koyin sithuJune 15, 20131min74741
လွန်ခဲ့သောနှစ်နှစ်တာ ကာလဝန်းကျင်လောက်က ကိုရင်တစ်ယောက် ပေတစ်ခေါက်ခေါက်ဖြင့် သင်္ဘောပြန်တက်ရန် အကြောင်းဖန်လာပြန်သည်။ ယခုတစ်ခေါက်သင်္ဘောသည်ကား ဖား၊ ဗီယက်နမ်၊ အင်ဒို၊ မလိုင်တလွှား စုန်ဆန်သွားလာသော ကုန်တင် General Cargo အမျိုးအစားဖြစ်လေသည်။ ကိုရင်တို့ သင်္ဘောပေါ်တွင်လည်း ထုံးစံအတိုင်း ဖားနှင့် အ (အင်ဒို)များပြီး ရွှေ ၅ယောက် ကြီးတစ်ကြီး ပါဝင်လုပ်ကိုင် ကြလေသည်။ သင်္ဘောပေါ် ရောက်ရောက်ချင်းပဲ အားလုံးက ခင်ခင်မင်မင်နှင့် ကိုရင်နေဖို့ အခန်း (cabin) လိုက်ပြကြသည်။ သိပ်ကျယ်ဝန်းလှသော အခန်းမဟုတ်ပေမဲ့ နေဖို့ထိုင်ဖို့ အခန်းသန့်သဖြင့် စိတ်ကျေနပ်မိသည်။ စာချုပ် ၁ဝလတာအတွင်း ထိုအခန်းသည်ကား ကိုရင်အတွက် နားခိုရာ နားနေရာ အိမ်လေးဖြစ်လာတော့မည်။ အခန်းသို့ အထုပ်အပိုးဖြင့် လိုက်ပို့ပေးသော သင်္ဘောသားများက နေရာချထားပေးအပြီး မြန်မြန်ပြန်ထွက်သွားကြသည်။ စကားပင် ကိုရင်အား […]