မြန်မာနိုင်ငံမှာ တခြားတခြားသောနိုင်ငံများလိုပဲသမိုင်းဆိုတာ ရှိခဲ့ပါတယ်။ သမိုင်းကတော့ကိုယ်စီရှိကြတာပဲဘာထူးလို့တုန်း ဆိုတော့ ။ အခြားအခြားသောနိုင်ကံများရဲ့သမိုင်းကြောင်းက မှတ်တမ်း တင်ပုံခြင်းကွဲပြာနေမယ်လို့ယူဆလို့ပါ။ ဘယ်လိုကွဲပြားတာတုန်းဆိုရင် တော့နည်းစုံ လိမ်တယ်။ လိမ် လို့မရရင် မှေးမှိန်အောင် လုပ်တယ်။ ဒီလိုနည်းစုံပေါင်းမြောက်များစွာနဲ့ သမိုင်းကို အစိုးရအစဉ်အဆက် လိမ်ညာ ဖျောက်ဖျက်မှေးမှိန်လာအောင်လုပ်ကြတော့ မြန်မာ့သမိုင်း ဆိုတာမှာ လူသက်သေအထောက်အထား မှတ်တမ်းမှတ်ရာအထောက်အထား ကျန်လေ့မရှိပါဘူး။ ဒီတော့ မှော်ဘီဆရာသိန်း လို ပါစပ်ရာဇဝင်ကိုပဲ တခါတလေ အားကိုးရပါတယ်။ ဒီတော့ ကျတော်ပြောချင်တာက သမိုင်းတခု ရဲ့ တရားဝင် အထောက်အထား (ရှိခဲ့ရင် ) နဲ့ ပါးစပ်ရာဇဝင် သိရှိခဲ့သူ ဒီရွာသူား များထဲမှာရှိခဲ့ရင် ကျတော်သိချင်လို့ပါ။ ဒါကတော့ အမှတ်တမဲ့တွေ့လိုက်ရတဲ့ ဖေ့ဘုတ်ထဲက ပိုစ့်တခုကို တွေ့လိုက်ရလို့ ဒီပိုစ့်ထဲက အကြောင်းအရာ တခုကိုစိတ်ဝင်စားမိလို့ပါ။ ဒီပို့စ်ကတော့ […]