fattyOctober 12, 20112min31728
ဘယ်သူဖြစ်ဖြစ် တခြားတိုင်းတပါးရောက်နေရင် ကိုယ့်ပြည်ကိုယ့်ရွာကို သတိရကြတာပါဘဲ။ ကျနော့တုန်းကတော့ အလုပ်ကြမ်းလုပ်ရပါတယ်။ ပိတ်စတွေအရောင်ဆိုးတဲ့စက်ရုံမှာပါ။ မြန်မာသီချင်းလေးအားကိုးပြီးလုပ်ရပါတယ်။ အခုလဲ အဝေးရောက်များများအတွက် အလွမ်းပြေ အထောက်အကူဖြစ်ပါစေဆိုပြီး ငယ်ငယ်ကကြုံခဲ့ရတဲ့ သီတင်းကျွတ်လမ်းဘေးပွဲတော်လေးကိုတင်ပြလိုက်ပါတယ်။ အဲဒီအပါ်ပုံထဲကလိုပါဘဲ ကြော်ကြလှော်ကြ ရောင်းကောင်းကြပါတယ် ..။ မိုးက အခုမှကင်းစင်သွားတာကိုး။ လူတွေလဲ ပွဲငတ်နေတာ ကြာပြီလေ …။ ဟိုးဟို ….တုန်းကပေါ့ ကမာရွတ်ကနေအောက်ကြည့်မြင်တိုင်လမ်းမကြီးတလျှောက် ဘာပြောကောင်းမလဲ ကြိတ်ကြိတ်တိုးဗျား … လူချင်းဆိုတာ ပွတ်ပြီးသွားရတယ် ..။ဒီဘက်ပွတ်လိုက်မလွတ်ရင်ဟိုဘက်လှည့်ပေးလိုက်နဲ့ …။ ကဲပါလေ …. ပုံတွေဘဲ ဆက်အားပေးကြပါအုံး …။ ဝမ်းနည်းစရာကတော့ ဗန္ဓုလဦးထုပ်လေးတွေ ဓါးလေးတွေ စက္ကူမျက်နှာဖုံးလေးတွေမတွေ့ရတော့ဘူး မိုးကြောင့်မလာတော့တာလား သူတို့နေရာမှာ နိုင်ငံခြားကလာတဲ့ ပူဖောင်းတွေဝင်လာလို့ဘဲလား။ ပြီးတော့ …. သီတင်းကျွတ်ပြီမောင်ရယ် .. လို့ပြောမှာလား … …………သီတင်းကျွတ်ပြီ မ […]


fattyAugust 8, 20112min20315
ရန်ကုန်မှာမိုးကောင်းနေပါတယ် ….။ ဒီနေ့ဆိုနေတောင်ကောင်းကောင်းမထွက်ပါဘူး ….။ မနက်စောစော ရွှေတိဂုံ ရောက်ဖြစ်တာနဲ့ … အမှတ်တရ … ပုံတွေရိုက်လာတာတင်ပေးလိုက်ပါတယ် …။ ငယ်ငယ်တုန်းက ကစားစရာလေးတွေ ပြန်သတိရလို့ပါ။ ဟိုတုန်းကတော့ စောင်းတန်းတလျှောက်မှာ ဗုံသံလေးတွေ အိုးစည်သံလေးတွေ လင်းကွင်းသံလေးတွေ ညံနေတာဘဲ။ အခုတော့ မကြားရတော့ပါဘူး …။ ( auto shot ) ရောင်စုံထီးလေးတွေ … တနေ့တနေ့ အတော်ရောင်းရမှာပါ .. အပူတွေသောကတွေ ငြိမ်းစေဖို့ လှုဒါန်းကြတာဆိုတော့ … လူတိုင်း အပူမီးသောကမီးမကင်းကြဘူးလေ ။ ကောင်းကင်ကလည်းမှိုင်းနေတယ် မနက်စောစောလည်းဖြစ်နေတာမို့ manual နဲ့ဘဲ ရိုက်ယူရပါတယ်။ ဂြိုလ်ညံ့ဂြိုလ်ဆိုးတွေ ပြေရာပြေကြောင်း ….။ သူတို့လေးတွေလဲစားရသောက်ရတာပေါ့ …။ စိတ်ငြိမ်းချမ်းမှုပေးသူနှင့် လိုက်နာ ရှာဖွေကျင့်ကြံနေသူများ …..။ ရင်ပြင်တော်ပေါ်တွင် […]


fattyJune 26, 20111min25818
ပုံတွေဒီလောက်ဘဲတင်လို့ရပါတော့တယ် …. နောင် .. ငါးနှစ်လောက်ဆိုရင်တော့ရန်ကုန်တက္ကသိုလ်နယ်မြေကြီး ပြန်လည်သက်ဝင်လာပါစေလို့ ဆုတောင်းလိုက်ပါရဲ့ ……. ဖက်တီး ( ၁၉၇၉ )