တခါက ရွာလေးတစ်ရွာမှာ လယ်ယာလုပ်ကိုင်စားသောက်တဲ့ အမျိုးသမီးတစ်ဦးနှင့်မိသားစုရှိသတဲ့။တနေ ့တော့ သူ ့ယောက်ျား ရယ်၊သူ ့သားနဲ ့သူ ့မောင် လယ်လုပ်နေတုန်း သူခိုးတစ်ယောက်ဟာ နောက်ကလိုက်လာတဲ့ လူအုပ်လက်ကမလွတ်နိုင်မှန်းသိတဲ့အတွက် ခိုး ရာပါအထုပ်ကိုသူတို ့လယ်နားပစ်ချပြီးထွက်ပြေးသွားပါတယ်။နောက်ကလိုက်လာတဲ့လူတွေကလည်းသူခိုးကိုမမိလိုက်တော့ခိုးရာပါအထုပ်နားကလယ်မှာ အလုပ်လုပ်နေတဲ့ သူတို ့ကိုပဲ သူခိုးစွပ်စွဲပြီး ရိုက်နှက်ဖမ်းဆီးသွားပြီး ဘုရင်ရှေ့ပို ့လိုက်ပါတယ်။ဒီခေတ်နဲ ့တစ်ပုံစံထဲပါ။ဘုရင်ကလည်း သိတဲ့ အတိုင်းပဲ ဆင်းရဲသားသုံးယောက်ကို အထူးအထွေ စစ်ဆေးမနေတော့ပဲ သတ်စေ အမိန် ့ချလိုက်ပါတယ်။ သတင်းကြားလို ့လိုက်လာတဲ့ အမျိုးသမီးက ဘုရင်ကိုအမျိုးမျိုးတောင်းပန်တဲ့အပြင် သူအားထားနေရတဲ့သူတွေကိုသတ်လိုက် ရင် သူ ့ကိုပါသတ်လိုက်သလိုပါပဲလို ့ လျှောက်ထားတော့ ဘုရင်လဲသနားလာလို ့လား နားငြီးလာလို ့လားတော့မသိဘူး။သင်ကြိုက်ရာ တစ် ယောက်ကိုပြန်ခေါ်သွားပါ။ကျန်တဲ့နှစ်ယောက်ကိုတော့ သတ်မယ်လို ့အမိန် ့ချပါတယ်။ ကဲ မိတ်ဆွေ […]