပဲ ဖြစ်နေတာပါ။ Wagon တွေ သွင်းလို့ မရပါ။

  • windtalker

    October 13, 2011 at 12:26 pm

    ဦးဖက်တီး ပွဲတော် ပုံများထဲက
    ဂဏန်းကြော်တွေ နဲ ့ပုံကို
    အကြိုက်ဆုံးပဲဗျို ့

  • Shwe Ei

    October 13, 2011 at 3:02 pm

    သီတင်းကျွတ်ရင် ဗျောက်အိုးသံကြားရတာစိတ်အညစ်ဆုံးဘဲ။ ရပ်ကွက်ထဲမှာလဲ ဆူညံလိုက်တာမှ အိမ်ထဲမှာနေရင်း ဗျောက်အိုးသံကြားတိုင်း လန့်ရလွန်းလို့ ရောဂါဖြစ်တော့မယ်။ ပွဲဈေးတန်းတော့ လျှောက်လည်ချင်ပေမဲ့ ရန်ကုန်မှာ ဘယ်နားပွဲရှိမှန်းမသိတာ
    စရောက်တည်းက ဒီနေ့ထိဘဲ။

  • Big Defender

    October 13, 2011 at 4:12 pm

    သီတင်းကျွတ်မှာ အပျော်တွေကို သိပ်မခံစားရတော့ဘူး
    အခုနောက်ပိုင်း တာဝန်အရသာလုပ်ကြတာနေမှာ
    ပျင်းခြောက်ခြောက်ကြီး

  • manawphyulay

    October 13, 2011 at 5:46 pm

    ရေမုန့်သည်တွေလည်း ရှိတယ်လေ။ လေးဖက်ကြီးက မရိုက်ခဲ့ဘူးလား။ ဒီလိုမှန်းသိ လေးဖက်ဆီ ဖုန်းဆက်ပြီး မုန့်ဝယ်ကျွေးခိုင်းပါတယ်။ ရောက်တော့ ရောက်ခဲ့တယ်။ ဓာတ်ပုံတော့ လူတွေအရမ်းရှုပ်နေလို့ မရိုက်ခဲ့ဖူး။

  • fatty

    October 13, 2011 at 8:44 pm

    ရေမုံ့သည်ရော တခြားအသည်တွေရော အကုန်ရိုက်ခဲ့ပါတယ် …။
    ဒါပေမဲ့ ကွန်နက်ရှင်က တခါတင် တရေးနိုးလိုက်ဖြစ်နေတာမို့ ….. သီးခံခွင့်လွှတ်ကြပါ။

  • မမလေး

    October 13, 2011 at 11:23 pm

    သီင်္တင်းကျွတ်ညလေးတစ်ည ပြန်လည်ကာ သတိရမိပါတယ် … မီးကလေးတွေထွန်းတော့စည်ပါတယ် … လမ်းထဲမှာကွယ် … ချစ်တဲ့ကောင်လေးတစ်ယောက် ယောင်လည်လည်တစ်ဦးတည်းလျှောက်ကာလည် အတွဲလေးမရှိဘူးပေါ့ သမင်လည်ပြန် ခဏခဏ လှည့်ကြည့်တယ် …. … နောက်နှစ်တော့ အဲ့ဒီယောင်လည်လည်ကောင်လေး နဲ့ လျှောက်လည်ဖြစ်မယ်ထင်တယ် ဟီးဟီး 😛

  • zay

    November 2, 2011 at 10:16 pm

    ဂဏန်းကျော်တွေကြည့်ပြီး သွားရေတောင်ကျတယ် ကျွန်တော်က ဂဏန်းအရမ်းကြိုက်တာ

Leave a Reply