သူနှင့်ပါတ်သက်ခဲ့သည့် ချစ်သူသက်တမ်း၄နှစ်ပြည့်ပြီးနောက် ယုံကြည်မှုအပြည့်ဖြင့် ထာဝရလက်တွဲရန်ဆုံးဖြတ်ခဲ့ပြီး၃နှစ်ပြည့်ခါနီးကာလအတွင်း ကျမပြန်လည်ရရှိလိုက်သောအရာသည် သူ၏ရက်စက်လှသော ဥပက္ခာတရားပင်..။ ကျမပေးဆပ်ခဲ့ရသောကာလများတွင် ဤကဲ့သို့ရက်စက်တတ်သောစိတ်ဓါတ်နှင့် သွေးအေးစွာဖြင့်တိတ်တစိတ် ကျမဘေးနားမှထွက်ခွာသွားလိုသောစိတ်သည် မည်သည့်အချိန်ကတည်းကပင် သူ၏စိတ်တွင် ကိန်းအောင်းနေခဲ့သည်ကို ကျမ, မိုက်မဲစွာမသိရှိခဲ့ပေ..။ ကျမ၏ချစ်လှစွာသော “မောင်” ဘဝမှ ကျမ မဟုတ်သောအခြားသူတယောက်နှင့် “ကို” ဟူသောဘဝကို ပျော်ရွှင်စွာပြောင်းလည်းသွားခဲ့သည်..။ မထင်မှတ်သောအချိန် မထင်မှတ်သောနေ့တွင် ကျမ၏ချစ်လှစွာသောခင်ပွန်းသည်မှ ကျမနောက်ကျောကို ဓါးဖြင့်ထိုးခဲ့လေ၏..။ ယုံကြည်စွာပုံအပ်ထားခဲ့သော စိုးစဉ်းမျှပင်မစဉ်းစားမိခဲ့သောအရာတခုအား ကိုယ်တိုင်ကိုကျတွေ့ရှိခဲ့သည်ကိုပင် မိုက်လုံးကြီးစွာဖြင့် မဖြစ်နိုင်ဘူးဟူ၍ မသိစိတ်ဖြင့်ငြင်းပယ်ခဲ့မိသည်..။ သို့သော် ခွင့်လွှတ်ပေးနိုင်ရန်အတွက်လည်း ကျမ၏ ဦးနှောက်က လက်သင့်မခံပြန်..။ ရူးလောက်သောခံစားမှုမျိုးကို မရူးရုံတမယ်သာဖြစ်ခဲ့သည်…။ အတူရှိနေခဲ့သည့် ထိုနှစ်ပေါင်းများစွာအတွက် သံယောဇဉ်တစွန်းတစမှ သူ့ရင်ထဲတွင်ကျန်ရှိမနေအောင် ဖြတ်နိုင်ခဲ့သည့်သူ့ကို ကျမအားကျသည်..။ အမှန်တကယ်တော့ လူသားတယောက်အနေဖြင့် ကိုယ်ချင်းစာတရားမရှိသည့်သူ့အား ကျမ နာကျည်းပါသည်..။ လွန်ခဲ့သော ရနှစ်ကျော်ကာလက […]


True AnswerJune 7, 20111min821
ကျွန်ုပ်တို့ကို ယောက်ယက်ခတ်အောင်၊ ပူပန်မှုများဖြစ်အောင်၊ စိတ် သောကရောက်အောင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် ကျွန်ုပ်တို့၏ သတ်မှတ်ချက်အစွဲများက ပြုလုပ်နေပါသည်။ သတ်မှတ်ချက်အစွဲများ တရစပ် ဖြစ်ပေါ်နေအောင် ပြုလုပ်နေသော အဓိကတရားခံ real Criminal မှာ ဖြစ်ပေါ် နေတဲ့ စိတ်အမျိုးမျိုး- ဝေဒနာအမျိုးမျိုး တို့အပေါ် ငါ့စိတ်၊ ငါ့ဝေဒနာ၊ ငါ့ခံစားချက်တွေ ဟု အထင်မှားအောင် (အဝိဇ္ဇာ)စိတ်၏ ပြုလုပ်နေမှု၊ ဖန်တီးနေမှု ပဲ ဖြစ်ပါသည်။ `ငါ့ကိုယ်၊ ငါ့စိတ်၊ ငါ့ဝေဒနာ၊ ငါ့ခံစားချက် ဟု သတ်မှတ်နေမှု၊ အဟုတ်ထင်နေမှု၊ အတည်ယူနေမှု´ ဟာ ကျွန်ုပ်တို့ အတွက် တကယ့်ကို ပြဿနာကောင်အစစ် ဖြစ်ပါသည်။ ၁။ အရှုံးအစစ် ဥပမာအနေနဲ့ ဘောလုံးပွဲတစ်ပွဲကိုကြည့်မိပြီဆိုပါစို့။ ဒီဘောလုံးတစ်ပွဲမှာ အနီအသင်းနဲ့ အပြာအသင်းကန်ကြပါတယ်။ ပွဲအပြီးမှာ […]


