manawphyulayFebruary 7, 20121min27525
မနော အလှူ သဂျီးကောင်းမှုဆိုတဲ့အတိုင်းပါပဲ။ မန်းဂေဇက်ရွာထဲသို့ ၂၀၁ဝ ခုနှစ် မေ ရ ရက်မှာ မနော စတင်ရောက်ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မေ ရ ရက်ဆိုရင်ဖြင့် မနော ရောက်ရှိခဲ့တာ ၃ နှစ်တင်းတင်းပြည့်တော့မှာ ဖြစ်ပါတယ်။ ၃ နှစ်မပြည့်ခင်အတွင်း လှူဒါန်းခွင့်ကြုံဆုံလာခဲ့ပါတယ်။ မနော လှူတယ်ဆိုပေမယ့်လည်း စာမူခ တစ်သိန်း ပေးအပ်တဲ့ သဂျီးကို အလွန်တရာမှ ဒီနေရာလေးကနေ ဂါရဝပြု ကျေးဇူးတင်လိုက်ပါတယ်။ ကိုယ့်ရဲ့စာမူခအဖြစ် ဒီလို ရရှိလာမယ်လို့ မနော ဘယ်တုန်းကမျှ မတွေးမိပါဘူး။ စိတ်ထဲလည်း မရှိခဲ့ပါဘူး။ ဝါသနာကြောင့် ကိုယ်ပိုင်ဆိုက်တွေ ဖိုရမ်တွေ ဝင်ရောက်ရေးသားရင်း မန်းဂေဇက်ရွာထဲမှာ နွေးထွေးပျော်ရွှင်လာခဲ့ရပါတယ်။ ဒီအရာကတော့ ဘာနဲ့မှ မလဲနိုင်အောင် ဖြစ်မိတာပါပဲ။ မိတ်ဆွေတွေ အပေါင်းအသင်းတွေ နှစ်နှစ်ကျော် […]