ဂျာနယ်လစ်များ၏ စုံစမ်းဖော်ထုတ်ရေးသားမှုများ (Investigative Reporting) အတွက် အပြည့်အဝကာကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းပြီးနောက် အိုက်စလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းဖော်ပြမှု လွတ်လပ်ခွင့် အရှိဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။ ဇွန်လ ၁ရ ရက်နေ့က ပါလီမန်တွင် ကန့်ကွက်သူမရှိ ထောက်ခံမှုအပြည့် ရရှိခဲ့ပြီးနောက် အိုက်စလန်အစိုးရသည် ဂျာနယ်လစ်များ၏ သတင်းရင်းမြစ် ကာကွယ်ပေးနိုင်မှုနှင့် သတင်းထောက်များအား ပြည်ပမှ တရားစွဲဆိုလာနိုင်မှုများမှ ကာကွယ်ပေးနိုင်မှုကို အားကောင်းလာစေရေး ဥပဒေ ပြင်ဆင်တော့မည်ဖြစ်သည်။ နိုင်ငံ၏ ပွင့်လင်းမြင်သာရှိမှုကို မြှင့်တင်ပေးနိုင်ရန် အဓိကရည်ရွယ်ပြီး အင်တာနက် အခြေစိုက်မီဒီယာများကို စွဲဆောင်နိုင်ရန်နှင့် ကမ္ဘာတစ်ဝန်း လွတ်လပ်စွာပြောဆိုရေးသားနိုင်မှု ဗဟိုချက်မဖြစ်လာစေရန် ဦးတည်သော စည်းမျဉ်းများကို ပြဋ္ဌာန်းပေးနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ စီးပွားရေး အကျပ်အတည်းကာလအတွင်း အကြွေးဒဏ်နှင့်အရှုပ်အထွေးများ ရင်ဆိုင်ခဲ့ရသောကြောင့် အိုက်စလန်အပေါ် ယုံကြည်စိတ်ချရမှု လျော့ပါးလာခြင်းကို ပြန်လည်ပြင်ဆင်ရန်အတွက် လွတ်လပ်စွာပြောဆိုရေးသားခွင့်ဆိုင်ရာ […]