Khaing KhaingAugust 29, 20121min55937
ဒီပို့စ်လေးကို မထင်မှတ်ပဲတင်ဖြစ်တာပါ ……. တင်ဖြစ်တဲ့အကြောင်းက ကိုအောင်မိုးသူရေးတဲ့ `အသက်လုပွဲ´ဆိုတဲ့ပို့စ်လေးဖတ်မိပြီး တင်ဖြစ်သွားတာ …….. ကျွန်မသမီးလေး အသက် (၁) နှစ် (၂)လ မှာ ဝမ်းလျှောပါတယ် ….. မှတ်မှတ်ရရပေ့ါ …. တနင်္ဂနွေနေ့ ကပါ ကန်တော်ကြီးမှာ ဈေးပွဲတော်လုပ်တော့ မိသားစုသွားလည်ကြတယ် …. အဲဒီမှာ ပေါက်စီတွေကို အပြင်ထက်ဈေးပေါပေါနဲ့ရောင်းနေတော့ သမီးလေးကိုဝယ်ကျွေးမိတယ် …. အဲဒီကစပြီး ဝမ်းလျှောတော့တာပဲ …. ကျွန်မလည်း သိသိချင်း ကလေးဆရာဝန်နဲ့ပြေးပြပါတယ် …. သမီးလေးဝမ်းလျှောတာ မသက်သာပဲ ဆိုးသထက် ဆိုးလာတယ် ….. ကန်တော့ပါ ….. ဝမ်းသွားတာ မော်တာစက်ကနေရေပိုက်ခေါင်းကိုဖွင့်လိုက်သလို ပန်းတာ တအိမ်လုံး ရေဆေးထားသလားမှတ်ရတယ် ….. သမီးလေးဝမ်းလျှောကာစက ဆရာမညွှန်ကြားသလို ဘယ်လောက်ဝမ်းသွားသွား ဓာတ်ဆားသာဝင်အောင်တိုက် မပူရဘူးဆိုတော့ ကျွန်မတို့ […]