fattyJanuary 10, 20121min21913
ကျနော်ဒီအကြောင်းရေးတော့အပျိုကြီးတွေ လူပျိုကြီးတွေနဲ့တော့ မဆိုင်လှဘူးပေါ့ဗှာ ..။သားသမီးရှိတဲ့အိမ်ထောင်သည်များနှင့်သာဆိုင်သည်ပေါ့ ရေးဖြစ်ရတဲ့အကြောင်းကတော့ …… တလောက … အိမ်နီးနားချင်းတဦးရဲ့သားငယ်က အင်တာနက်တတ်ပေးပါဆိုပြီးသူ့အဖေကိုပူဆာသဗျ အဖေလုပ်သူက မင်းဟာက ပိုက်ဆံဖြုံးဖို့သက်သက်ပါကွာတဲ့ ဘာလုပ်ရမှာလဲတဲ့ …………… ကဲ … အဲလိုလဲ ရှိသေးသဗျ။ ရန်ကုန်မြို့လယ်ခေါင်မှာနေတဲ့မိသားစုနော … သားဖြစ်တဲ့သူကပူဆာလွန်းအားကြီးတော့ကျနော့လာမေးပါတယ် အင်တာနက်ဆိုတာဘာလုပ်လို့ရလို့လဲတဲ့ဗျား …………။ အဖေလုပ်တဲ့သူက အရင်ကဓာတ်ဆီဆိုင်ကပန့်သမားပါ ဆီစားပြီးကြီးပွါးလာသူဆိုပါတော့ အခုလက်ရှိလဲ နှစ်လုံးဒိုင်ကိုင်ပြီးဝင်ငွေကောင်းနေသူပါ သူ့လောက်မှဝင်ငွေမကောင်းတဲ့ ကျနော်က ပညာရတယ် ဗဟုသုတရတယ် ဘယ်လိုများရှင်းပြရမှာပါလိမ့် …..။ *************************************************************************************** နောက်တဦးကတော့အဖေက စကာင်္ပူမှာ အလုပ်လုပ်နေပါတယ်။ အမေကတော့ဒေါ်ရွှေစုလို့တောင်ခေါ်လိုက်ချင်ပါတယ် ရွှေတွေငွေတွေစိန်တွေ ဝယ်ဝယ်ပြီးစုလွန်းလို့ပါ .။ အဲ သားသမီးပညာရေးကြတော့ အားမပေးဘူးဗျာ ကလေးက ဘွဲ့လေးတခုရယုံသာရပြီးအခုတော့ချောင်ပလောင်ထဲမှာ လစာလေးမလောက်မငနဲ့ အလုပ်လုပ်နေရတယ်။ ကျနော်မနေနိုင်ပါဘူး သူတို့နဲ့လဲရင်းနှီးတော့တိုက်တွန်းပါတယ် ကလေးကိုပညာရေးကောင်းကောင်းမြေတောင်မြှောက်ပေးပါ ခေတ်ကပြောင်းနေပြီ သူများနောက်ကျန်ခဲ့လိမ့်မယ် […]