blazeOctober 2, 20112min1612
စာသင်သားဘဝမှာ အချိန်ရဲ့အများစုကို စာကျက်မှတ်ခြင်းဖြင့် ကုန်ဆုံးကြရပါသည်။ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ စာကျက်မှ စာမေးပွဲအောင်မည့်အတွက် မဖြစ်မနေကျုံးရုန်းကြရပါသည်။ တစ်ခါတစ်လေ စာမေးပွဲကျသည့်အခါ၊ ဒါမှမဟုတ် အမှတ်နည်းသည့်အခါမျိုးတွင် လူကြီးမိဘတွေက “ကျမှာပေါ့ စာ မှ မကျက်ဘဲကိုး။´´ ဟုကြိမ်းမောင်းခံရသည်။ တစ်ချို့တွေက လည်းပြောကြသည်။ “ကျွန်မကတော့ ကျက်တာပဲ။ ဉာဏ်က သိပ်မကောင်းတော့ ကျက်သမျှ မမှတ်မိဘူး။ ´´ “စာမေးပွဲခန်းထဲရောက် သွားတော့ ကျက်ထားတာတွေမေ့ကုန်ရော။ ´´ မှတ်ဉာဏ်ဆိုသည့်အရာကို ကျွန်တော်တို့က သဘာဝတရားကြီးနှင့်ရောထွေးထားတတ်သည်။ မွေးကတည်းက ပါလာသည့်အရာတစ်ခု၊ မိမိပြုပြင်ဖန်တီးဖို့ တတ်စွမ်းနိုင်သည့်အရာမဟုတ်ဟု တွေးထင်တတ်ကြသည်။ ဒါကြောင့်လည်း“သူကတော့ ဉာဏ်ကောင်းတယ်။ ကျက်သမျှ အကုန်မှတ်မိတယ်။ ဒီကလေးကတော့ ခပ်ထုံထုံထဲကပါ။ ဘယ်လောက်ကျက်ကျက် စာမေးလိုက်ရင်မရဘူး´´ဟူသည့် မှတ်ချက်တွေ မကြာခဏကြားနေရတာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ကလေးတွေကိုစာသင်သည့်အခါ မကြာခဏ ထိုကလေးမျိုးကိုတွေ့ရတတ်သည်။ တစ်ခါတစ်ခါ […]