Ma MaFebruary 28, 20163min38317
လွန်ခဲ့တဲ့ ၄နှစ်လောက်က (၁၊ ၅၊ ၂၀၁၂)  မေဒေးနေ့မှာ သီတဂူသုမေဓာဆေးရုံ (အစုကြီးကျေးရွာ) ကို ရွာသူားတွေ စုပေါင်းပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းနိုင်ခဲ့ကြပါတယ်။ ရွာ့အလှူမြင်ကွင်း တစွန်းတစ   ရွာသူားတွေ စည်းစည်းလုံးလုံး တက်တက်ကြွကြွရှိခဲ့ကြတာကို အောက်မေ့သတိရမိပါတယ်။     ရွာသူားတွေရဲ့ စုပေါင်းအလှူ ပြီးတဲ့နောက် ၁နှစ်လောက်အကြာ ၂၃ ၊၄၊ ၂၀၁၃ မှာ ဆေးရုံဖွင့်ပွဲကို ပြုလုပ်နိုင်ခဲ့ပါတယ်။ သီတဂူသုမေဓာ ဆေးရုံဖွင့်ပွဲ ဖိတ်ကြားလွှာ ဆေးရုံဖွင့်ပွဲလုပ်ပြီးပေမယ့် အဆောက်အဦတွေသာရှိပြီး တာဝန်ကျဆရာဝန်  မရသေးတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အချိန်ပြည့် မပေးနိုင်ခဲ့ပဲ အလျဉ်းသင့်သလို လာရောက်ကြတဲ့ အဖွဲ့အစည်းတွေရဲ့ ပြုစုကုသမှုကိုသာ ရရှိခဲ့ကြပါတယ်။     လွန်ခဲ့တဲ့ ၄လလောက်ကစပြီး ဆရာဝန် ၂ဦး၊ သူနာပြု ၂ဦး ရောက်ရှိလာပြီဖြစ်လို့……….   […]


Ma MaMarch 29, 20131min46928
မနှစ်က (၁၊ ၅၊ ၂၀၁၂)  မေဒေးနေ့မှာ ရွာသူားတွေ စုပေါင်းပြီး ကို်ယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြတဲ့ သီတဂူသုမေဓာဆေးရုံ (အစုကြီးကျေးရွာ) ကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ ဘာလိုလိုနဲ့ တစ်နှစ်နီးပါးတောင် ကြာခဲ့ပါပြီ။ ကျေးလက်လူထုကျန်းမာရေးအတွက် အကျိုးပြုဖို့ အားယူနေတဲ့ တည်ဆောက်ဆဲ ဆေးရုံလေးကို လူအင်အားအများကြီးလိုက်ပါပြီး  လှူဒါန်းပံ့ပိုးပေးခဲ့မှုကို ဦးဆောင်သူ ဆရာတော်နဲ့ ရွာခံများက လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြောင်းနဲ့ ဖွင့်ပွဲကျရင် လာကြစေချင်ကြောင်း ပြောပြကြပါတယ်။ လွန်ခဲ့တဲ့ ၂လလောက်ကတည်းက ဆေးရုံဖွင့်ပွဲအကြိုအနေနဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သွားကျန်းမာရေး၊၊ မျက်စေ့ဆေးခန်းနဲ့ အထွေထွေရောဂါကုသမှုတွေကိုတတ်နိုင်သလောက် ဆောင်ရွက်နေကြပါတယ်။ တရားဝင်ဆေးရုံဖွင့်ပွဲကို ၂၃ ၊၄၊ ၂၀၁၃ အင်္ဂ ါနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဆေးရုံဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဖွင့်ပွဲနေ့မှာပဲ ဆေးဝါးကုသမှုတွေပြုလုပ်ပေးမှာဖြစ်ပါတယ်။ မျက်စေ့ခွဲစိတ်ကုသပေးမှာဖြစ်လို့ ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ မျက်စေ့ဝေဒနာရှင်များအနေနဲ့ အခုကတည်းက […]


Ma MaMay 2, 20121min63646
ဒီနေ့မနက် ၃း၃ဝ ကတည်းက နိုးနေတယ်။ (နိဗ္ဗာန်ဆော် ဘကြီးပု ရွာထဲကနေ နှိုးဆော်လို့ ထင်တယ်။) 😀 အလှူအတွက် ယူသွားဖို့ လှူဖွယ်ပစ္စည်းတွေ၊ လမ်းမှာ စားဖို့သုံးဖို့ ပစ္စည်းတွေ စုထားလို့ ကားသမားကို မနက် ၅း၃ဝ အိမ်မှာလာခေါ်ဖို့ မှာထားပါတယ်။ စုရပ် ၁ (မြေနီကုန်း ဒဂုံစင်တာ ၂) ကနေ ၆းဝဝ နာရီ စထွက်နိုင်ဖို့ ကြိုခေါ်ထားကာမှ ကားက ဘီးလဲနေလို့ဆိုပြီး အချိန်မီ ရောက်မလာပါဘူး။ လူအများနဲ့ သွားတဲ့ခရီးလည်း ဖြစ်ပြန်၊ အသွားအပြန်အတွက် အချိန်ကို မှန်းဆပြီး တွက်ထားတာလည်းဖြစ်လု့ိ အချိန်နောက်ကျမှာကို စိုးရိမ်မိပါတယ်။ အဲဒါကြောင့် ကားကို အိမ်ကစောင့်ပြီး ပစ္စည်းတင်မယ့် အစီအစဉ်ကို ဖျက်ပြီး အချိန်ကုန်သက်သာအောင် စုရပ် ၁ ကိုပဲ […]


ဆူးMarch 11, 20123min1730286
သီတဂူ သုမေဓာ ဆေးရုံကြီး ဖြစ်ပါသည်။ ပန်းတနော် မြို့မှ ကားဖြင့် ဆက်သွားမယ် ဆိုလျှင် နာရီဝက်ခန့် မောင်းနှင်လျှင် ရောက်ရှိမည် ဖြစ်ပါသည်။ ရန်ကုန် မှ ပန်းတနော် ကိုတော့ လမ်းခရီး ကြာချိန် ၂နာရီ မောင်းနှင်လျှင် ရောက်ရှိနိုင်ပြီးတော့ နေ့ချင်းပြန် ခရီးဖြင့် သွားနိုင်ပါသည်။ ယခု လက်ရှိမှာတော့ ဆေးရုံကြီးဟာ ဆောက်လုပ်ရေး လုပ်ငန်းများ အပြီးတိုင်အောင် မပြီးစီးသေးပေမဲ့ လုပ်လက်စ လုပ်ငန်းများ ကို မြို့ခံ မြတောင် ဆရာတော်၏ ကြီးကြပ် ကွပ်ကဲမှုနှင့် ကျောင်းနေ ရဟန်း သံဃာတော်များ ရွာခံ ရွာသားများက လုပ်အားပေး ကူညီနေကြပါတယ်။ အဆောက်အအုံအတွက် ကြီးစွာသော အထောက်အပံ့ကို သီတဂူ ဆရာတော် ဦးဆောင်ပြီး လှူဒါန်းခြင်း ဖြစ်ပါသည်။ […]