ဆရာကျင်ဟာ ဆီဆုံတွေလုပ်ပြီးရောင်းတယ်။ တစ်ရက်တော့မြို့ပေါ်က မှာထားတဲ့ ဆီဆုံတစ်ခု ပို့လိုက်တယ်။ ဆီဆုံပို့ပြီး ငွေယူရအောင်သွားတော့ ဆီဆုံဝယ်တဲ့ မြို့ပေါ်က လင်မယားက မတန်တဆ ဈေးနှိမ်တယ်…ဒါကြောင့် ကတောက်ကဆ စကားပြောရတာပေါ့ ။ ဒါပေမဲ့ ဆရာကျင်ဘက်ကမှန်တော့ တန်ဘိုးအပြည့်အဝရတယ်။ ဗုဒ္ဓဘာသာတွေ ထုံးစံအတိုင်း ပိုက်ဆံရှင်းပြီးတော့ အိမ်ရှင်လင်မယားက ဆရာကျင်ကို ထမင်းကျွေးတယ်။ ဆရာကျင်ကလည်း ထုံးစံအတိုင်း သရဏဂုံလေးဆောက်တည်ပြီး ပထမထမင်းလုပ် ဝါးပြီးမျိုချတယ် အဲဒီမှာတင် ထမင်းလုပ်ဟာ လည်ချောင်းဝမှာ တစ်နေတယ်။ ဒါအန္တရာယ်ပဲလို့ သူ့စိတ်က အလိုလိုသိတယ်။ ဒါနဲ့ အိမ်အပြင်သွားပြီးတော့ အာခေါင်ကို လက်နဲ့ လက်ညိုးထိုးအန်ချလိုက်တော့ ကြွက်အသေကောင်ကြီးထွက်လာတယ် ဒါစုန်းပညာနဲ့သူ့ကို သေအောင်သတ်တာပဲလို့သိလိုက်တယ်။ ဒါပေမဲ့ ဆရာကျင်ကမသေဘူးလေ။ အိမ်ရှင်လင်မယားကလည်း မျက်နှာပျက်နေတယ် သူတို့လုပ်ထားတာကို။ ဒါနဲ့ဆရာကျင်က ထမင်းဆက်မစားတော့ပဲ ရွာပြန်လာတယ်။ နောက်နေ့ကျတော့ အဲဒီအမျိုးသမီးက […]