True AnswerJune 6, 20112min1300
ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား- ဆူနာမီ ဆရာတော်ဦးဥတ္တမသာရ ဟောကြားသော သစ္စာတရားတော်များကို ပိုမို နားလည်စေရန် အတွက် သက်သက် သာ ကျွန်ုပ်ဉာဏ်မီသလောက် တင်ပြခြင်းဖြစ်ပါသည်။ ဆရာတော်မှ တည်းဖြတ်ခြင်း ဖတ်ရှုခြင်းမပြုရသေးသဖြင့် တစုံတရာ ချွတ်ချော်မှုများရှိခဲ့ပါကစာရေးသူ ၏ တင်ပြချက် အားနည်းမှုကြောင့်သာ ဖြစ်ပါသည်။ တင်ပြထားသော အချက်တချို့ မှာ ထပ်သယောင် ထင်ရသော်လည်း ပိုမိုရှင်းလင်းရန်အတွက် တင်ပြခြင်းဖြစ်ပါသည်။ ဖတ်ရှုသူ ဓမ္မမိတ်ဆွေအပေါင်းတို့ open-minded စိတ်ထားဖြင့် နှလုံးသွင်းမှန်မှု တကယ်ဟုတ်မဟုတ် တကယ်ဖြစ်မဖြစ် ကိုယ်တိုင်စမ်းသပ်ကြည့်ပါကုန်။ အမှန်တရားအတွက် မှတ်ကျောက်သည် မိမိ လောဘ-ဒေါသ-မောဟ (ပညတ်များကို အဟုတ်ထင်ငြိတွယ်မှု) မည်မျှ ကင်းနေ (သို့) မည်မျှ ကင်းလာသလဲ ဆိုသောအချက် ကိုတော့ ကျွန်ုပ်တို့ မမေ့ရန် အထူးလိုအပ်လှပေသည်။ ခြားနားချက် (၁)။ မိရိုးဖလာ။ […]


True AnswerMay 8, 20111min1287
၂၀၁၁- ဧပြီ ၉ ရက် ကွယ်လွန်သွားသော ဆရာကြီးပါရဂူ အတွက်……မနက်ဖြန် ဆိုလျှင် ဆရာကြီးကွယ်လွန်သွားသည်မှာ…..တစ်လတင်းတင်းပြည့်ခဲ့လေပြီ။ ပန်းချီဆရာကြီး ဦးစံတိုး၏ နာရေးရက်လည်နေ့တွင် ဆရာကြီးအား လူချင်း တွေ့ဖူးခဲ့သည်မှလွဲ၍ ဆရာကြီး နှင့် ရင်းနှီးခဲ့ခြင်း မရှိသော်လည်း ဆရာကြီး ၏ ကျေးဇူးတရားတို့ ကျွန်တော့်ထံ တွင်ရှိနေသည်ဟု ခံစားရပါသည်။ ….တက္ကသိုလ်ကျောင်းသားဘဝ….. ကျွန်တော်မှာ တရားစာပေများကို စတင်လေ့လာနေစဉ်……ဆရာကြီး၏ စာပေများကို တရှိုက်မက်မက်ဖတ်မိရာမှ….ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာဟောကြားသောတရားများကို ဆရာကြီးမှ…..”ဓမ္မ (သို့) ဘဝတစ်လျှောက်နေသွားနည်း” ဟူသော နာမည်ဖြင့် စာအုပ်ထုတ်ဝေရာမှ ..ထို စာအုပ် ကို ဖတ်မိပြီး ….အလွန်နှစ်သက်သဘောကျသွားရာမှတဆင့် ထိုစာအုပ်မှ ဆောင်းပါး နှစ်ပုဒ်နှင့် အတူ ကျွန်ုပ် မတောက်တခေါက်….ရေးထားသော တရားစာအချို့ကို ကိုယ်တိုင် စာစီလျှက် စာအုပ်လေးပြုလုပ်….မိတ္တူကူးကာ… မိတ်ဆွေ […]