TheWinner GetprizeAugust 23, 20131min35417
တနေ့ညနေ ရုံးကပြန်လာကတည်းက သတိထားမိတယ်…သားမျက်နှာလေး မကောင်းပါ… စာကျက်ရင်းနဲ့လည်း တစ်ချက်တစ်ချက် မှိုင်သွားတယ်… သားတစ်ခုခုဖြစ်လာပြီ… သူမပြောတော့လည်း မေးရတာတော့ နည်းနည်းခက်သားပဲ သားရယ်… စကားလေး စကြည့်လိုက်တော့…. အဖြေထွက်လာတယ်…. မိခင်ဆိုတော့လည်း စိတ်တော့ မကောင်းဖြစ်မိတာပေါ့နော်… သူငယ်ချင်းတို့ရော တို့လိုဖြစ်နိုင်လားဟင်?? ငါးတန်းမင်းသား ကျွန်မသားလေးက “လာမူကြိုစီး” ဆိုတဲ့ တပည့်ဝတ်ကို ကျေပွန်ချင်တာလေ… သုံးတန်းလောက်ကတည်းက ဆရာ၊ ဆရာမတွေရဲ့ ပစ္စည်းလေးတွေ ဝိုင်းသယ်ပေးရတာ၊ ခြင်းတောင်းလေးတွေ ဝိုင်းဆွဲပေးရတာ အမောပါပဲ… ဒါလေးကို သူက အင်မတန်ကျေနပ်တာလေ… အဲဒီနေ့ကလည်း ထုံးစံအတိုင်း သားက ဆရာမရဲ့ ခြင်းတောင်းလေးကို ဝိုင်းသယ်လာပေးတာပေါ့။ ကျွန်မချစ်သားရဲ့ ထုံးစံအတိုင်းပေါ့… လက်ကလည်း တစ်ဘက်က ချောကလတ်အရည်ထုတ်လေးကို စားလို့နေမှာပေါ့၊ ကျွန်မမြင်ယောင်နေမိသား။ ဖြစ်ချင်တော့ အဲဒီချောကလက်လေးက ခြင်းထောင်းထဲ ကျသွားတာ သူမသိလိုက်ဘူး။ […]