black chawJune 5, 20121min45241
ဒီရက်ပိုင်း ကွယ်လွန်သွားခဲ့ပြီးတဲ့ အနုပညာရှင် တစ်ယောက်အကြောင်းကို အမှတ်တရ ရေးချင်လွန်းလို့ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ကြိုတင် အားထုတ်ခဲ့ပါတယ်။ အားလပ်တဲ့ အချိန်အနည်းငယ်လောက်ကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲသွားပြီး မဂ္ဂဇင်းအဟောင်းတွေ ပြန်ရှာ၊ အချက်အလက်တွေ ပြန်စုဆောင်း၊ နည်းနည်း ခြင်းရေးနေခဲ့ရာက တော်တော် ကြီး ခရီးရောက်လာခဲ့ပြီးမှ ကျွန်တော့် လက်ပ်တော့ လေးက ရောဂါ အမည်မဖေါ်နိုင်ပါပဲ ဆိုင်ပို့လိုက်ရပြန်တော့ ရေးခဲ့သမျှတွေ အားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် အင်မတန်လေးစားခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာမို့ ရေးလို့ရသလောက်လေးတော့ အမှတ်တရ ပို့စ်တစ်ပုဒ်အနေနဲ့ ရေးတင်လိုက်ပါတယ်ဗျာ..။ ကဗျာဆရာ တေးရေးဆရာ မောင်သစ်မင်း ကို ဆိုလိုတာပါ ဗျာ…။ ဒီနေ့ ၅-၆-၂၀၁၂ မှာ ဆရာ မောင်သစ်မင်း ကွယ်လွန်တာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ…။ မောင်သစ်မင်းဟာ […]