ကျွန်တော့် ဆရာ ပြောပြဖူးတာ ရှိပါတယ်။ တစ်ခါတော့တဲ့… သူတို့ အရပ်က လူတွေဟာ ရွာကဘုရားပွဲမှာ “ရွှေမန်းတင်မောင်” ကောင်းလှချည်ရဲ ့ ဆိုလို့ ရွာလုံးကျွတ်ကြည့်ကြတယ်ဆိုပဲ။ အပြောကတော့ “ရွှေမန်း” ပဲ ကိုးဗျာ။ “ကြိုက်ရာရွေးလို့ ဝယ်…ဝယ်…ဝယ်ဝယ်…ဈေးတော့ မဆစ်နဲ့ကွယ်” ဆိုတဲ့ သီချင်းနဲ့တင် အဲဒီပွဲခင်းတစ်ခုလုံး ပြီးပြီ ဆိုတဲ့ ကာလပေကိုး။ “အမေကြီးအို ဦးအောင်စိန်” ရဲ့ အရွှမ်းနဲ့ “ဗကဦးဓါတ်ရှင်တို့ ဝန်းရံထားတာက ပိုသေး။ ဆရာတို့ ဘယ်လောက် ပီတိတွေ ကျနေကြမလဲဗျာ။ ပွဲလည်းသိမ်းရော သူလိုကိုယ်လို ဟုတ်ဟန်မတူတဲ့ ရွာသားကြီးတစ်ယောက်က (စွမ်းအားရှင်၊ မ-ဘ-သ၊ အထူးရဲ၊ တာဝန်လက်ပတ်နီ၊ သန္ဓေမီးသတ် တို့နဲ့ မရောပါနဲ့ ဆရာ၊ ဒီကာလက အလွန်ဆုံးပေါ်လှ “ကင်းထောက်” ပေါ့လေ) ဒီလို […]