ပြီးခဲ့တဲ့ sunday တုန်းက သန်လျင်က သဘာဝ တရားရိပ်သာကို ကျနော် ရောက်ခဲ့တယ်။ သဘာဝတရားရိပ်သာ တည်ထောင်သူ ဆရာတော် ဦးဥတ္တမသာရ ရဲ့ ဦးဆောင်မှုနဲ့ ဖွင့်ထားတဲ့ ကုသိုလ်ဖြစ် သွားနှင့်ခံတွင်း ဆေးခန်းလေးကို သွားခဲ့တာပါ။ သဘာဝတရား ရိပ်သာ ဝန်းအတွင်းမှာပဲ ဖွင့်ထားတဲ့ အဲ့ဒီ ကုသိုလ်ဖြစ် ဆေးခန်းလေးရဲ့ အမည်ကတော့ ”မိဘမေတ္တာ”တဲ့။ ——————- အဲ့ဒီ ဆေးခန်းလေးအကြောင်း ပြောရရင် လုပ်အားဒါန ပြုနေကြတဲ့ သွားဆရာဝန်မလေးတွေ ချောကြောင်း လှကြောင်းကို ထည့်မပြောမိအောင် ရှောင် ရေးရပါမယ်။ ရှောင်ရေးမယ် ဆိုပေသိ ပြောမိပြီ။ :k: မိဘမေတ္တာ ကုသိုလ်ဖြစ်- သွားဆေးခန်းလေးဟာ အခုဆိုရင် အခန်း ခပ်ကျဉ်းကျဉ်းလေးမှာ ဖွင့်ထားရပါတယ်။ မြန်မာ့ဂဇက် ရွာသူားတွေ စုပေါင်း လှူဒန်းထားတဲ့ […]