TTNUAugust 11, 20121min48241
လောကသာရဆုံးမစာ လင်္ကာပိုဒ်(၂၁) မှာ ပျူပျူငှာငှာ၊ လူတကာကို၊ သာသာချိုချို၊ ချစ်ဖွယ်ဆို၍၊စိုစိုပြည်ပြည်၊ ကျင့်မူနည်ဖြင့်…. လို့အစချီရေးထားပါတယ်။ လူအပေါင်းကို ချစ်ဖွယ်အမူအရာနှင့် ချိုချိုသာသာပြောဆိုဆက်ဆံ ကြစေရန် ဆုံးမထားခြင်းဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံရှိ မြန်မာတိုင်းရင်းသားများမှာ ပြောဆိုဆက်ဆံရေးနဲ့ ပတ်သက်ပြီး ရိုသေ မှု၊ကိုင်းရှိုင်းမှု၊ အစုစု ရှေးပဝေသဏီကတည်းကစတင်ရှိခဲ့တာပါ။ ထီးသုံးနန်းသုံး၊ထီးဟန်နန်းဟန်၊ တွေနဲ့ ယဉ်ကျေးခဲ့ ကြဖူးပါတယ်။ ခေတ်တွေ ပြောင်းလာသည်နှင့်အမျှ နှုတ်ဆက်ခြင်း၊ မိတ်ဆက်ခြင်း၊ အရိုအသေပြုခြင်းတွေ ပြောင်းလာလိုက်တာ တွေလည်း သတိထားမိကြမှာပါ။ ကျွန်မတို့ ပထမဆုံး နှုတ်ဆက်ခြင်း ကိုလေ့လာကြည့်ကြရအောင်။ “မင်္ဂလာပါ” တဲ့။ တကယ့်ကို ကျက်သရေရှိတဲ့ စကားစုလေးပါ။ ဘိုစာ၊ ဘိုစကားနှစ်ခြိုက်သူတွေကတော့ “Good Morning” “Good Afternoon” “Good Evening” “Hello” “Hi” စသဖြင့်ပြောကြပါလိမ့်မယ်။ […]